Part-4

782 125 4
                                    

Live လွှင့်ရန်အတွက်အဆင်သင့်လုပ်ပြီးသောအခါဂျောင်ကုမှမွေးနေ့အတွက်စကားတွေပြောနေရင်း တအောင့်ကြာတော့ ဘေဇင်အောက်ကပေါက်စလေးအားခေါ်လိုက်ကာ surpriseလာတိုက်သည့်အလား အသံဆာဆာလေးနှင့်ကုန်းရုံးထရင်း Liveလွှင့်နေသည့်ဂျောင်ကုအနားသို့လာလျှက်သူပါနှုတ်ဆက်လိုက်သည်

ထိုအချိန်တွင်တော့ Liveကြည့်နေကြသည်လူသန်းပေါင်းများစွာဟာအံ့ဩကြီးစွာဖြင့် ဟင်းခနဲဟာခနဲ(မီထိပ်ဆုံးကလေ အသံတွေပါတုန်ပြီးမျက်လုံးထဲအမှိုက်ပါဝင်🥲)

liveစလွှင့်တော့ဂျောင်ကုတိုက်ခန်းမှာမို့အခုလိုအဖွဲ့ဝင်တစ်ယောက်"ပါလာမည်မထင်ခဲ့

ဒါ့အပြင်ဂျောင်ကုနှင့်ဂျင်အားshipနေကြသည့်Jinkookersများစွာဟာလည်း ပါးစပ်အဟောင်းသား ခြေမကိုက်မိလက်မကိုင်မိတွေဖြစ်ကုန်ကာမျက်ရည်တို့ပါကျလာရသည်အထိဝမ်းသာကုန်ကြသည် ဒါသူတို့အတွက်၇နှစ်ကြာမှပြန်ရခဲ့သည်KookJin Liveမဟုတ်လား ရပြန်တော့လည်းဂျောင်မွေးနေ့တွင် ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ သူတို့အတွက်တော့ရွှေတွင်းကြီးတွေ့သွားသလိုပင်
ထိုနေ့အတွက်တော့အိပ်ပျော်ကြတော့မည်မဟုတ်(အဲ့တာလည်းမီဘဲ နောက်နေ့မနက်၁၁နာရီမှအိပ်ပျော်တယ်☺️)

ဂျင်မှနှုတ်ဆက်စကားပြောအပြီး ကိတ်ခွဲရန်အတွက်ဂျောင်ကုအားသတိပေးလိုက်သည်

"ဂျောင်ကုမွေးနေ့ကိတ်ရော် ငါလာတာနောက်ကျသွားလို့မင်းအတွက်ကိတ်မဝယ်ခဲ့လိုက်ရဘူး"

ဟုတ်လည်းဟုတ်သည်ဂျင်ရောက်နေတာ ကြာပြီပေမဲ့ သူလာသည့်အချိန်ဟာ ဘယ်ကိတ်ဆိုင်မှဖွင့်ကြတော့မည်မဟုတ် ကြိုပြီးလည်းအော်ဒါမတင်ထားမိသည့်အတွက်ဂျောင်ကုစီ စပျစ်သီးပုံးလေးမပြီသာလာခဲ့လိုက်ရသည့်အဖြစ်

ထိုသို့မေးလိုက်တော့ ဖုန်းရှေ့ကထိုင်ခုံတွင်ထိုင်နေသည့်ဂျောင်ကုမှ

"ရတယ်Hyung ကျွန်တော့စီကိတ်ဝယ်ထားပြီးပြီ အဆင်သင့်ခွဲရုံဘဲ"

ဆော့ဂျင်မျက်ခုံးလေးနှစ်ဖက်တွန်ချိုးသွားပြီး နှုတ်ခမ်းလေးပါဆူလိုက်သည် အမှန်ကသူဒီနေ့ဂျောင်ကုကိုရစ်ချင်နေတာ မွေးနေ့အတွက်ည၁၂ထိုးပြီးပြီးချင်း wishပေးထားတာကိုလည်း အဖက်လာမလုပ် အမှန်ဆိုသူကျေးဇူးတင်ကြောင်းတော့လာပြောသင့်တယ်မဟုတ်လား အခုတော့သူအဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂျောက်ကုသူ့ကိုပြစ်ထားတာ မကျေနပ်သေးပါ Liveပြီးရင်အများကြီးရစ်ပြစ်အုန်းမည်ဟုတွေးရင်းစကားပြန်စလိုက်ကာ

The Best Memories with you Where stories live. Discover now