နေကြာပန်းတို့နှင့်အစပြုရာ

297 37 2
                                    


ထမင်းစားနေစဥ်တစ်လျှောက်လုံးတွင် ကျွန်တော့်၏အရှေ့မှလူကို နည်းနည်းလေးမျှမကြည့်ရဲ...။

ခပ်ပြုံးပြုံးမျက်နှာဖြင့် တစ်ချိန်လုံးကြည့်နေသည်မှာ ကလေးလေးတစ်ယောက်ကို မြှူချင်နေသော ကလေးချစ်သူတစ်ယောက်နှယ်။ဖေဖေသည် အကို့၏အဖေနှင့် စကားလက်ဆုံကျနေသလို ချစ်ရသောအကိုသည် လူကြီးနှစ်ယောက်၏စကားဝိုင်းထဲတွင် အတန်သင့်ဝင်ပြောနိုင်သည်။

ဆောင်ဟွန်းလိုမျိုး ဆိတ်ဆိတ်နေတတ်သည့်ပုံစံနှင့်ကွဲပြားစွာ အကိုသည်လူဝင်ဆန့်သည်။
အကိုရီလိုက်တိုင်းမှာ ကော့တက်သွားလေ့ရှိသော နှုတ်ခမ်းစွန်းနှစ်ဖက်သည် သေလောက်အောင် ဆွဲဆောင်မှုရှိသည်။

ထင်ရှားသော မျက်ခုံးတန်းနက်နက်သည် ပို၍ယောကျာ်းဆန်ဆန်ရှိစေသည်။ခိုးခိုးပြီးကြည့်နေရင်း စားသမျှထမင်းတို့သည်ပင် မည်သည်ကဝင်မှန်းမသိတော့...။

ပြန်ခါနီးတွင် အကိုက ဖုန်းနံပါတ်တောင်းသည်မို့ ရင်ခုန်သွားရသည်မှာ လက်တွေပင်တုန်သည်အထိ။

နံပါတ်ပြောတော့လဲ အယောင်ယောင်အမှားမှားတွေရယ်ဖြစ်ကုန်သည်မို့ အကိုကပြုံးစိစိ...ရှက်လိုက်တာဆိုတာလေ ။

"မနက်ကျရင် ကိုယ်ဖုန်းဆက်လိုက်မယ်နော်''

အပြုံးမျက်ဝန်းတို့နှင့်အကို့၏စကားသံချိုချိုသည် အိပ်ခါနီးထိတွေးတောနေမိစေသော နှလုံးသား၏အချစ်ရုပ်ရှင်ဇာတ်ကွက်လေးသကဲ့သို့....။အကြိမ်ကြိမ်ပြန်ရစ်ကြည့်နေမိသော ထိုပုံရိပ်သည် ကျွန်တော့်လိုအချစ်ရူးလေးအတွက် အရာရာမှာ အသစ်အဆန်းဖြစ်နေသည်။

ကုတင်ထက်တွင် လှဲနေရင်းမှ အကို့အပြုံး၊အကို့စကားသံ၊အကို့၏ရဲသွေးကြွနေသော လက်ဆစ်လေးများကို ဦးနှောက်ထဲမှထုတ်မရနိုင်...။

ဒီညတော့ ဘယ်လိုအိပ်ပျော်နိုင်တော့မှာလဲ ခင်ဗျားရယ်။ကျွန်တော်က ကော်ဖီသောက်လို့ အိပ်မပျော်နိုင်တာ မဟုတ်ပဲ ကဖင်းဓာတ်ထက် ပိုဆိုးတဲ့ ခင်ဗျားအပြုံးတွေထဲ ကျရှူံးနေခဲ့တာပဲ....။

........................

ပုံမှန်ထက် ကျောင်းကိုအစောကြီးရောက်နေမိသော ကျွန်တော်သည် အဆောင်ထဲလဲမဝင်။ကားထဲတွင်သာထိုင်နေရင်း ဒီ​နေ့
သင်မည့်သင်ခန်းစာများကိုဖတ်နေမိသည်။

Love Library Where stories live. Discover now