part-24

4.7K 258 11
                                    

ခမ်းနားကြီးကျယ်လှသော စံအိမ်ကြီး၏ခြံဝင်းထဲသို့ အနက်ရောင်ကား5စီးဆိုက်ရောက်လာ၍ ထိုကားများထဲမှ လူတစ်ယောက်စီအသီးသီး
ဆင်းလာကြသည်။

သူတို့ငါးယောက်လုံးဆင်းလာသည်နှင့်တပြိုင်နက် စံအိမ်ကြီးထဲရှိဝန်ထမ်းများနှင့်သက်တော်စောင့်များက ဘေးတွင်တန်းစီကာရပ်နေလျက်ရှိကြသည်။
စံအိမ်ထဲသို့ဦးဆုံးဝင်လာသူမှာ Lady Anderson ဒုတိယက သားဖြစ်သူနှင့်ချွေးမဖြစ်သူ တတိယကမြေးနှစ်ယောက် စသည်ဖြင့်အသီးသီးဝင်လာကြသည်။

ထိုမိသားစု၏အရှိန်အဝါမှာမော်မကြည့်ရဲလောက်အောင်အထိကိုကြီးမားလှပြီး ကြောက်စရာကောင်းလှအောင်သြဇာအာဏာ၊ငွေကြေးများပြည့်စုံ သော
မိသားစုဖြစ်သည်။

"သခင်မကြီးတို့ရောက်လာပါပြီလား
ညနေစာအတွက်အကုန်အဆင်သင့်ပြင်ထားပြီးပါပြီ..."

မုတ်ဆိတ်အဖြူရောင်နှင့် အနောက်တိုင်းအိမ်တော်ထိန်းဝတ်စုံအားဝတ်ထားသည့်အဘိုးကြီးတစ်ယောက်ကာဦးညွှတ်လျက်ဖြင့်ဆိုလာသည်။

"အင်း"

ထို့နောက် အခန်းကျယ်ကြီးတစ်ခုထဲသို့သူတို့အားလုံးဝင်လိုက်ကြ၍ ထိုအခန်း၏အလယ်၌ရှိသော စားပွဲဖြူကြီး၏ဘေး၍ထိုင်ခုံကိုယ်စီပေါ်တွင်ထိုင်လိုက်ကြသည်။

စားပွဲ၏အလယ်တွင်တော့ စားသောက်စရာများကပြည့်လျှံလျက်ရှိ၍ လူ10ယောက်စားလျှင်တောင်မကုန်နိုင်လောက်ပေ။
ဒီသည်ထက် ထိုအခန်းဟာ သာမန်အိမ်တအိမ်၏အခန်းလေးခန်းစာမျှကျယ်ဝန်း၍ နံရံတွင် မီလီယံချီသောပန်းချီကားများလည်းရှိနေသေးသည်။

"Austin"

"ဟုတ်ကဲ့ Grandmom"

"မင်းသေချာပေါက် အနိုင်ရ ရမယ်ဆိုတာသိတယ်မဟုတ်လား။
ဒီလောကမှာ အာဏာနဲ့ငွေမရှိရင်ဘာမှလုပ်လို့မရဘူး...
အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကိုဖေးမတယ်ဆိုတာ တကယ်တော့
အမှန်တရား
မဟုတ်ဘူး။ အကယ်၍မင်းသာအင်အားနည်းသွားမယ်ဆိုရင် မင်းကိုလူတွေကအောက်ဆုံးထိရောက်အောင်ထိုးချကြလိမ့်မယ်။
လောကကြီးက ရက်စက်တယ်
ဒါကြောင့် ရက်စက်တဲ့လောကကြီးထဲမင်းရှင်သန်ချင်ရင် မင်းကိုယ်တိုင်ကရက်စက်မှရမယ်"

Koko is My Life {Complete}Where stories live. Discover now