ဒေါက် ဒေါက် ~~~
"ကျန့်ကျန့် မျက်နှာသစ်ပြီးပြီလား ပြီးရင်လာတော့လေ ငါတို့ဗိုက်ဆာလှပြီ"
ရေချိုးခန်းထဲ အချိန်ကြာနေတဲ့သူ့ကို စောင့်ရင်း အတည်ဗိုက်ဆာနေကြပုံရပါတယ်။
"စားနှင့်ကြလေ ငါအခုထွက်ခဲ့မယ်"
"မရပါဘူး ငါတို့က နင်နဲ့အတူ စားဖို့စောင့်နေတာကိုလာခဲ့နော် မြန်မြန်"
မျက်နှာထက်က ရေစက်လက်တွေကို ဘေးတန်းက ချိတ်တွင် ချိတ်လျက်သားတွေ့ရတဲ့ ပုဝါပြာနုနုလေးနှင့်သာ အသာဖိသုတ်လိုက်သည်။ ပုဝါလေးသည် အသစ်ဖြစ်ပုံရသည် ။ သူနှစ်သက်သည့် စတော်ဘယ်ရီရနံ့ အမွှေးနံ့လေးဟာ ပုဝါထက်မှာ သင်းပျံ့လို့နေတယ်။
နဂိုစင်စစ် သူဟာ စတော်ဘယ်ရီကို မနှစ်သက်ပါ။ သို့သော် ထိုသူကတော့ မဟုတ်ပါ သူနှင့်ဆန့်ကျင်ဘက် အသီးအနှံကြိုက်နှစ်သက်လွန်းလှတဲ့ သူ၏ အကြိုက်ဆုံးအသီးဟာ စတော်ဘယ်ရီဖြစ်တယ်။ပထမဆုံး ထိုသူဆီမှ နီးကပ်စွာ သူမြည်စမ်းခဲ့ဖူးသည့် စတော်ဘယ်ရီအရသာကြောင့် သူ၏ အသုံးအဆောင် အချို့နှင့် သူနှစ်သက်သည့် ရနံ့ဟာ စတော်ဘယ်ရီဖြစ်လာခဲ့ရတယ်။ ဟုတ်ပါသည်လေ ထိုအချိန်တွေဟာ သူနှင့် ထိုသူအတွက် စတော်ဘယ်ရီတွေလိုပဲ ချိုမြိန်ခဲ့ရသည်လေ။
"ကျန့်ကျန့်ရေ ...."
"လာပြီ လာပြီ "
..........
"မနက်ဖြန် အချိန်ဇယားထဲမှာ အရေးတကြီးမဟုတ်တာ တစ်ချို့ကို ဖျက်လိုက်"
"ဗျာ ,"
အတွင်းရေးမှူးလေးရဲ့ နားမလည်သလို ပြန်မေးသံကို ကြားတော့ သူ၏ မျက်ခုံးအစုံက အလိုလိုကျုံမိတယ်။ အကြောင်းအရာတစ်ခုကို နှစ်ခါပြန်ပြောရတာမျိုးကို သူမကြိုက်တာကြောင့်ဖြစ်တယ်။
"တောင်းပန်ပါတယ် ဆရာ "
သူ့ဆီမှာ အတွင်းရေးမှူးသက်တမ်းရင့်နေပြီဖြစ်သော ကောင်လေးက သူ့မျက်နှာအရိပ်အကဲကို ကြည့်ပြီး ခပ်မြန်မြန်ပဲ တောင်းပန်စကားဆိုတယ်။
"မနက်ဖြန်ကျရင်တော့ မနက်ပိုင်း အင်္ဂလန်က ရှယ်ယာရှင်ေတွနဲ့ onlineကနေတဆင့် ပြုလုပ်မဲ့ အစည်းအဝေးတစ်ခုကလွှဲရင် အရေးကြီး ကိစ္စ မရှိပါဘူး ဆရာ။ ဟဲနမ်ဘက်က မြို့သစ်စီမံကိန်း အတွက် ဆောက်လုပ်ရေး ပစ္စည်းစာရင်းတွေကတော့ မနက်ဖြန် 10နာရီ ပို့ပေးမယ်ပြောပါတယ်။"
YOU ARE READING
ice coffee (Ongoing)
FanfictionOnly yizhan Not zhanyi Start date.....25.7.22 End date..... လမ်းသင့်လားဗျ? လမ်းသင့်ရင် ဤဆိုင်လေးမှာ ice coffee လေးတစ်ခွက် သုံးဆောင်သွားလှည့်ပါဉီး။