part-(31+32)

4.3K 265 32
                                    

❗ဒီအပိုင်းက part-31နဲ့32ကိုပေါင်းရေးထားတာပါဗျ။ဒါကအပိုင်းခွဲမရလို့ပေါင်းရေးလိုက်ရတာပါဗျ❗

*********

နက်ကတိုင်အားသေချာစွာ ချည်ပေးလိုက်ပြီး ဟန်အားခေါင်းအစခြေအဆုံးကြည့်မိသည်။
သိပ်ကိုခန့်ညားလွန်းသည်ပါတကား။
အရပ်အမောင်းရှည်ရှည် နှင့် မြင်သူတိုင်းနှစ်ခါပြန်လှည့်ကြည့်ရလောက်တဲ့အထိချောမောလွန်းတဲ့မျက်နှာလေးက
တကယ့်ကိုနတ်သက်ကြွေတဲ့နတ်သားလေးအလားပင်။နက်ပြာရောင်suitဟာလည်းအသားဖြူဖြူပေါ်တွက်အခန့်သားနှင့်။

ပုံမှန်ဆိုလျှင် Hoodieအချို့နှင့်လူငယ်ဆန်ဆန်ဝတ်တက်သည့် ကောင်ငယ်လေးက ကုမ္ပဏီသို့သွားသည့်နေ့များတွင်တော့ လူကြီးဆန်သည့် suitများကိုဝတ်ဆင်ရလေ့ရှိသည်။
ဘယ်လောက်ပဲလူကြီးဆန်အောင်ဝတ်နေပါစေ ဒီကောင်ငယ်လေး၏ငယ်ရွယ်မှုကိုတော့မဖုံးဖိနိုင်သည်ကတော့အမှန်ပင်။

"မင်းဒီနေ့သိပ်လွန်တာပဲဟန်"

"ဟင် ဘာလွန်တာလဲကိုကို"

"သိပ်ချောလွန်းလို့ လွန်ကိုလွန်တာ"

ဟင်္သါမျက်စပစ်ပြလိုက်တော့အရှေ့မှကောင်ငယ်လေးကရှက်သွားသည်ထင်ပါ့ရဲ့...နားရွက်ဖျားများကရဲတက်လာကာ သူ့ပုခုံးပေါ်သို့ခေါင်းလာတင်၍ သူ့အားတင်းကျပ်နေအောင်ဖက်တွယ်လာသည်။

"ကိုကိုဗျာ..."

"အဟားရှက်သွားတာလားကိုယ့်ကလေးလေးက"

"ကိုကိုကလာစနေတာကိုလို့"

"ကိုယ်ကအတည်ပြောနေတာ ကိုယ့်ကလေးလေးကသိပ်ချောလွန်းတယ်"

"ကိုကို့လင်မို့လို့လေ"

ထိုစကားကိုကြားကြားချင်း ဟင်္သါသဘောကျစွာရယ်လိုက်မိသည်။
တကယ့်ကိုလူလည်လေးပါပေ့။

"ဟုတ်ပါ့ဗျာ။ကိုယ့်ယောက်ျားလေးကသိပ်ချောတာ"

ဟင်္သါ ဤသို့ပြောလိုက်တော့ ခေါင်းအားထောင်လာကာ သူ့အားပေကလပ်ပေကလပ်နှင့်ကြည့်လာသည်။
ထိုနောက် ပါပီeyesလေးများနှင့်
သူ့အားတောင်းဆိုလာသည်က...

"ထပ်ခေါ်ပါဦး"

"ဟင် ဘာကိုထပ်ခေါ်ရမှာ"

"ကိုယ့်ယောက်ျားလေးလို့ထပ်ခေါ်.."

Koko is My Life {Complete}Dove le storie prendono vita. Scoprilo ora