Part-3

1K 153 12
                                    

Part-3

Jin Hyung ကြီး!!!!
သူဘယ်လိုငါ့စီရောက်လာတာတုန်း ငါအိပ်ပျော်သွားပြီးအိမ်မတ်မက်နေတာနေမယ် မနေ့ထဲကsolo Album အတွက်မအားဘူးပြောထားတာမဟုတ်လား အမလေးးးဂင်မ်ဆော့ဂျင်ရေ ခင်ဗျားဆိုတဲ့လူသားကကျုပ်ကိုအရမ်းပြုစားထားတာဘဲခင်ဗျားရဲ့ မလွန်လွန်းဘူးလားဗျာ...

ပြုံးစစလေးလုပ်ကာတွေးနေသည်မို့ ရှေ့မှာရှိတဲ့လူသားလေးကပြူးကြောင်ကြောင် သူကလည်းအိမ်မတ်အထင်နဲ့မလှုပ်မယှက်ကြည့်နေရင်းကမှ အပေါက်ဝတွင် အိမ်မတ်ဘဲဆိုကာ ရှေ့ကပေါက်စလေးကို သိမ်းကျုံးဖက်ပြစ်လိုက်သည်

ရေချိုးဆပ်ပြာနံသင်းသင်းလေးကိုပါရနေသည်မို့ လည်ပင်းနားလေးသို့ ခေါင်းလေးငုံ့ကိုင်းလိုက်ပြီး နှာခေါင်းထိပ်လေးနှင့်ပါတိုးဝှေ့လိုက်ပြန်ရင်း ထိုတအောင့်တော့ရုတ်တရပ်ဆိုသလို ပေါက်စကအငြိမ်သား ခန္တာကိုယ်တစ်ခုလုံးလည်း တောင့်တင်းလို့

အယ်မယ်အိမ်မက်ဆိုပေမဲ့ အပြင်မှာဖတ်နေရသလိုဘဲဟ Hyungကိုယ်လေးက ဆန်မုန့်လေးလိုဘဲ နူးအိနေရော်

အသားယူလို့ကောင်းကောင်းနှင့် ဆက်ပြီးပွေ့ဖက်ထားလိုက်ပါသည် ထိုအခါအကျိုးရလဒ်ကတော့ ကြယ်တွေလတွေခေါင်းကမထွက်ဘဲ ခြေထောက်ကနေထွက်သွားခြင်းပင် ဘယ်နှယ့်အော်ထည့်လိုက်တာ နားလည်းမကန်းရုံတမယ် ခြေထောက်ကြီးကိုပါ ဖနောင့်နှင့်ပေါက်ချသွားသေးတာ ဘုရား ဘုရား ဒါဆိုသူအိမ်မက်မတ်နေတာမဟုတ်ဘူးပေါ့ ကံသီပေလို့ ဒယ်စာကတော့မမိလိုက်

သူအပေါက်ဝမှာမလှုပ်မယှက် မျက်လုံးလေးဝှိုင်းကာ တွေးနေတုန်းပေါက်စတစ်ယောက်ကတော့ သူ့ပခုံးကိုတိုက်ပြီး ကော့"ကော့"နှင့် အဖက်ခံလိုက်ရလို့နှုတ်ခမ်းလေးဆူရင်းက အထဲဝင်သွားလေပြီ

Jin Hyung ကသူ့ကို အခုလိုတွေမထိတထိလုပ်တာမကြိုက် ငြိမ်ခံနေသည့်အချိန်ဆိုတာ ရှားမှရှားသူကလည်းသူဘဲအမြဲလိုက်စချင်နေတာလေ

ပေါက်စက အထဲရောက်သွားတော့ သူ့တိုက်ခန်းအလား ထမင်းစားခန်းထဲ တန်းဝင်သွားပြီး ရေခဲသေတ္တာကိုလှန်လောနေပြီ နေပါအုန်း မွေးနေ့ရှင်အိမ်လာပြီ ဘာလုပ်မလို့လဲ?🥲

The Best Memories with you Where stories live. Discover now