မိုးရာသီကုန်ဆုံးခါနီး ဆောင်းအကူးမို့ရယ်လားမသိ။ရာသီဥတုရယ်က အနည်းငယ်အေးစိမ့်ကာ နေလို့ထိုင်လို့အလွန်ကောင်းသည်။ဆောင်းရာသီ ချမ်းအေးတဲ့ နေ့မှာ မွေးဖွားခဲ့သောကြောင့်လားမသိပါ။ဆောင်းရာသီရောက်ပြီဆိုလျှင် နေရတာက စိတ်ကြည်လင်နေတတ်သည်။
ယခုလဲ ကျောင်းဝင်းထဲက အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် စာအုပ်ထိုင်ဖတ်နေမိသည်။အတန်းရှိပါသော်လည်း ဆရာမကမဝင်သည်ကြောင့် အဆောင်ထဲထိုင်မနေတော့ပဲ စာအုပ်သာဖတ်ရန် စိတ်ကူးမိသည်။
ပုံမှန်ဆိုလျှင် စာကြည့်တိုက်မှာ ဖတ်နေကျဖြစ်ပါသော်လည်း ယခုတွင်မူ စာကြည့်တိုက်ဘက်သို့ ခြေမချရဲ..။
အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။အမြဲတစေ ပေါ်လာတတ်သော ချစ်ရသူကြောင့်သာဖြစ်ပေသည်။
ဘာကြောင့်မှန်းမသိဆိုသလို ယခုနောက်ပိုင်းများတွင် ဆောင်ဟွန်းရှိရာသို့ အမြဲလိုလိုလာနေတတ်သည်။စာကြည့်တိုက်သွားနေကျဖြစ်သော ဆောင်ဟွန်းအတွက်ကတော့ စာအုပ်ဖတ်ရန်သာဖြစ်ပြီး အကိုရှင်းအတွက်မူ ဆောင်ဟွန်းကို ထိုင်ကြည့်ရန်သာဖြစ်သည်။
အမြဲတမ်းလိုပင် ထိုသူပိုင်သော မျက်ဝန်းကြည်ကြည်တို့မှတစ်ဆင့် ဆောင်ဟွန်းကို ကြည့်နေတတ်သော အကြည့်တို့ကို ဘာသာမပြန်တတ်တော့သောကြောင့် အဓိပ္ပါယ်ကောက်မမှားစေရန်လည်း ဆင်ခြင်တုံတရားထားကာ နေရသည်။
ထိုသူသည် ဆောင်ဟွန်းကို
ပေါက်ထွက်မတတ်ကြည့်နေတတ်သလို တခါတရံများတော့ အကြည့်လွှဲနေတတ်တာမျိုးလည်းရှိသည်။ထိုသို့သာ ကြာကြာနေလျှင် ဆောင်ဟွန်း၏နှလုံးသားလေး လောင်ကျွမ်းနိုင်ခြေရှိသည်ကြောင့် အကိုရှင်းနှင့်မတွေ့မိအောင် ရှောင်နေရသည်။
တွေ့စဥ်ကတည်းက ချစ်မိသွားခဲ့သည့်သူအပေါ် ပိုချစ်မိစေရန် ညှို့ယူတတ်သော အကို့မျက်ဝန်းများကို တစ်ခါလောက်တော့ ငြင်းဆန်ကြည့်ချင်ပါသည်။
ဒီနေ့တော့ ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်ရန်စိတ်ကူးထားသည်မို့ ဝယ်ထားတာကြာနေပြီး မဖတ်ရသေးသော manga စာအုပ်ကိုသာ ဖတ်နေမိသည်။ဇာတ်ကားထွက်စဥ်ကလဲ ကြည့်ဖူးပေမယ့် စာအုပ်နှင့်ဖတ်ရသည့် ခံစားချက်က ဘာနှင့်မျှမလဲနိုင်သည်မို့ ထွက်သမျှကို Seriesအလိုက်ဝယ်ချထားခြင်းပင်...။
YOU ARE READING
Love Library
FanficAbout Jakehoon Be softly....... ! And we love each other scretly