ဆာကူရာမြေဂျပန်ပြည်မှ လေယာဉ်တစ်စင်းဟာ တရုတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မနက်5:00နာရီ ၀န်းကျင်မှာ ဆိုက်ရောက် အလည်လာခဲ့လေပြီ။
နေရောင်ဉီးရဲ့ရောင်နီသန်းပြီးခါစ မိုးလင်းချိန်လေးမှာ ရာသီဉတုသာယာနေတာကြောင့် အမိမြေကို ပြန်ရောက်လာချိန်မှာ သဘာ၀တရားက အေးချမ်းကြည်နူးမူလေးနှင့် သူ့ကိုပထမဆုံးကြိုဆိုနေခဲ့ပြီ။ဒီအမိမြေကိုစွန့်ခွာခဲ့တုန်းကလည်း သယ်ပိုးစရာ ကျောပိုးအိတ်တစ်လုံးနဲ့သာ ထွက်ခွာခဲ့သလို ပြန်လည်ရောက်ရှိလာချိန်မှာလည်း သူ့ကျောထက်မှာ အပိုပစ္စည်းမပါတဲ့ အ၀တ်အိတ်လေးတစ်ခုသာ ပြန်လည်သယ်ဆောင်လာခဲ့တယ်။
"ရှောင်းကျန့်! "
သူလေဆပ်အပြင်ရောက်တာနဲ့ သူရှေ့ကို ကားတစ်စီးရောက်ရှိလာတာ အတိအကျပင်။
"ရှောင်းရှောင်း ! " ×3
ကားပေါ်ကနေ တရောသောပါးဆင်းလာသူတွေက လေးယောက်သော လူရွယ်လေးများ။ နှုတ်ခမ်းထက်မှာ ပြုံးပျော်ရွင်နေကာ မျက်၀န်းတွေက မျက်ရည်ကြည်တွေဝေ့လို့ရယ်ပါ။
"အားလုံးပဲ နေကောင်းကြတယ်နော်"
သူအပြုံးအေးအေးေလးနဲ့ပဲ တည်ငြိမ်စွာပဲ တုံ့ပြန်နှုတ်ခွန်းဆက်တော့ ထိုသူေလးယောက်ရဲ့ သူ့ဆီလှမ်းကာ လာနေတဲ့ ခြေလှမ်းေတွဟာ တုန့်ခနဲ ရပ်တန့်သွားတယ်။ သေချာတာတော့ သူရဲ့ စိမ်းသက်ခြင်းတွေကို မမြင်ဖူးသည့်အရာလို အထူးအဆန်းဖြစ်သွားကြတာ နေမှာပင်။
သူ့ကိုလာကြိုတဲ့ ကားလေးပေါ်မှာ တိတ်ဆိတ်အေးစက်နေတယ်။ တစ်လှိမ့်လှိမ်ပြေးနေတဲ့ ကားဘီးလေးတွေရဲ့ ဉီးတည်ရာကိုသူမသိသလို ဉီးတည်ရာကို မေးလည်းမမေးချင်ပါ။
"ရှောင်းရှောင်း နင်ပြောင်းလဲသွားတယ်"
ဖိန်းဖိန်းရဲ့ပြတ်တောက်တောက် စကားလေးကြောင့် ကားမောင်းနေသူ ရွဲ့ယန် မှအပ ကျန်သူများရဲ့ အကြည့်တွေက ကားမှန်ပြတင်းနားမှာ ထိုင်နေတဲ့ သူ့ဆီကို ရောက်လာခဲ့တယ်။
သူတို့ရဲ့အကြည့်တွေ ရှောင်လွှဲပြီး သူ့အကြည့်တွေကို ကားပြတင်းဆီမှ တဆင့် ကားလမ်းတစ်လျှောက် ရူခင်းတွေဆီသာ ရောက်စေလိုက်တယ်။
ထို့နောက် ထိုရူခင်းတွေဆီက အကြည့်ကိုမလွှဲပဲ သူတိုးညင်းစွာ ပြန်ဖြေလိုက်တယ်။
YOU ARE READING
ice coffee (Ongoing)
Fiksi PenggemarOnly yizhan Not zhanyi Start date.....25.7.22 End date..... လမ်းသင့်လားဗျ? လမ်းသင့်ရင် ဤဆိုင်လေးမှာ ice coffee လေးတစ်ခွက် သုံးဆောင်သွားလှည့်ပါဉီး။