[ U N I C O D E ]
'' အမလေး ပင်းပန်းလိုက်တာ ကျွန်တော့်Hyungရယ်။ အချစ်ကလေးက အကြင်နာပေးမှပဲ ထူထောင်နိုင်တော့မယ်ထင်တယ် ''
'' ငါ ဇွန်းနဲ့လှမ်းမပေါက်ခင် မင်းထလိုက်တော့ ''
ကုမ္ပဏီကေန ပြန်ရောက်လာကတည်းက ရေသွားမချိုးသေးဘဲ ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ပင်ပန်းတယ်ချည်း ထပ်တလဲလဲအော်ကာ ခြေကားယားနဲ့ ပက်လက်လှဲနေသူကို Kyungsooတော်တော် မြင်ပြင်းကပ်နေပြီ။
သမီးကတော့ သူ့ဒယ်ဒီပြန်လာတာနဲ့ ကိုယ်ပေါ်ကုတ်တက်ပြီး အခုတော့အမျိုးသားရဲ့ဗိုက်ပေါ်မှာ ခွလျှက်ကလေး တခစ်ခစ်နဲ့ သဘောကျနေလေရဲ့။
အမျိုးသားက အိမ်ထောင်ဉီးစီးဆန်ချိန်မှာဆို သိပ်ကိုရှိန်စရာကောင်းသလောက် Kim Kyungsooကို ချွဲပြီဟေ့ဆိုလည်း လက်ထဲမှာရှိတာနဲ့တင် ထခေါက်ချင်လောက်အောင် ချွဲနိုင်သူပင်။
'' မနေ့ကချခွဲထားတဲ့ ပန်းကန်တွေ ဝယ်လာခဲ့မယ်ဆိုတာ ပါလာခဲ့လား? ''
'' ပါပါရဲ့ဗျာ...ပါပါရဲ့။ မနက်အိမ်ကထွက်ကတည်းကကို ပန်းကန်ဝယ်ရန်ဆိုပြီး နှဖူးပေါ်စာကပ်သွားတာ။ အကခန်းထဲက မှန်ရှေ့ရောက်တိုင်း မေ့မနေအောင်လို့ ''
ဆိုဖာပေါ်မှာ ပစ်စလက်ခတ်စွာ သမီးနဲ့လုံးထွေးနေတဲ့ ဤအမျိုးသားအား SMမှာသူ့ကိုပြောကြတဲ့ ''စီနီယာKimက ဖက်ရှင်Kingကွ''ဆိုတဲ့ ဆောင်ပုဒ်နဲ့ညီသွားအောင် သူ့ကိုအထင်ကြီးနေတဲ့ Idolတွေကို ပြလိုက်ချင်သေးရဲ့။
'' နှဖူးမှာစာကပ်သွားတော့ မင်းအကသင်ပေးရတဲ့ ကလေးတွေကကြည့်ပြီး မရယ်ကြဘူးလား? ''
'' စကားအဖြစ်ပြောတာလေ ဘေဘီကလည်း ~ ပန်းကန်ဝယ်ဖို့ သေချာမှတ်သွားတယ်ဆိုတဲ့အကြောင်း မောင်ကပြောပြတာ။ ဘေဘီ့စကားကိုကျွန်တော်က အလေးထားပါတယ်ဗျ ''
'' ငါ့ပန်းကန်တွေလည်း မင်းပဲချခွဲတာလေ ''
'' ဘေဘီကလေ ကျွန်တော့်ကိုဆိုဆူဖို့ပဲ ~ အရမ်းဆူ ''
'' ဆူရမယ်။ မင်းလုပ်တာက ဟုတ်မှမဟုတ်တာ ''
'' ကျွန်တော့်ကိုဆို အဲ့လိုကြီးပဲ ''
YOU ARE READING
𝙆𝙄𝙈 𝙆𝙮𝙪𝙣𝙜𝙨𝙤𝙤
Fanfictionဆယ်စုနှစ်ကျော်အကြာ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းပြီးတဲ့နောက်မှာတော့ အမျိုးသားအဖွဲ့ဝင်နှစ်ဉီးက လက်ထပ်ခဲ့ကြပြီး အနုပညာလမ်းကြောင်းပေါ်ကနေ ရပ်တန့်လိုက်တဲ့သီတင်းဟာ တောင်ကိုရီးယားတစ်နိုင်ငံလုံးကို ကိုင်လှုပ်သွားေစတော့တယ် -unicode- ဆယ်စုနှစ်ကျော်အကြာ...