အထက်တန်း တတိယနှစ် ၏ နောက်ဆုံးစာမေးပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည် ။ ကျောပေါ်မှာ တင်ထားတဲ့ ဝန်ထုတ် ဝန်ပိုး ကြီး ကျသွားတာမို့ Jungkook ပေါ့ပါးစွာ ပင် ကျောင်းပြင်သို့ ထွက်လာခဲ့သည် ။ ဆူညံနေသော ကျောင်းသား ကျောင်းသူတွေကြားက တစ်စုံတစ်ယောက်ကို သူ စောင့်နေမိသည် ။လာပါပြီ , ဘာသာရပ်တွေကို အောင်မြင်စွာ ဖြေနိုင်ခဲ့ပုံရသည့် ထိုလူသားလေးက မြောက်ကြွကြွနဲ့ ။ စာမေးပွဲမှာ ဘယ်လိုရလဒ် ထွက်လာမည်ကို jungkook စိတ်ဝင်မစားပါ , သူ စိတ်ဝင်စားသည်က Taehyung ဆီက အဖြေသာ ဖြစ်သည် ။ ခုန်ပေါက်ကာ သူ့ဆီပြေးဝင်လာသော ထို ဝက်ဝံပေါက်စ လေးကို သူ လက်မောင်းဖွင့်ကာ ကြိုဆို မိ၏ ။ Taehyung က နှင်းတွေထူနေတဲ့ နေ့မှာ ထွက်လာတဲ့ နေလုံးလေးလိုပဲ , နွေးထွေးပြီး သူ့အတွက် သက်တောင့်သက်သာ ဖြစ်စေတယ် ။
" Jungkook , စာမေးပွဲဖြေနိုင်... "
" ဘယ်နေ့တွဲမှာလဲ ? ဒီနေ့လား ? မနက်ဖြန်လား ? "
" လူတွေရှိနေတာကို ဘယ်လိုဖြစ်နေတာလဲ Jungkook "
ခပ်စစ လက်သီးတစ်လုံးက သူ့ရင်ဘတ်ကို လာထုကာ ထို လူသားလေးက ငြိမ်ကျသွားသည် ။ သူ ရင်ထဲ နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားရသည် ။ တွဲဖြစ်ရင်တောင် Taehyung က သူ့ကို လူကြားထဲ ချပြချင်တဲ့ပုံမရ ၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် Taehyung အနားမှာ နေရရင်ကို သူ ကျေနပ်ပြီဖြစ်တာမို့ ။ မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့နေတဲ့ Jungkook တစ်ယောက် ခွေးပေါက်ကလေးလို အတော့်ကို သနားစရာကောင်းနေခဲ့သည်ပင် ။
" အဲ့တာဆိုလဲ အိမ်ရောက်မှ ... "
Jungkook စကားမဆုံးလိုက် , သူ့နှုတ်ခမ်းတွေကို တပ်တပ်မက်မက် နမ်းရှိုက်လာတာကို ခံစားလိုက်ရသည် ။ သူ့ ပါးနှစ်ဖက်ကို ထိုလက်ချောင်းလှလှလေးတွေက အုပ်ကိုင်ထားပြီး နှုတ်ခမ်းနွေးနွေးလေးက jungkook ကို အာရုံတွေထွေပြားသွားစေတယ် ။ သေချာကြည့်မယ်ဆို အရပ်အနည်းငယ်ကွာတာကြောင့် ထောက်ထားတဲ့ ခြေဖျားလေးကိုပါ မြင်ရပါလိမ့်မည် ။
ESTÁS LEYENDO
My Man is A Bad Guy (Zawgyi And Unicode )
Romance" ခင်ဗျား ကျွန်တော်နဲ့ ဝေးဝေးနေ !! ခင်ဗျား မျက် နှာကြီးကို မြင်ရင်လေ အဲ့ §ခွက်ကြီးကို စုတ် ပြတ်သတ်အောင် ထိုးပစ်ချင်တာ " Kim Taehyung " ဘယ်လိုလုပ်မလဲ , ကိုယ်က Baby ဘေးနားမှာ ပဲ နေချင်တာ , ပြီးတော့လေ Baby နှုတ်ခမ်းရဲရဲ ေ...