[ 3 ]

240 58 8
                                    

[ U N I C O D E ]

အခုသမီးရဲ့အသက်က၂နှစ်ခွဲ။အသက်၂နှစ် အရွယ်ကတည်းက သမီးကို ထမင်းစားပွဲဝိုင်းမှာထိုင်ပြီး စားတတ်အောင် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးခဲ့တဲ့ အဖေနှစ်ယောက်ကြောင့် Kim Byulကလေးက အသက်၂နှစ်ခွဲမှာ အဖေတွေကိုယ်တိုင် ခွံနေစရာမလိုဘဲ ကိုယ့်ဘာသာစားတတ်နေတဲ့ ကလေးလေးတစ်ယောက် ဖြစ်နေပြီ။

အနုပညာလမ်းကြောင်းပေါ်ကနေ ဖယ်ခွာခဲ့တဲ့ သူတို့နှစ်ယောက်ကြားမှာ Kyungsooအတွက် အကောင်းဆုံးတွေသာ ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသားကြောင့် ဤအမျိုးသားကို တန်ဖိုးကြီးလက်ဆောင်တစ်ခု ပြင်ဆင်ပေးချင်ခဲ့တဲ့ Kyungsooက ဆေးပညာအကူအညီနဲ့ သမီးလေးကို ကိုယ်တိုင်ဆောင်ယူခဲ့တာ။ သူ့အနေနဲ့ အမျိုးသားက ကလေးချစ်တတ်မှန်းသိတာကြောင့် အသွေးအသားရဲ့ ဖြည်တည်မှုလေးကို ဖန်တီးပေးချင်တယ်လို့ ပြောခဲ့တုန်းက အမျိုးသားဟာ အပြင်းအထန်ကို ကန့်ကွက်ခဲ့တာ မှတ်မိခဲ့ပါသေးသည်။ ခေါင်းမာတဲ့Kyungsooကလည်း အမျိုးသားဘယ်လောက်ပင် တားနေပါစေ အခက်အခဲတွေကြားက သမီးလေးကို အမျိုးသားရဲ့ အမောပြေဆေးလေးအဖြစ် ရအောင်ကို ကြိုးစားခဲ့တာ။

သူတို့ရဲ့အသွေးအသားလေး Kyungsooဆီမှာရှိနေပြီလို့ ဖွင့်ပြောခဲ့တဲ့နေ့က အမျိုးသားဟာ ရှိုက်ကြီးတငင် ငိုလေတော့ သူပါ မျက်ရည်ကျခဲ့ပါသေးသည်။ အမျိုးသားရဲ့ စိတ်ပူတဲ့သောကကိုလသူလည်းနားလည်ပါရဲ့။ ဒါပေမယ့်လေ သူ့အတွက်ဆို အကောင်းဆုံးတွေပဲ ဖန်တီးပေးခဲ့တဲ့ အမျိုးသားကို သူ့ဘက်ကလည်း အကောင်းဆုံးသော အရာတွေနဲ့ ပျော်ရွှင်အောင် ထားချင်ခဲ့တာလည်း မမှားဘူး မဟုတ်ပါလေလော။

သမီးမွေးပြီးတဲ့နောက် ကလေးချစ်တတ်ပါသည်ဟုဆိုတဲ့ အမျိုးသားက သမီးထက်အရင် Kim Kyungsooကို အပြေးဝင်တွေ့ပြီး 'ပင်ပန်းသွားပြီ'ဆိုတဲ့ စကားရယ်နဲ့အတူ နှဖူးပေါ်အကြင်နာအနမ်းတို့နဲ့ ထွေးပွေ့နှစ်သိမ့်ခဲ့သေးတာ။

ကလေးတွေနဲ့ လက်ပွန်းတတီး နေဖူးတဲ့အမျိုးသားကြောင့် သမီးကိုထိန်းကျောင်းရာမှာ အထောက်အကူတွေ အများကြီးဖြစ်ခဲ့ပါရဲ့။ အခုမှကလေးသေးသေးလေးကို ကိုယ်တိုင်ကိုယ်ကျ ပွေ့ချီဖူးသည့်သူ့ကို အမျိုးသားကဘေးကနေ တတွတ်တွတ်နဲ့ သမီးငိုတိုင်းသူပါ ဝင်ထိန်းပေးမြဲ။

𝙆𝙄𝙈 𝙆𝙮𝙪𝙣𝙜𝙨𝙤𝙤Where stories live. Discover now