အလုပ်ရှုပ်နေခဲ့တာကြောင့် သူ jungkook နဲ့မတွေ့ရတာ တစ်ပတ်ပင် ပြည့်တော့မည် ။ တက္ကသိုလ်ကျောင်းသားဘဝက ပျော်ရမယ်ဆိုပေမဲ့ သူ့လို အနုပညာလောကထဲ ခြေချမဲ့လူကတော့ အားလပ်မနေ ။ မိဘတွေရဲ့ ခွင့်ပြုချက်ကိုလဲ ရထားပြီမို့ Taehyung ဒီလောကထဲကို ခြေစုံပစ်ဝင်နိုင်လေပြီ ။
Jungkookလဲတက္ကသိုလ်တက်ရင်း သူ့အဖေရဲ့ ကုမ္ပဏီကိစ္စတွေကို လေ့လာနေရသည် ။ အလုပ် နဲ့ ကျောင်းနဲ့ လုံးနေတာကြောင့် သူ့ဆီ phone တောင်မဆက်နိုင် ။ သူလဲတော်တော် မအားတာမို့ ဖုန်းမဆက်နိုင်နဲ့ ၂ယောက်သား တစ်ပတ်လောက်ဝေးနေကြသည်ပင် ။
ခြေလှမ်းမှန်သောကြောင့် တဖြေးဖြေးနာမည်ရလာသော Taehyung က ထုတ်လုပ်သူတွေအတွက် သိပ်ကို သဘောကျစရာကောင်းလာတဲ့ သရုပ်ဆောင်သစ်လေးဖြစ်လာသည် ။ သူ ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်မချုပ်ရသေးပေ , jungkook နည်းတူ မိဘကုမ္ပဏီလက်ပြောင်းယူရမဲ့ Shin လဲ စီးပွားရေးလောကထဲ ခြေချစ ပြုနေပြီဖြစ်၏ ။ အလားအလာကောင်းလှသော သူ့လို တက်သစ်စသရုပ်ဆောင်ကို Shin က လက်မလွတ်ချင် , လူသစ်ရှာဖွေရေးဒါရိုက်တာနေရာကို ယာယီယူထားသော Shin က သူ့ကို မက်လုံးများစွာပေးလာကာ စာချုပ်ချုပ်ဖို့ ကြိုးစားလာတော့သည် ။
Shin တို့ ကုမ္ပဏီသည် သရုပ်ဆောင်တွေအလုပ်တွဲလုပ်ချင်လှတဲ့ နာမည်ကြီးဖြစ်သည် ။ Shin အမေဖြစ်သူ Ms.Kim သည် ထက်မြက်လှသူဖြစ်ကာ စီးပွားရေးနယ်ပယ်တွင် ပါးနပ်ကျွမ်းကျင်သည် ။ အမေခြေရာနင်းသော Kim Shin သည်လည်း ခြွင်းချက်မရှိ , သူမ အမေဖြစ်သူ ဘယ်လောက်တောင် သမီးဖြစ်သူအပေါ် တင်းကျပ်ထားမှန်း Taehyung ကြည့်တာနဲ့တင် သဘောပေါက်သွားသည် ။
" Taehyung , နင့်အတွက် အကျိုးအမြတ်များစေရမယ်လို့ ငါ အာမခံတယ် ၊ နင်လဲသိတဲ့အတိုင်း ငါတို့ကုမ္ပဏီက ဘယ်သရုပ်ဆောင်ကို မျက်နှာလွှဲခဲပစ် လုပ်ဖူးလို့လဲ ? "
Taehyung သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်မိသည် ။ အသက် ၁၉ ၂၀ သူနဲ့အသက်တူတူလောက်ပဲရှိသည့် Shin သည် လူငယ်ဆန်သလောက် တစ်ချိန်တည်းမှာပဲ လိမ္မာပါးနပ်တဲ့ စီးပွားရေးသမားနဲ့ တူနေပြန်တယ် ။ ခန္ဓာကိုယ် ကောက်ကြောင်းကို ပေါ်လွင်စေသော ကိုယ်ကြပ်ဂါဝန်တိုနဲ့ နီရဲနေသော နှုတ်ခမ်းနီ , ပြီးတော့ ကျောပေါ်ဖြန့်ချထားတဲ့ အနက်ရောင် ဆံပင်လိပ်တွေ ။ သူ အထက်တန်းပထမနှစ်တုန်း စတွေ့ခဲ့ပြီး သူ့ချစ်သူနဲ့အတူ ကျောင်းကို ပြောင်းပြန်မှောက်တတ်တဲ့ ထိုမိန်းကလေးသည် ဒီလိုလှပကာ ထက်မြက်သော မိန်းမပျိုလေးအဖြစ် ပြောင်းလဲလာခဲ့၏ ။
YOU ARE READING
My Man is A Bad Guy (Zawgyi And Unicode )
Romance" ခင်ဗျား ကျွန်တော်နဲ့ ဝေးဝေးနေ !! ခင်ဗျား မျက် နှာကြီးကို မြင်ရင်လေ အဲ့ §ခွက်ကြီးကို စုတ် ပြတ်သတ်အောင် ထိုးပစ်ချင်တာ " Kim Taehyung " ဘယ်လိုလုပ်မလဲ , ကိုယ်က Baby ဘေးနားမှာ ပဲ နေချင်တာ , ပြီးတော့လေ Baby နှုတ်ခမ်းရဲရဲ ေ...