[ U N I C O D E ]
လူတစ်ရပ်အကျော် ခြံတံခါးကို တွန်းဖွင့်လိုက်လျှင် ကျောက်စရစ်တုံးလေးတွေ အစီအရီဖြင့် ပုံဖော်ထားသည့် လျှောက်လှမ်းက တစ်ထပ်တိုက် လုံးခြင်းအိမ်၏ အဝင်တံခါးဝမှာ အဆုံးသတ်သည်။
လက်နှစ်ဖက် အပြည့်ဆွဲလာတဲ့ အိတ်နှစ်လုံးကို လက်တစ်ဖက်တည်း စုကိုင်ကာဖြင့် passwordနှိပ်ကာ အိမ်တံခါးပွင့်လာခြင်း၏နောက် ဤနေရာဤဒေသလေးသည်က အမျိုးသားထံမှ လက်ဆောင်ရရှိထားသည့် ဘဝတစ်ဆစ်ချိုး အကောင်းဆုံးလက်ဆောင်မွန်ပါပေ။
'' ပြန်လာပါပြီ ''
Kyungsooအသံကြောင့် ခြေတုပ်လက်တုပ်လေးတွေနဲ့ လုံးကစ်နေသည့် သမီးဖြစ်သူက အမျိုးသားစီးနှောင်ထားပေးသည့် နှဖူးထိပ်က ကြက်တောင်စည်းကလေးကို လှုပ်ယမ်းနေအောင်ခုန်ဆွကာ Kyungsooဆီပြေးလာရင်း အဖေဖြစ်သူရဲ့ခြေသလုံးကို ကုပ်တွယ်တော့မှာ။
သမီးဖြစ်သူက သူ့ဆီအရင် ရောက်မလာသေးခင် အစောတုန်းက ဧည့်ခန်းမှာရှိမနေတဲ့ အမျိုးသားဖြစ်သူက မီးဖိုခန်းထဲကနေ ခြေလှမ်းကျယ်ကြီးတွေဖြင့် သူ့ဆီလျှောက်လာကာ လက်တစ်ဖက်တည်းဆွဲထားသည့် အထုပ်နှစ်ထုပ်ကို သူ့လက်ထဲသို့ ပြောင်းယူလိုက်ချေသည်။
'' အာ ~ ပါး ''
'' ပြန်လာပါပြီဗျ ''
Kyungsooက သမီးကိုကောက်ပွေ့လိုက်တော့ သမီးရဲ့လက်ဖောင်းဖောင်းလေးတွေက သူ့ရဲ့လည်ပင်းကို ဖက်တွယ်လာခဲ့သည်။ ပြီးတော့ Kyungsooရဲ့ ပုခုံးကြားထဲကို ခေါင်းလေးထိုးကာ နှာတရှုံ့ရှုံ့ဖြင့် အနံ့ခံနေပြန်သေး၏။
Kyungsooရဲ့ လည်ပင်းသားထဲ နှာခေါင်းနှစ်ကာ တရှုံ့ရှုံ့လုပ်တတ်တာကတော့ သားအဖနှစ်ယောက်စလုံးရဲ့ အကျင့်တူစရိုက်တွေပင်။ သေချာပေါက် ဒယ်ဒီKim Jonginဆီကနေ အမွေရခဲ့တဲ့ အကျင့်တွေထဲက တစ်ခုပါလေ။
'' အာ ~ ပါး ''
နေ့လည်စာချက်ဖို့ နာရီဝက်လောက် စျေးထွက်ဝယ်တာကို သမီးဖြစ်သူက မျက်နှာငယ်လေး လုပ်ပြနေတာ သူ့အဖေကို လွမ်းပါသတဲ့ေလ ။တကယ့်အချွဲ။ သူ့ဒယ်ဒီဆီက ရလာတဲ့ အမွေပေါ့။
YOU ARE READING
𝙆𝙄𝙈 𝙆𝙮𝙪𝙣𝙜𝙨𝙤𝙤
Fanfictionဆယ်စုနှစ်ကျော်အကြာ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းပြီးတဲ့နောက်မှာတော့ အမျိုးသားအဖွဲ့ဝင်နှစ်ဉီးက လက်ထပ်ခဲ့ကြပြီး အနုပညာလမ်းကြောင်းပေါ်ကနေ ရပ်တန့်လိုက်တဲ့သီတင်းဟာ တောင်ကိုရီးယားတစ်နိုင်ငံလုံးကို ကိုင်လှုပ်သွားေစတော့တယ် -unicode- ဆယ်စုနှစ်ကျော်အကြာ...