♡Unicode version♡
"မင်းသဘောကျတဲ့ကောင်မလေးက ဘယ်လိုမျိုးလဲ...ငါမှန်းကြည့်မယ်...သူမကလှတယ်မလား...ဟားဟား...ငါမှန်တယ် ငါပြောတာမှန်တယ်ဟုတ်..."
"ကျစ်!...ဝမ်ရိပေါ်..."
သူ့အဖြေကိုမျက်လုံးတွေမှေးကြည့်လို့အလိုမကျသလိုတုံ့ပြန်သည့်ရှောင်းရန်ကိုကြည့်ပြီး ရိပေါ်ကစစနောက်နောက်နှင့်မရမကကပ်မေးနေတာပင်။ရှောင်းရန်ကစိတ်ရှုပ်သလိုအမူအရာနဲ့ ဆိုဖာတဖက်ကိုတိုးသွားသည့်အတိုင်းရိပေါ်ကခပ်သွပ်သွပ်လိုက်တိုးရင်းတတွတ်တွတ်နားငြီးစေတယ်။ရိပေါ်မှာပေကျင်းရောက်ကတည်းက ကစားဖော်မရှိ၍ပျင်းနေတာနဲ့ရှောင်းရန်ကိုစနောက်ခွင့်ရသည်မှာအတော်ပင်ဖြစ်သွားပုံပင်။
"မင်းကျောင်းနေဖက်လား...ကျောင်းဖွင့်ရင်ငါနဲ့မိတ်ဆက်ပေးမယ်မလား...ဟင်...ရှောင်းရန်...ငါမင်းခရက်စ်လေးကိုမစနိုက်ပါဘူးကွ...ဟဲဟဲ!..."
"မင်းကတကယ့်အရှုပ်ထုတ်ပဲ!..."
ရှောင်းရန်က ရိပေါ်ကိုမျက်စောင်းခဲလို့ဆက်နားမထောင်ချင်သလို နားကြပ်ကောက်တတ်ကာသီချင်းဖွင့်ထားလိုက်တော့ရိပေါ်ကနှုတ်ခမ်းထော်လို့ မပြောချင် နေပေါ့ဆိုသည့်အမူရာနှင့်။
"ဟာ...ကိုကိုကြီးပြန်လာပြီ..."
လှစ်ခနဲဧည့်ခန်းထဲကထပြေးသွားသည့်ရိပေါ်ကြောင့်ရှောင်းရန်လိုက်ကြည့်မိတော့ ကားသော့ဆွဲကာအိမ်ထဲဝင်လာသည့်ရှောင်းကျန့်။ဖေးရှန် ကိုအိမ်ပြန်ပို့ပြီးချက်ချင်းပြန်လာခဲ့တာပင်ဖြစ်သည်။
"ပျင်းနေတာလား ဝမ်လေးက!..."
သွပ်သွက်ကလေးအနားရောက်လာသည့်ရိပေါ်ကြောင့်ဆံပင်အုံ့အုံ့လေးကိုရွရွလေးဖွလိုက်ရင်းရှောင်းကျန့်ကစကားစတယ်။ပိတ်ရက်ထဲ ဒီကလေးကိုအချိန်ပေးဖို့စိတ်ကူးထားတာ ဖေးရှန်ရောက်လာတာနဲ့ရှောင်းကျန့်အချိန်တမနက်ကုန်သွားခဲ့တာပင်။
"ဟအင်း!...ရှောင်းရန်ကနဲနဲပျင်းစရာကောင်းပေမဲ့ စလို့တော့ကောင်းတယ်...ဟီး!..."
"ဘယ်သူကပျင်းစရာကောင်းတာလဲ!..."
ရိပေါ်၏ရွတ်နောက်နောက်စကားကိုကြားသွားသည်ထင် ရှောင်းရန်ဧည့်ခန်းထဲကထလာတာမို့ ရိပေါ် ရှောင်းကျန့်ပုခုံးတစ်ဖက်ကိုဖက်တွယ်ကာ အကာကွယ်ယူပြီးလျှာထုတ်ပြလိုက်တယ်။ရှောင်းကျန့်ကတော့ရိပေါ်ကိုချစ်စနိုးနဲ့လှည့်ကြည့်ပြီး အားကိုးရထားသည့်ရိပေါ်ကြောင့်ရှောင်းရန်ကလည်းကိုယ်ရှိန်သပ်သွားကာဘာမှထပ်ပြောမလာတော့။
YOU ARE READING
More Than Life
FanfictionZSWW[Myanmar] XiaoZhan肖战×WangYibo王一博 မင်းက ကိုယ့်ရဲ့အသက်တမျှလေးပါပဲ... မင်းက ကိုယ့်ရဲ့အသက်တမျှလေးပါပဲ... OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]