Episode-(5)

2.5K 265 84
                                    

♡Unicode version♡

"ကဲ!...ရောက်ပြီ..."

ရှောင်းကျန့်ကျောင်းရှေ့အရောက်ကားရပ်ပေးလိုက်ရင်းနောက်ခန်းက ရှောင်းရန်နဲ့ရိပေါ်ကိုလှည့်ကြည့်တော့ကျောင်းလွယ်အိပ်ကိုယ်စီနဲ့ကားပေါ်ကအလျှိုလျှိုဆင်းနေကြပြီ။ပုံမှန်ဆို မနက်ခင်းအချိန်တွေရှောင်းကျန့်ကမအားတာမို့ အိမ်ကကားမောင်းသမားနဲ့သာ ကျောင်းကြိုပို့လုပ်ပေးနေကျ။ဒီနေ့မနက်မှ ရှောင်းကျန့်dutyမှာ 9နာရီမှဝင်ရ၍ မနက်ခင်းကျောင်းလိုက်ပို့တော့ ရိပေါ်ကပြုံးလို့ပျော်လို့။

"ကားကိုဂရုစိုက်မောင်းပါ ကိုကိုကြီး..."

"ဟုတ်ပါပြီ...ဝမ်လေးကစာကြိုးစားရမယ်နော်!..."

"ကျွန်တော်ကစာတော်ပြီးသားပါ...မွှ!...တာ့တာ့ကိုကိုကြီး!..."

"အဟက်!..."

ကားတံခါးပေါက်ကနေ ဆံပင်တွေလှမ်းဖွပေးနေသည့်ရှောင်းကျန့်ကို ရိပေါ်ကမျက်လုံးတွေမှိတ်အောင်ပြုံးပြရင်း မွှခနဲပါးကိုလှမ်းနမ်းလို့တာ့တာ့ပြတယ်။ရိပေါ်ဘက်ကဘယ်စိတ်နဲ့ ထိုအနမ်းကိုပေးပေး ရှောင်းကျန့်အပြုံးတွေပိုလို့အသက်ဝင်နေတာတော့ငြင်းမရပါဘူး။ကားနဘေးက ရပ်ကြည့်နေသည့်ရှောင်းရန်ကတော့ စိတ်ထဲစနိုးစနောက်ဖြစ်သွားပေမဲ့ ဒါဟာ အကိုနဲ့ညီလေးဆက်ဆံရေးကြားက အပြုအမူလေးပါပဲလို့တွေးထားလိုက်တယ်။ကိုကြီးနဲ့ရိပေါ်က မနေ့တနေ့ကမှ တွေ့ဖူးကြတဲ့သူတွေမှမဟုတ်ဘဲလေ။

ရှောင်းကျန့်ကရှောင်းရန်နဲ့ရိပေါ်ကိုနှုတ်ဆက်ပြီး ကားမောင်းထွက်သွားမှ သူတို့ကျောင်းဝန်းထဲဝင်ခဲ့လိုက်တယ်။ရှောင်းရန်ကအနေအေးသူပီပီတည်တည်တံ့တံ့ရှိသလောက် ရိပေါ်ကတော့တလမ်းလုံးခုန်ပေါက်ပြီးသီချင်းတညည်းညည်းဖြင့်သာ။

"ရိပေါ်!..."

"အွန်း!...ပြောလေ..."

အတန်းရှေ့အရောက်ရှောင်းရန်ကစကားမစ စဖူးစပြောလာ၍ရိပေါ်ကစိတ်ဝင်တစားနဲ့မျက်ခုံးလေးပင့်ပြတယ်။ရှောင်းရန်ပုံစံက ပြောသင့်လားမပြောသင့်လား ချင့်ချိန်နေပုံရကာ မျက်မှောင်ကျုံ့ကျုံ့သွားသည်က တခုခုကိုမတင်မကျဖြစ်နေပုံပါပဲ။

You've reached the end of published parts.

⏰ Last updated: Sep 22, 2022 ⏰

Add this story to your Library to get notified about new parts!

More Than LifeWhere stories live. Discover now