Kyungsooပေါင်ပေါ်မှာ အကျအနဇိမ်ယူနေတဲ့သမီးက တီဗွီဖန်သားပြင်ထက် လှုပ်ရှားနေတဲ့ ကလေးသီချင်းထဲက အရုပ်လေးတွေအတိုင်း လုံးကစ်ကစ်ကိုယ်လုံးလေးကို ယိမ်းထိုးကာ ကနေပြီးတဲ့နောက် မောသွားပြီထင်ရဲ့။ အဖေဖြစ်သူရင်ခွင်ထဲ ခေါင်းကလေးမှီကာ အမောဖြေနေရင်း အိပ်ပျော်သွားရှာပြီ။
ရင်ခွင်ထဲကသမီးကို နေရာတကြဖြစ်အောင် ပြောင်းယူကာ ထွေးပွေ့ထားလိုက်သည်။ သမီးရဲ့မျက်နှာအစိတ်အပိုင်းလေးတွေ တစ်ခုခြင်းစီကို အသေးစိတ်လိုက်ကြည့်ရတာ အဖေဖြစ်သူရင်ထဲ ကြည်နူးမှုတွေ အလျှံအပါယ်။ ခက်ခဲမှုကြားက ဖြစ်တည်လာတဲ့ သမီးလေးက Kimမိသားစုအတွက် ရင်နှစ်သည်းချာ ရတနာလေး။ အဖေနှစ်ယောက်ရဲ့ အိုအေစစ်လေး။
သမီးရဲ့ပါးဖောင်းဖောင်းလေးကို မွှေးကြူပစ်ကာ မျက်နှာကလေးကို ကြည်နူးမှုအလုံးအရင်းဖြင့် ကြည့်နေစဉ်မှာ အမျိုးသားက အနားကိုဝင်ထိုင်လာသည်ကြောင့် အမျိုးသားကမ်းလင့်ထားတဲ့ ရင်ခွင်အုပ်ကြီးထဲ မှီတွယ်လိုက်သည်။
၂နှစ်ခွဲအရွယ်သမီးက လုံးကစ်နေတာကြောင့် အရင်ပိစိလေးတုန်းကလို အကြာကြီး ပွေ့ချီမထားနိုင်တော့ပါလေ။ ကြာကြာပွေ့ထားရင် လက်မောင်းနာလာပြီး လက်အံသေသလို ဖြစ်တတ်တာကြောင့် အကြောင်းသိတဲ့အမျိုးသားက Kyungsooကိုယ်ပေါ်မှာ သမီးအိပ်ပျော်သွားပြီဆိုတိုင်း ဘေးကနေ ဝင်ထိုင်ကာဖြင့် Kim Kyungsooကို သူ့ရင်ခွင်ထဲ မှီထားစေတတ်သည်။ အပြင်သွားတဲ့ အချိန်တိုင်လည်း အမျိုးသားကသာ သမီးကိုပွေ့ကာ အနောက်ကလိုက်တာကြောင့် အိမ်ထောင်ဖက်အရကံကောင်းသည့် Kim Kyungsooတို့က ရှေ့ကနေစိတ်အေးလက်အေးနဲ့ ကျော့ကျော့မော့မော့ စျေးဝယ်ရုံသာ။
Jonginက တစ်ခါတစ်လေ Kyungsooရဲ့ ရင်ခွင်ထဲတိုးကာ ကလေးကြီးလို ဆိုးတတ်ပေမယ့် သမီးနဲ့ပတ်သက်လာရင်တော့ Kyungsooတောင် ပြန်လှည့်ကြည့်စရာ မလိုတဲ့အထိပါလေ။ သမီးအပေါ်တင်လားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ Kim Kyungsooကိုဆိုလည်း အရိပ်တကြည့်ကြည့်နဲ့ ကဲသည်းနေအောင် ထားသည့်လူပါလေ။
သူတို့ရဲ့အိမ်ထောင်ရေးက ယောကျာ်းလေး၊ မိန်းကလေး ဆက်ဆံရေးမဟုတ်ပေမယ့်၊ ယောကျာ်းလေးနှစ်ယောက် တည်ဆောက်ထားတဲ့ ဤအိမ်ထောင်ရေးက တစ်ချို့သော ယောကျာ်းလေး၊ မိန်းကလေး ဆက်ဆံရေးထက်ပင် နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပိုမိုခိုင်ခံ့နေသေးသည်။
YOU ARE READING
𝙆𝙄𝙈 𝙆𝙮𝙪𝙣𝙜𝙨𝙤𝙤
Fanfictionဆယ်စုနှစ်ကျော်အကြာ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းပြီးတဲ့နောက်မှာတော့ အမျိုးသားအဖွဲ့ဝင်နှစ်ဉီးက လက်ထပ်ခဲ့ကြပြီး အနုပညာလမ်းကြောင်းပေါ်ကနေ ရပ်တန့်လိုက်တဲ့သီတင်းဟာ တောင်ကိုရီးယားတစ်နိုင်ငံလုံးကို ကိုင်လှုပ်သွားေစတော့တယ် -unicode- ဆယ်စုနှစ်ကျော်အကြာ...