Part-5

761 119 6
                                    

ထို့နောက်ခုံတွင် နေရာတကျသေချာပြန်ပြင်ထိုင်လိုက်ရင်း အခုမှLiveစလွှင့်မည့်အနေအထားသို့ပြန်ပြင်လိုက်သည် Alpacaပေါက်လေးကတော့ ဖယောင်းတိုင်မီးညှိပြီးတာနှင့် ယုန်ဖြူလေးအားသူနဲ့အတူမလှမ်းမကမ်းသို့ယူသွားပြီးသူ့အားကြည့်နေခါ အစီအစဉ်အတိုင်းလုပ်ရန်အတွက်မျက်လုံးလေးတွေကအစအရောင်လတ်နေလေပြီ

ဂျွန်းဂျောင်ကုတို့ဒီတခါလည်းသူ့ထက်၅နှစ်ကြီးသည့်ကလေးလေးအားအလိုလိုက်ဖို့ပြင်လိုက်လေသည်

"အာညော် ယော်ရော်ဘွန်းတို့ အခုLiveကမွေးနေ့အတွက်ပါ အစောလွှင့်ဖို့အတွက်စီစဉ်ထားပေးမဲ့အကြောင်းအမျိုးမျိုးကြောင့်အခုမှဘဲလွှင့်ဖြစ်ပါတော့တယ်..." (သစ်အစ်ဂျင်း🤌)
ပေါက်စသဘောအတိုင်းသရုပ်ဆောင်မှုကိုစတင်ရန်အတွက် သူထို့သို့တဖန်ထပ်ပြောလိုက်ခြင်းပင်

ထိုအခါဆော့ဂျင်မှ ယုန်ဖြူလေးအားကိုင်ကာ ဂျောင်ကုအတွက် မွေးနေ့ဆုတောင်းသီချင်းလေးဆိုရင်အနားသိုရောက်လာခဲ့သည် ဂျောင်ကုကတော့အစောကသူချစ်ရတဲ့ကောင်လေးပြောသည့်အတိုင်းပင်သရုပ်ဆောင်နေလေသည်

ဂျောင်ကုဆိုတဲ့သူစီမှာအရေးအကြီးဆုံးက Hyungတစ်ယောက်ထဲပင် သူ့ရဲ့မိသားစုမှာမောင်နှမတွေကြားအငယ်ဆုံးဖြစ်ခဲ့ပေမဲ့ အဖွဲ့ထဲရောက်လာတဲ့အခါအကြီးဆုံးနေရာသို့ရောက်သွားခဲ့တာ တာဝန်တော်တော်များများဟာ membersတစ်ယောက်စီ ခွဲယူပြီးလုပ်ခဲ့ကြပေမဲ့ hyungကအကြီးဆုံးဆိုသည့် ဂုဏ်ပုဒ်နှင့်အညီ သူတို့အပေါ်အမြဲအလိုလိုက်ခဲ့သည် အငယ်တွေအတွက်အမြဲဦးစားပေးခဲ့သည် ခရီးတွေထွက်ရလို့ ထမင်းဟင်းတွေချက်ရသည့်အခါတိုင်းလည်းJin Hyung ကYoongi Hyung နှင့်အတူအမြဲသည်တာဝန်ကိုယူခဲ့တာ နှစ်ယောက်အတူလုပ်ရတာပေမဲ့ မပင်ပန်းလောက်ဘူးဆိုရင်တောင် အခုက၇ယောက်စာမဟုတ်လား အနည်းနှင့်အများတော့ပင်ပန်းပေအုန်းမည်

ထို့ကြောင့်နောက်ပိုင်း သူပါထိုအလုပ်ကို အမြဲလိုလိုဝိုင်းကူပေးခဲ့သည် မတက်တာတွေရှိသေးရင်တောင်Jin Hyung ကဘေးကနေအမြဲဖေးမပေးတဲ့အတွက်သူ့အတွက်တော့အနှေးနဲ့အမြန်အဆင်ပြေလာတာပေါ့ သူ့အတွက်ဆိုလည်း ငယ်ငယ်ထဲကကိစ္စတော်တော်များများဟာ hyungကူညီခဲ့သည့်အတွက် သူ့ဘက်ကပြန်တောင်းဆိုလာသည့်အခါဘယ်ကိစ္စကိုမှမငြုငြင်ရက်ပါ ဘယ်အရာမဆိုHyung သဘောကျအောင်အမြဲသူဆောင်ရွက်ပေးလိုက်ချင်သည်

The Best Memories with you Where stories live. Discover now