Episode-(4)

1.3K 213 88
                                    

♡Unicode version♡

"ဝမ်လေး!..."

"ကိုကိုကြီး!...ရှောင်းရန်ကိုသူထိုးတယ်..."

ကျောင်းအုပ်ရုံးခန်းရောက်ရောက်ချင်းရှောင်းကျန့်ခေါ်သံကြောင့်ကုလားထိုင်မှာထိုင်နေရာမှရိပေါ်ကငေါက်ခနဲထလာကာရှောင်းကျန့်လက်မောင်းတစ်ဖက်ကိုပြေးဖက်ရင်းတိုင်တည်လာတယ်။ရှောင်းကျန့်မှာရုတ်ချည်းကလေးအဖေတစ်ယောက်လိုခံစားလိုက်ရကာ ရိပေါ်လက်ညှိုးထိုးပြသည့်စီကိုကြည့်မိတော့နှဖူးကွဲကာနှာခေါင်းသွေးယိုနေသည့်ကျောင်းသားတစ်ယောက်။ဘေးက ထိုကျောင်းသား၏မိခင်ဖြစ်ဟန်တူသည့်အန်တီကြီးမှာ သူမသား၏မျက်နှာကိုထိကိုင်​နေရင်းတီကောင်ဆားလူးထားသလိုစိုးရိမ်တကြီးဖြစ်နေလေရဲ့။

"ရှောင်းရန်ကအရင်ငါ့ကိုလက်သီးနဲ့ထိုးတာရိပေါ်...အခန်းထဲကလူတွေအကုန်မြင်ပါတယ် ကျောင်းအုပ်ကြီး!..."

ထိုကျောင်းသားကရိပေါ်၏တိုင်တမ်းခြင်းကိုပြန်ချေပရင်းကျောင်းအုပ်ကိုလည်းလှည့်ပြောလိုက်သေးသည်။ရှောင်းရန်ကတော့ကျောင်းအုပ်စားပွဲရှေ့ကုလားထိုင်မှာငြိမ်ငြိမ်သက်သက်ပဲထိုင်နေကာ ခုချိန်ထိဘာတခွန်းမှဝင်ပြောမလာသေး။ရှောင်းကျန့်ဘာမှမစဥ်းစားရသေးခင် ရိပေါ်ကိုထိခိုက်ဒဏ်ရာရှိမရှိခြေဆုံးခေါင်းဆုံးအရင်စစ်ဆေးကာ ထိခိုက်မှုမရှိတာသေချာမှသက်မမောတစ်ချက်ချလိုက်တယ်။

"ခဏ ကိုယ်ဖြေရှင်းပေးမယ်...လာ!..."

ရိပေါ်ကိုသူ့ကျောဘက်ပို့ပြီးရှောင်းကျန့်ကျောင်းအုပ်ရှေ့လျှောက်သွားလိုက်တယ်။ထိုအခါ ရှောင်းရန်၏ရှေ့မျက်နှာစာကိုမြင်လိုက်ရကာ နှုတ်ခမ်းထောင့်မှသွေ့စို့နေကာ မျက်ခုံးကွဲထားသည်ကိုရှောင်းကျန့်မြင်၍မျက်မှောင်ကျုံ့မိသွားတယ်။သူ့ညီ ရှောင်းရန်ကဘယ်တုန်းက ဒီလိုသွေးထွက်သံယိုဖြစ်လောက်အောင်ရန်ဖြစ်ဖူးလို့လဲ။ရှောင်းကျန့်အနည်းငယ်စဥ်းစားဟန်ပြုပြီးမှ ယခု ပြဿနာမသေးမှန်းသိလိုက်တယ်။ရှောင်းရန်ကတော့ရှောင်းကျန့်မျက်ဝန်းတွေကိုရင်မဆိုင်ရဲသလိုခေါင်းငုပ်သွားတယ်။

"ဘယ်လိုဖြစ်တာလဲခမျ...ကျွန်တော့်ကိုသေချာလေးရှင်းပြလို့ရမလား..."

More Than LifeWhere stories live. Discover now