2

81 10 0
                                    

ပန်းစည်းတွေ ပြင်ဆင်ပြီးတော့ Deli ကို အပ်စရာရှိတာအပ်ပြီး အနီးအနားက
order တွေကိုတော့ ကိုယ်ကိုတိုင်ပဲ လိုက်ပို့ဖို့
စီစဉ်ထားတာမလို့ order တွေလိုက်ပို့ဖို့ ခြံထဲကနေထွက်လာခဲ့လိုက်တယ်။

စက်ဘီးစီးရတာ ကြိုက်တဲ့ ကျွန်မ အတွက် စက်ဘီးနဲ့ သွားဖို့သာ ပြင်နေမိတယ် ။ ဒီနေ့တော့ ကျွန်မ တစ်ယောက်တည်းမဟုတ်ပဲ
သူပါပါသည်။ ရှေ့က ခြင်းထဲ ပန်းစည်းနှစ်စည်းကို ထည့်ထားပြီး တစ်စည်းကတော့ သူမလက်ထဲမှာ ....

သူက အကုန်နီးပါး ပြည့်စုံနေတဲ့ သူဆိုပေမဲ့ စက်ဘီးတော့ မစီးတတ်ဘူးတဲ့လေ။ အဲ့ကျ အနီးအနားကို လိုက်ပို့တဲ့အခါတိုင်း
သူက လိုက်ချင်တယ် ခေါ်ပါဆိုလို့ ဒီနေ့လည်း ကျွန်မ စက်ဘီး အနောက်ခုံကနေ ပန်းစည်းလေးကိုင်ပြီး ပါလာပြန်တယ်လေ။

💭💭 သူဆိုတာကတော့ ' Jennie Kim ' ဆိုတဲ့ အမျိုးသမီးပေါ့....ကျွန်မ သိရသလောက်ကတော့ သူမက အနက်ရောင်ကို
ကြိုက်နှစ်သက်တယ်။ ​တရိစ္ဆာန်လေးတွေကို ချစ်တတ်တယ်။
ကျွန်မအပေါ် နွေးနွေးထွေးထွေး ဆက်ဆံတယ်။

ပြီးတော့ သူမက ကျွန်မထက် ငါးနှစ်ကြီးတယ်ဆိုတာပါပဲ။ကိုယ့်ထက်အသက်ကြီးတဲ့ သူဆို ကျွန်မ သဘောမကျဘူး။ အခုတော့ အသက်ကြီးတဲ့သူဆိုတာတွေထက် သူမကို ကျွန်မ သဘောကျလာမိနေတာ.....

သူမနဲ့ဆိုရင် အရာရာကို မေ့ပျောက်နေစေနိုင်တယ်။ ပျော်ရွှင်မှု့ဆိုတာကို ခံစားမိစေတယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် လိမ်ညာမိနေသေးတာ ကျွန်မအပေါ်ထားတဲ့ သူ့မေတ္တာတွေကို အပြည့်အဝပြန်မကြည့်ပေးနိုင်သေးဘူး....

သေချာတာတစ်ခုကတော့ သူမအပေါ် ကျွန်မ
မသိလိုက်ခင်မှာပဲ အရင်ကထက် ပိုပြီး နွေးထွေးစွာ ပြန်ပြီး ဆက်ဆံပေးနေမိပြီဆိုတာပါပဲ ....💭

အတွေးလေးနဲ့ နင်းလာလိုက်တာ ပို့ရမဲ့ နေရာတွေ ကျော်ကုန်လို့ သူမ သတိပေးမှ လက်တွေ့ဆီ ပြန်ရောက်ပြီး ပို့ရမဲ့နေရာဆီကို ဆက်နင်းလိုက်ရတော့တယ်။

ပန်းစည်းတွေ ပို့ပေးပြီးတော့ ကျွန်မတို့ ဟန်မြစ်ကမ်း နဘေးသို့ သူမကို ခေါ်ပြီး စက်ဘီးမနင်းတော့ပဲ စက်ဘီးကိုတွန်းပြီး
လမ်းလျှောက်ထွက်လာခဲ့လိုက်တယ်။ ဟန်မြစ်နဲ့ ကျွန်မနေတဲ့ နေရာက သိပ်မဝေးဘူးလေ။ အဲ့မလို့လည်း ကျွန်မ ခဏခဏ
လာဖြစ်တယ်။

EndWhere stories live. Discover now