part-17

5.8K 337 15
                                    

ဟန်တစ်ယောက်ကျောင်းဆင်းဆင်းချင်း ကျောင်းဂိတ်ပေါက်သို့အပြေးလေးလာခဲ့သည်။ကိုကိုကဒီနေ့သူ့ကိုလာကြိုမယ်လို့ပြောထားတာမဟုတ်လား။

ကျောင်းဂိတ်ဝသို့ရောက်တော့ ပျော်နေသောစိတ်တို့ပါ ချက်ချင်းဆိုသလို လေထဲတွင်ပျောက်ကွယ်သွားတော့သည်။
ဂိတ်ဝတွင်ရောက်နေသော ကားဘေးမှ လူကြီးတစ်ယောက်က သူ့အားကြည့်၍ပြုံးပြနေလျက်ရှိသည်။
ထိုလူရဲ့အပြုံးမှာနွေးထွေး၍ နှစ်လိုဖွယ်ကောင်းမယ်လို့လူတိုင်းကထင်ကြလိမ့်မည်ဆိုပေမဲ့ဟန်တစ်ယောက်အတွက်ကတော့ စက်ဆုပ်ရွံရှာစရာကောင်းသော အပြုံးပင်ဖြစ်သည်။

ဟန်ကျောင်းဝင်ထဲသို့ပြန်ဝင်မည်အလုပ်..

"သား!ဟန်သွေးခတ်!"

ဟန်ချက်ချင်းဆိုသလိုထိုနေရာတွင်တန့်ကနဲရပ်သွားကာ လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

'သား'တဲ့လား...ခင်ဗျား
ဘယ်လိုတောင်မျက်နှာပြောင်တိုက်ရတာလဲ ဘယ်လိုတောင်အရှက်မရှိပဲ
သားလို့ခေါ်ရဲတာလဲ။

ဟန်လျင်မြန်သောအရှိန်တစ်ခုနှင့်ထိုလူကြီးစီသို့လမ်းလျှောက်သွားလိုက်၍ အင်္ကျီကော်လံအားဆောင့်ဆွဲလိုက်သည်။

"ခင်ဗျား ကျုပ်ကို သား လို့နောက်တခါခေါ်ရဲခေါ်ကြည့်..ခင်ဗျားကိုမသေမရှင်ဖြစ်သွားအောင်လုပ်မိလိမ့်မယ်"

ဦးဟန်လင်းထွန်း ကိုယ့်အားကော်လံဆွဲကာရန်သူပမာ မျက်ထောင့်နီကြီးနှင့်ရန်လိုနေသောအရှေ့မှသားဖြစ်သူကြည့်ရင်းကြောင်အသွားသည်။
ဘယ်အရာကများ သူ့သားဖြစ်သူကိုဒီလောက်ထိစိတ်တို
အောင်လုပ်လိုက်မိတာလဲသူမသိပေ။

"ဟန်..."

"မခေါ်နဲ့ ကျုပ်ကို ဟန်လို့လာမခေါ်နဲ့
ခင်ဗျားရဲ့နာမည်တလုံးပါနေတဲ့
ဟန်သွေးခတ်ဆိုတဲ့နာမည်ကိုတောင်ကျုပ်မုန်းတယ်။ခင်ဗျားဆိုတဲ့လူမှာအရှက်ကောရှိသေးရဲ့လား
ဘယ်လိုသတ္တိနဲ့များ ကျုပ်ကိုလာတွေ့ရဲတာလဲ!"

ဟန်၏နဖူးတွင်သွေးကြောစိမ်းစိမ်းများပါပေါ်လာပြီးအံကြိတ်ထားသည့်အတွက် မေးရိုးများမှာပို၍ထင်းနေကာ
ဒေါသထွက်နေသော သားရဲတစ်ကောင်နှင့်ပင်တူလှ၏။

Koko is My Life {Complete}Where stories live. Discover now