ဆူညံနေသော အသံတွေကြောင့် jungkook အိပ်ရာကနေ ကုန်းရုန်းထလိုက်သည် ။ အိပ်ချင်မူးတူးနဲ့ နာရီကို လှမ်းကြည့်လိုက်တော့ နေ့လည် ၁၁နာရီအတိ ။ ညက ချစ်သူလေး နဲ့ စကားပြောနေတာမို့ မနက် ၄နာရီထိုးမှ အိပ်ပျော်သည် ။ ခေါင်းအုံးဘေးနားမှာ ရှိတဲ့ phone ကို လှမ်းယူကာ Taehyung ဆီ စာလှမ်းပို့လိုက်သည် ။
" Morning အလှလေး "
မိနစ်အနည်းငယ် ကြာတဲ့အထိ စာပြန်မလာတာကို ကြည့်ရတာတော့ သူ့ ကောင်လေး အခုထိ အိပ်နေတုန်း ထင်ပါရဲ့ ။
" သခင်လေး ,သခင်မကြီး နှိုးခိုင်းလိုက်လို့ပါ "
ပိတ်ထားတဲ့ တံခါးဆီကနေ အသံကြားလိုက်ရတာမို့ သူ အိပ်ရာကနေ ထလိုက်သည် ။ အိပ်ရာထကာစ ဆံပင် နှင့် ဖရိုဖရဲ ဖြစ်နေသော ညအိပ်ဝတ်စုံက ရင်ဘတ်က ဟနေသေးသည် ။
" ကျွန်တော် နိုးပြီ "
သူ တံခါးဖွင့်ကာ ထိုလူကို အကြောင်းပြန်လိုက်သည် ။ ဆူညံနေတာကြောင့် သူ ခပ်မြန်မြန်ပဲ အောက်ထပ်ကို ဆင်းသွားလိုက်၏ ။ အလုပ်ပိတ်တဲ့ရက်မို့လို့ Daddy လဲ အိမ်မှာရှိနေလေသည် ။ Mommy ကတော့ လက်ညိုးထိုးကာ ဟိုပစ္စည်းရွေ့ခိုင်း ဒီပစ္စည်းရွေ့ခိုင်းနဲ့ အလုပ်ရှုပ်နေ၏ ။ သူ ဆင်းလာတာတွေ့တော့ mommy က ပြုံးကာ မေးလာသည် ။
" သားလေး ,မျက်နှာ သစ်ပြီးပြီလား ? ရေမျိုးချိုးပြီး မနက်စာ လာထွက်စား mommy အသင့်ပြင်ပေးထားတယ် "
" Mom, ဒီနေ့ ဘာနေ့မို့လို့ အလုပ်တွေရှုပ်နေတာ ? "
ဧည့်ခန်းက ဆိုဖာပေါ်မှာ သူ ဝင်ထိုင်ရင်း မေးလိုက်မိသည် ။
" မင်း အစ်ကို ဒီနေ့ပြန်လာလိမ့်မယ် "
Daddy ပြောလိုက်တဲ့ စကားကြောင့် အိပ်ချင်မူးတူးစိတ်လေးပါ ပျောက်သွားရသည် ။ သူ မှတ်မိသလောက်ဆို အစ်ကို ပြန်လာဖို့က ၂လလောက် လိုသေးသည်မလား ။
" ဘာလို့ အဲ့လောက်တောင် မြန်မြန် ပြန်လာရတာလဲ "
" ရုံးခွဲကို မင်းဦလေးကို လွှဲလိုက်ပြီ , Jaemin ကို ဒုက္ကဌနေရာပေးဖို့ အချိန်ရောက်ပြီလေ "

YOU ARE READING
My Man is A Bad Guy (Zawgyi And Unicode )
Romance" ခင်ဗျား ကျွန်တော်နဲ့ ဝေးဝေးနေ !! ခင်ဗျား မျက် နှာကြီးကို မြင်ရင်လေ အဲ့ §ခွက်ကြီးကို စုတ် ပြတ်သတ်အောင် ထိုးပစ်ချင်တာ " Kim Taehyung " ဘယ်လိုလုပ်မလဲ , ကိုယ်က Baby ဘေးနားမှာ ပဲ နေချင်တာ , ပြီးတော့လေ Baby နှုတ်ခမ်းရဲရဲ ေ...