Yeonjun ဟာ ပေါက်ပေါက်ဆုပ်ဘူးထဲကို လက်၅ချောင်းလုံးနဲ့ ခပ်ဖွဖွ ထိုးဆွ မွှေနှောက်တယ်။ ပြီးတော့ လက်တစ်ဆုပ်စာရှိတဲ့ ပေါက်ပေါက်ဆုပ်တွေကို သူ့ပါးစပ်တွင်းသို့ ထိုးသိပ်တယ်။ မျက်ခုံးတွေ တွန့်ချိူးထားပုံက ပေတံကိုအတွင်းထဲထိ ကွေးထားသလိုပင်။
"ဟင်းး"
ပျင်းရွဲရွဲဆန်တဲ့ လေပူတစ်ချက်မှုတ်ထုတ်တယ်။
ပြီးတော့ ဘေးလူတွေ နားမခံနိုင်အောင် ပေါက်ပေါက်တွေကို တကျွတ်ကျွတ်ဝါးတယ်။ သက်ပြင်းရှည်တွေပြုလုပ်တယ်။ ရည်ရွယ်ချက်ရှိတဲ့ yeonjun ကကောင်လေးဆီက အာရုံစိုက်ခံရမှုကို ရယူချင်ရုံသာ။ အဲ့တာထက် ကောင်လေး ဒီလိုအချိန်ဖြုန်းတွေက တကယ်ပျင်းရိစရာ။"အကို..ဘာဖြစ်နေတာလဲ?"
တိုးသိပ်သိပ်စကားသံနဲ့အတူ yeonjun ရဲ့ လက်မောင်းဆီကို ရောက်လာတဲ့ ဘောမ်ရဲ့ ခပ်ပြင်းပြင်း လက်သီးတစ်ချက်။ လက်မောင်းကြောတွေ အောင့်တက်သွားတဲ့ နာကျင်မှုကို သူ မခံချိမခံသာဖြစ်စွာ ခံလိုက်ရတယ်။ နာကျင်မှုဒဏ် သက်သာမလားဆိုတဲ့အတွေးနဲ့ သူဟာ အထိုးခံလိုက်ရတဲ့ လက်မောင်းနေရာကို အသာဖစ်ညှစ်လိုက်တယ်။ ဘေးကကောင်လေးကတော့ သူ့ကိုမျက်စောင်းတွေ ပစ်ထိုးနေလိုက်တာ။ အလျော့မပေးတဲ့သူက ကောင်လေးကို ပေစောင်းစောင်း ပြန်ကြည့်နေလိုက်တယ်။ တကယ်ကနော်.. ကောင်လေး မျက်စောင်း ထိုးလဲထိုးချင်စရာ..။ ကောင်လေး ကြိုက်ရလောက်အောင် သူ့အပြုအမူတွေက ယဥ်မနေဘူးရယ်။
"အကို့ကြောင့် ဘေးကသူတွေပါ အနှောက်အယှက်ဖြစ်ကုန်ပြီဗျ!"
နှုတ်ခမ်းစူစူနဲ့ ပြောနေတဲ့ ဘောမ်ကို ကြည့်ရင်း yeonjun စိတ်ရှုပ်စွာဖြင့် သူ့ရဲ့နားထဲကို လက်သန်းလေးထည့်ရင်း ကလိလိုက်သည်။ သက်ပြင်းတစ်ချက် ချဖို့တောင် သူ့စိတ်ကရှည်မနေ။ ဒီလိုဖစ်တာ ဘေးကကောင်ငယ်လေးကြောင့်လေ။ ဒီကောင်လေးဟာ သူ့ထက်ဘေးလူတွေကို ပိုဂရုစိုက်သကိုး..။
ရုပ်ရှင်ကို စိတ်ဝင်တစားနှင့် ကြည့်နေတဲ့ ကောင်ငယ်လေးကို yeonjun ကြည့်မရတော့ပေ။ သူဟာ ပါးစောင်တွင်းကို လျှာနဲ့ထိုးရင်း beom ကို မျက်လုံးထောင့်ကပ်ကြည့်တယ်။ ပြီးတော့ ချောင်းဟန့်သံတစ်ချို့ ပြုတယ်။
YOU ARE READING
Midnight Stories ||TXT
Fanfictionသန်းခေါင်ယံခါမှာ မင်းဖတ်ဖို့ TXT short stories စာရေးသူ၏မှတ်စု။ ။ ⚠️အချို့သော ဇာတ်လမ်းများတွင် အတိုအထွာသော မသတီစရာ အပိုင်းများကို ထည့်သွင်းရေးသားထားပါသည်။ ⚠️ Hope you enjoy reading Midnight Stories ^^