ခမ်းနားလွန်းတဲ့ စံအိမ်ကြီးအတွင်း ကောင်မလေးတယောက်ရဲ့ အသံက စူးခနဲ ထွက်ပေါ်လာသည်...
Shin:" အန်တီ , Jungkook ရော ? "
Mon:" သမီးရေ , နင့် သူငယ်ချင်း နိုးတောင် နိုးသေးရဲ့လား မသိဘူး "
Shin:" ဟာ !! ဒီကောင်ကတော့ , "
Kim Shin တစ်ယောက် တဒုန်းဒုန်းနဲ့ အိမ်ပေါ်ထပ်က အခန်းဆီ ဦးတည်သွားတော့သည်...
Jeon Jungkook ဆိုတာက ဒီစံအိမ်ကြီးရဲ့ သခင်လေး... Jungkook ဘယ်လောက်ပဲ အိပ်ရာထ နောက်ကျ ပါစေ ... ဘယ် Maid မှ သွားမနှိုးရဲ.. အကြောင်းရင်းကတော့ သခင်လေး Jungkook က စိတ်ဆတ်သည်...
စိတ်ထင်ရင် ထင်သလို လက်ပါတတ်တာကြောင့် ဘယ် maid မှ အနားမကပ်ရဲသော...
သခင်ဆိုးလေးတစ်ယောက်...
သခင်လေး Jeon jungkook ကို နိုင်တာဆိုလို့ သခင်မလေး Kim Shin တစ်ယောက်သာ ရှိလေသည်...
အခုလည်း တဒုန်းဒုန်းနဲ့ တက်လာသော သခင်မလေး Kim Shin ကြောင့် maid တွေ အလိုလို လမ်းဖယ်ထားပြီးသား...
တံခါးမကြီးကို ၀ုန်းခနဲ ဆွဲဖွင့်သံနှင့်အတူ Shin ၏ အသံစူးစူးက ကပ်ပါလာသည်...
Shin :" Jeon Jungkook !!! "
Jk:" .... "
တုပ်တုပ်တောင်မလှုပ် , ကိုယ်တော်က ကုလားသေ ကုလားမော အိပ်ပျော်နေသည်.. အမြင်ကပ်မှု ပုဒ်မတွေနဲ့ သူ့အိပ်ရာပေါ် တက်ခွကာ ခေါင်းအုံးတစ်လုံးနဲ့ မျက်နှာကြီးကို တည်ရိုက်တော့သည်လေ...
ပါးစပ်ကလည်း..
Shin:" သေမလို့ အဲ့လောက်တောင် အိပ်နေတာလား ? "
Shin:" ဆင်နင်းရင်တောင် ပြားသေမဲ့ ကောင် "
တဖုန်းဖုန်း တအုန်းအုန်း ထုသောကြောင့် Jungkook တယောက် ဆက်မအိပ်နိုင်တော့...
Jk:" Shin !! တော်တော့ , တော်တော့ !! ငါ ထပါပြီဟ "
Shin:" မြန်မြန်ထ , ပြီးရင် ရေမိုးချိုးခဲ့ , နေ့တိုင်း နင့်ကို လာနှိုးနေရတာ ငါ့အသံတွေ ၀င်တော့မယ် , သေခြင်းဆိုးရဲ့ "
YOU ARE READING
My Man is A Bad Guy (Zawgyi And Unicode )
Romance" ခင်ဗျား ကျွန်တော်နဲ့ ဝေးဝေးနေ !! ခင်ဗျား မျက် နှာကြီးကို မြင်ရင်လေ အဲ့ §ခွက်ကြီးကို စုတ် ပြတ်သတ်အောင် ထိုးပစ်ချင်တာ " Kim Taehyung " ဘယ်လိုလုပ်မလဲ , ကိုယ်က Baby ဘေးနားမှာ ပဲ နေချင်တာ , ပြီးတော့လေ Baby နှုတ်ခမ်းရဲရဲ ေ...