Episode-(2)

1.5K 233 66
                                    

♡Unicode version♡

"အင့်!..."

မျက်ရည်လေးတစမ်းစမ်းနဲ့ကောင်းကင်ထက်ကဖိုးလမင်းကြီးကို ဝရံတာထွက်ထိုင်လျှက် ရိပေါ်ငေးကြည့်နေမိတယ်။ဝမ်ပါးနဲ့ဝမ်မားမနက်ကပြန်သွား၍ ပေကျင်းမှာကျန်ရစ်ခဲ့သည့်ရိပေါ်မှာ မိဘတွေနဲ့တကြိမ်တခါမှမခွဲဖူးတာကြောင့် သူစိမ်းအိမ်မဟုတ်ပေမဲ့ ရိပေါ်အထီးကျန်တယ်။

ရှောင်းကျန့်ကလည်းဆရာဝန်ဖြစ်သည့်အလျှောက်အိမ်မှာတနေကုန်မရှိသလို ရှိပြန်ရင်လည်းရိပေါ်စကားသွားမပြောရဲပါ။ရှောင်းရန်ကလည်း သူ့ကိုမြင်တာနဲ့မကြည်သလိုရှောင်ရှောင်သွားတတ်တာမို့ ရိပေါ် ရှောင်းရန်နဲ့မိန့်ဖွဲ့ဖို့ နဲနဲတွန့်နေမိခြင်း။ရှောင်းဦးလေးနဲ့တီရှောင်းကလည်း လူကြီးတွေဆိုတော့ ရိပေါ်ကိုအရိပ်တကြည့်ကြည့်ဂရုစိုက်ကြပေမဲ့ အနီးကပ်တော့ကြာကြာအဖော်မပြုပေးနိုင်ကြ။မားတို့ကိုလည်းသတိရ ရွာကိုလည်းလွမ်းတာမို့ ရိပေါ်မျက်ရည်တွေဖြစ်ညှစ်ချရင်း ပန်းရောင်ဝက်ရုပ်ကြီးပိုက်ကာ တယောက်တည်းကြိတ်ငိုနေမိတာပင်။

"ဝမ်!...ကလေးလေး!..."

"ဟင်!..."

နောက်ပါးကရုတ်တရက်ထွက်လာသည့်အသံကြောင့်ရိပေါ်ကျောလေးမတ်ခနဲ။ဘယ်သူမှန်းသိနေ၍ရိပေါ်လှည့်မကြည့်ရဲသေးခင် ရိပေါ်ထိုင်နေသည့်ဝရံတာအထွက်တံခါးနားရောက်လာသည့်ရှောင်းကျန့်။

"ငိုနေတာလား ဝမ်ကလေးက..."

"ကို ကိုကိုကြီး!..."

ရှောင်းကျန့်စာကြည့်ခန်းထဲကအထွက်ဝရံတာဘက်ကအရိပ်ကလေးမြင်၍ထွက်လာမိခြင်း။ကြည့်စမ်း ဒီကလေးက သူ့ကိုကြောက်ရွံ့သလိုမော့ကြည့်ပြီး ခေါ်ပုံကကိုကိုကြီးဆိုပဲ။နှာထိပ်တွေရဲကာ ငိုထားပုံထောက်ရင် ဒီကလေး ဝမ်ဦးလေးတို့ကိုလွမ်းနေပုံရသည်။

"ကျွန် ကျွန်တော် အိပ်တော့မှာ..."

ပြောရင်းရိပေါ်က ရှောင်းကျန့်ရှေ့ခေါင်းငုပ်လျှက် မတ်တပ်ထရပ်တယ်။သူ့ထက်ခေါင်းတလုံးစာလောက်ပုနေသေးသည့်ရိပေါ်ကြောင့်ရှောင်းကျန့်ကပြုံးလိုက်မိပေမဲ့ လှောင်ပြောင်လိုစိတ်နဲ့တော့မဟုတ်။

More Than LifeWhere stories live. Discover now