~ ၁၃ ~

160 18 0
                                    

[ Unicode ]
-----------------

" ဒါကသားခွန်ရဲ့ဦးလေးအရင်းခေါက်ခေါက် ဦးခွန်ဝင်းကြည့်တဲ့ … သူလေးကတော့ကိုဝင်းရဲ့တစ်ဦးတည်းသောသမီးငယ် နန်းကြည်ဖြူလို့ခေါ်တယ် "

မနက်စာစားပွဲဝိုင်းမှာလူစုံတက်စုံရှိနေကြတာမို့ လေးလေးကကျွန်တော့်ကိုကျန်တဲ့သူများနဲ့မိတ်ဆက်ပေး၍ မျက်စိေ့ရှကရိုးသားဟန်ရှိသောတိုင်းရင်းသားသားအဖ ၂ ယောက်ဆီသို့စေ့စေ့ကြည့်ရင်း နှစ်လိုဖွယ်ပြုံးကာအသိမှတ်ပြုသလိုခေါင်းညိတ်ပြလိုက်သည် ။ သူတို့ ၂ ယောက်ကလည်း တည်တံ့ကိုဖော်ဖော်ရွေရွေပဲပြုံးပြကြကာမျက်နှာပေါ်တွင်ရင်းနှီးနွေးထွေးမှုများအပြည့်  ။

" သိပြီးကြပြီဆိုပေမဲ့လည်းထပ်ပြောလိုက်ပါမယ် … သားတည်ကတခြားသူတော့မဟုတ်ဘူး ကျွန်တော့်ရဲ့တူလေးပါပဲ ကိုဝင်းနဲ့သမီးဖြူ … တည်တံ့စေတဲ့ … ကျွန်တော့်ကိုရှာဖို့ဆိုပြီးရန်ကုန်ကနေတောင်လာခဲ့တာ … မှတ်ထားကြနော် … သားတည်ကဒီမှာနေတာကြာဖြစ်အုံးမယ်ထင်တယ် … ကျွန်တော်ကလောကိုပြန်တာနဲ့သားတည်ပါအတူတူလိုက်လာမှာ … အခုတော့ ကျွန်တော်နဲ့တူတူဒီမှာခနတဖြုတ်နေတဲ့သဘောပေါ့ "

" မောင်ရင်လေးဒီမှာပျော်သလောက်နေလည်းကိစ္စမရှိပါဘူး … ကျုပ်ကတော့မောင်သက်ရဲ့မိသားစုဝင်ရောက်လာလို့ဝမ်းတောင်သာနေသေးတယ် "

လေးလေးထက်ပိုပြီးလူကောင်ထွားကာသန်သန်မာမာရှိသောတောင်သူဦးကြီးပုံစံအသွင်ပြင်ဟာ ဦးခွန်ဝင်းကြည့်ဆီမှာအထင်အရှား ။ သိသိသာသာလေသံဝဲပေမဲ့ စကားကိုအရှိကိုအရှိတိုင်းအားရပါးရပြောတတ်မည့်ပုံမို့ ခင်မင်ဖို့ကောင်းမယ်မှန်းတည်တံ့စိတ်ထဲအလိုလိုခံစားလို့ရသည် ။

" ကိုယ့်ဦးလေးကိုယ့်ညီမလေးအရင်းလိုသဘောထားလို့ရတယ် သား … ကိုဝင်းတို့ဆိုတာလေးလေးနဲ့ဟိုးအရင်ကတည်းကမိသားစုတွေလိုအတူနေလာခဲ့ကြတာ "

" ဟုတ်ကဲ့လေးလေး "

" သမီးဖြူလေးကတောင်ကြီးတက္ကသိုလ်မှာ Chemistry မေဂျာနဲ့ဒီနှစ်နောက်ဆုံးနှစ်တက်ရမှာ … တတိယနှစ်ဖြေပြီးလို့ကျောင်းတွေပိတ်ထားတာလေ … သူတို့ ၂ ယောက်ကလေးလေးနဲ့အတူကလောကအိမ်မှာလိုက်နေပေးကြတယ် … ကျောင်းတွေပြန်ဖွင့်ရင်တော့ ဖြူလေးကဒီတောင်ကြီးကအိမ်မှာပဲသူ့အစ်ကိုနဲ့နေပြီးသွားတက်ရတာပေါ့ … သားခွန်ကတော့လေးလေးပြောခဲ့သလိုပဲ အလုပ်တွေပါးတဲ့အခါကျရင် လေးလေးဆီကို ၁ ပတ် ၁ ခါတော့လာတွေ့ရှာပါတယ် … ကျောင်းနောက်ဆုံးနှစ်ရောက်တော့ကိုယ်ပိုင်အလုပ်လုပ်ချင်တယ်ဆိုတာနဲ့ လေးလေးကိုယ်တိုင်ဒီစားသောက်ဆိုင်ကိုလိုက်ဝယ်ပေးခဲ့တာ … အခုတော့ သားခွန်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုလိုဖြစ်နေပါပြီ … နောက်ပြီး သားစိတ်ဝင်စားရင်သားခွန်ရဲ့ခြံတွေဆီကိုလိုက်ကြည့်ချင်လည်းရတယ်နော် … လေးလေးကိုယ်တိုင်လိုက်မပို့နိုင်တာတော့ခွင့်လွှတ်ကွာ … တစ်ခုခုလိုအပ်တာရှိရင် ဒီ ၃ ယောက်စလုံးကိုပွင့်ပွင့်လင်းလင်းပြော ဟုတ်ပြီလား "

ဝေး ( ongoing ) ေဝးحيث تعيش القصص. اكتشف الآن