ကျောင်းဂိတ်ဝအထိ လိုက်ပို့ရင်း စကားတွေပြောဖြစ်ကြသည်။အကို့အသံ သြရှရှသည် ကျွန်တော့်နှလုံးသားလေးကို ဗို့အားတစ်ထောင်ဖြင့် လျှပ်တိုက်နေသလို ခံစားရသည်။စကားပြောရင်းမှ ကျွန်တော့်ဘက်သို့ စောင်းကြည့်လိုက်သည့်အခါများတွင်တော့ လျှောက်လက်စခြေလှမ်းတို့ပင် အလွဲလွဲအချော်ချော်ဖြစ်ရသည်အထိ ကျွန်တော်သည် အကို့အပေါ်တွင် မေတ္တာသက်ဝင်မှုအားသည် တာကျိုးသလိုဖြစ်နေမိသည်။
မိုးလဲတိတ်သွားပြီ ဖြစ်တာကြောင့် ကျောင်းဂိတ်ဝတွင်ပဲ နှုတ်ဆက်ပြီး ထွက်သွားသည့် အကို့ကျောပြင်လေးကိုငေးကြည့်ရင်း အကို့ကိုပိုင်ဆိုင်ချင်မှုသည် သေချာလာသည်။
အကိုနှင့်ခပ်ဝေးဝေးသို့ရောက်မှ အဆောင်ရှေ့တွင်ရပ်ထားခဲ့သောကားဆီသို့ အပြေးအလွှားသွားရတော့သည်။ကျောင်းဂိတ်ဝနှင့်အဆောင်သည် အဝေးကြီးမို့ တော်ရုံတန်ရုံမည်သူမျှ လမ်းမလျှောက်ကြပေ။
ပြေးနေရင်း ချွေးတွေဆို့လာပေမယ့် အရူးတစ်ယောက်လို ရီနေမိခြင်းမှာ ကျွန်တော်ကိုယ်တိုင်သေချာမသိတော့....။အခုချိန်ထိ အကို့ရဲ့ကိုယ်သင်းရနံ့ကို ကျွန်တော်အလွတ်ရနေတုန်းး...။
ဘယ်အရာမှသေချာမသိတော့ပါဘူးဗျာ....သေချာတာတစ်ခုတော့ရှိတယ်။
အကို့ရယ်သံလေးတွေက သိပ်ကိုချိုလွန်းတာဗျ...။
..................
အိမ်သို့ပြန်ရောက်လျှင် အခန်းထဲသို့ဝင်ပြီး ကုတင်ပေါ်သို့လှဲချလိုက်သည်။
အရင်ဆုံးလုပ်မိတာက အကို့အကြောင်းပြန်တွေးခြင်း...။
ဒုတိယလုပ်မိတာက အကို့အပြုံးတွေကို ပြန်ပုံဖော်ခြင်း...။
တတိယမြောက်တွေးမိတာက...အကို့ရဲ့ ချိုမြမြရယ်သံများနှင့် အကြည့်များ....။
ခဏလေးအတွင်းမှာပဲ အကိုကကျွန်တော့်၏အတွေးများကိုနေရာယူလိုက်ပြီဖြစ်သည်။
အကိုကနာမည်ကြီးလှသော အတိုက်အခိုက်ကျွမ်းတဲ့နယ်ချဲ့သမားတစ်ဦးဆိုပါစို့...။
ကျွန်တော်ကတော့ အကို့ရဲ့တိုက်စစ်ဆင်မှုအောက်မှာ အလဲလဲအပြိုပြိုဖြစ်နေရတဲ့ အကိုတောင်သတိမထားမိတဲ့ ကျွန်းငယ်လေးပဲ ဖြစ်မည်။
YOU ARE READING
Love Library
FanficAbout Jakehoon Be softly....... ! And we love each other scretly