ပထမဆုံးအချစ်

548 54 33
                                    

ကျောင်းစာကြည့်တိုက်သည် တစ်ကျောင်းလုံး၏အတိတ်ဆိတ်ဆုံးနေရာဖြစ်သည်မို့ ဆောင်ဟွန်းသဘောအကျဆုံးနေရာဆိုလည်းမမှားပေ။အားတဲ့အချိန်တိုင်း စာကြည့်တိုက်သို့သာလာလေ့ရှိမြဲမို့ တာဝန်ကျဆရာ၊ဆရာမတွေနှင့်တောင် အတော်အတန်ရင်းနှီးနေတတ်သည်။

ယနေ့မှာတော့ ကျောင်းရဲ့စာအုပ်ငှားတဲ့ကလပ်မှအကိုအမတွေနှင့်တွေ့နေရသော်လည်း စိတ်ထဲတွင်ပူပန်စရာရှိနေသည်မို့ အရင်လိုပင်မပြုံးပြဖြစ်။စီနီယာတွေကတော့ အသင်းရဲ့အကြောင်းအရာတွေနဲ့နောက်လုပ်မည့်projectတွေအကြောင်းကိုအားကြိုးမာန်တက်ရှင်းပြနေသော်လည်း ဆောင်ဟွန်း၏အတွေးအာရုံသည် တစ်စုံတစ်ယောက်ကအပိုင်စိုးမိုးထားသည်။

အရင်ကဆို ထင်မြင်ချက်တွေနှင့်အကြံပြုချက်တွေကို ဆွေးနွေးလေ့ရှိသောဆောင်ဟွန်းသည် အခုအခါမှာတော့ ဆိဆ်ဆိဆ်နေမြဲသာရှိနေသည်မို့ တခြားသူများသည် အချင်းချင်းတီးတိုးပြောရင်း ဆောင်ဟွန်းဘာဖြစ်နေသလဲကိုသိချင်ကြသည်။ဤသည်ကို ကလပ်၏ခေါင်းဆောင်အကိုက သိသည်ဖြစ်သောကြောင့် ချောင်းတစ်ချက်ဟန့်ကာ

"ညီလေး ဆောင်ဟွန်းကော ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုထင်သလဲ...?အကို့ကို ညီ့အမြင်လေးတစ်ချက်လောက်ပြောပေးပါဦး''

ထိုအခါမှ ပျံ့လွှင့်နေသောစိတ်တို့က အသိဝင်လာပြီး ဆောင်ဟွန်းထိုအကိုကိုမော့ကြည့်လိုက်သည်။ပြီးနောက်

"ကျွန်တော့်အနေနဲ့ ဘာမှဝေဖန်စရာမရှိပါဘူးခင်ဗျ''

ဆောင်ဟွန်းအဖြေကို ခေါင်းတဆတ်ဆတ်ညိတ်ပြီး တခြားသူများ၏အတွေးအမြင်တွေမေးပြီး အစည်းအဝေးကိုအဆုံးသတ်လိုက်သည်။ဆောင်ဟွန်းလဲ ပြန်တော့မည်ဆဲဆဲတွင် ခေါင်းဆောင်အကိုသည်ဆောင်ဟွန်းဆီလာပြီး ခဏစောင့်ရန်ပြောသည်။ဆောင်ဟွန်းလည်း သဘောတူလိုက်ပြီး ထိုင်ခုံတွင်ထိုင်ရင်း စာအုပ်ဖတ်နေလိုက်သည်။

စားပွဲခုံကိုခေါက်လိုက်သောအသံကြားမှသာ စာအုပ်ဖတ်နေရာမှမော့ကြည့်လိုက်လျှင် ထိုအကိုကပြုံးပြီးကြည့်နေသည်။

"ကဲ သွားကြမယ်...''

​ပြောပြီးနောက်ထွက်သွားသော အကိုနောက်သို့ ခြေလှမ်းကျဲများဖြင့်လျှောက်ရင်း လိုက်သွားသည်။ဘေးချင်းကပ်သွားသော အခြေအနေရောက်မှ ဆောင်ဟွန်းဘက်သို့တစ်ချက်လှည့်ကြည့်ကာ စကားဆိုသည်။

Love Library Where stories live. Discover now