part-5

11.2K 656 0
                                    

မနက်ခင်းပိုင်းနေရောင်ခြည်နွေးနွေး
က ပြာနုရောင်ဇာလိုက်ကာများအားကျော်၍
သူ၏ချောမောလှပသော မျက်နှာထက်သို့ကျရောက်လျက်။
မျက်လုံးများအားဖြည်းညှင်းစွာဖွင့်လိုက်ရင်း အားယူကာထလိုက်ပြီး
လက်ဖြင့်မီးခိုးဖျော့ရောင်ဆံပင်များအား သပ်တင်လိုက်သည်။

အစိမ်းရောင်မျက်ဝန်းများဟာ နေရောင်ခြည်၏အောက်တွင် လက်နေလျက် ။မနက်ခင်းအိပ်မှုန်စုတ်ဖွားနှင့်တောင်ထိုအနှီလူဟာငေးမောဖွယ်ကောင်းလှ၏။

ထို့နောက်အိပ်ရာထဲမှထွက်ကာ
မနက်ခင်းလုပ်ရမည့်အလုပ်များအားလုပ်ပြီး ရေချိုး မနက်စာစားကာကျောင်းသို့ထွက်လာခဲ့သည်။

"ခတ်"

အနောက်မှခေါ်သံကြား၍လှည့်ကြည့်လိုက်တော့...အနက်ရောင်ဆံပင်အုပ်အုပ်နှင့် ပါဝါမျက်မှန်အထူကြီးအားတပ်ထားသည့်ဇေယျာ။

"ရောက်နေတာကြာပြီလား ငဇေ"

"မကြာသေးပါဘူး သွားရအောင်နောက်ကျနေတော့မယ်"

"မင်းစက်ဘီးကော"

"အဲ့တာက...."

မန္တလေးသားတွေမို့ ဘယ်သွားသွားဘယ်လာလာ ပြိုင်ဘီးတစ်စီးနှင့်သာသွားတတ်သော်လည်း ယခုကစက်ဘီးမပါလာဘူးဟုဆိုသည့်အတွက်သိပ်တော့မသင်္ကါပါချေ။
အထူးသဖြင့် ဇေယျာဖြစ်နေလို့ပို၍မသင်္ကါချေ အဘယ်ကြောင့်ဆိုသော် ဇေယျာစီးနေကျပြိုင်ဘီးမှာ သူ့အဖေပေးခဲ့သောနောက်ဆုံးလက်ဆောင်တစ်ခုဖြစ်သည့်အပြင်သူတန်ဖိုးအထားရဆုံးအရာဖြစ်သည်။

"ဘီးပေါက်သွားလို့...ဟုတ်တယ်ဘီးပေါက်သွားလို့"

"သေချာလို့လားမင်း"

"သေချာပါတယ်ကွာ
မဟုတ်ရင်ဘာရှိရဦးမှာလဲ"

"မသိပါဘူး မင်းပထွေးများ.."

"ဟန်သွေးခတ်"

ပထွေးဆိုတာနှင့်မျက်မှောင်ကြီးကြုတ်ကာလူအားစိတ်ဆိုးနေသောမျက်လုံးများဖြင့်ကြည့်လာသောကြောင့် ပြောလက်စ စကားကိုပြန်ရုတ်သိမ်းလိုက်ရသည်။

ဇေယျာတွင်အဖေမရှိတော့အမေသာရှိတော့သည်။အမေဖြစ်သူကလည်းစည်းကမ်းကြီးသည့်အပြင် အဖေဖြစ်သူဆုံးပြီး5လအကြာမှာ နောက်ယောက်ျားယူလိုက်သဖြင့် ဇေယျာတွင်အဖေအသစ်တစ်ယောက်ထပ်ရခဲ့သည်။အဖေအသစ်ဖြစ်သူကလည်းဇေယျာပေါ်တွင်မကောင်း အရက်သမားပီပီအရက်မူးလာတိုင်းဇေယျာကိုရိုက်နှက်တက်သလို ဇေယျာပစ္စည်းတွေကိုလည်း ဖျက်စီးတတ်သည်။
ထိုအချင်းအရာများကို အမေဖြစ်သူကတော့မသိချေ...ဇေယျာဟာလည်းမပြောပါ။

Koko is My Life {Complete}Tahanan ng mga kuwento. Tumuklas ngayon