⚠️ Warning ⚠️
သွေးများပေရည်နေသော အခန်းကြီးဟာ ပုပ်အဲ့အဲ့အနံအသက်များနှင့် ပိတ်အောင်းနေသည်။ သူစိမ်းကောင်၏ သွေးများပေနေသော ထယ်ဟွန်း၏လက်သည် ဘောမ်ဂယူ၏ လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ နှစ်ယောက်လုံး ထိတ်လန့်စိတ်အလျဥ်းမရှိ။ ဝိညာဉ်ထွက်သွားသော မျက်လုံးများဟာ သွေးအိုင်ကြီးထဲတွင် လဲနေသော အသေကောင်အားစူးစိုက်လျက်။
"ကိုယ်တို့ဒါကို ဘယ်လိုရှင်းမလဲ?"
"အလှစင်ရမှာပေါ့"
ထယ်ဟွန်းက သူစီရင်ခဲ့သော အလောင်းကောင်ကြီးကိုကြည့်ရင်း အေးစက်စက်သာ ပြန်ဖြေလိုက်၏။
ဘောမ်ဂယူက မျက်လုံးနှစ်ဖက်လုံးကို ကျေနပ်နှစ်ခြိုက်စွာ မှိတ်ချလိုက်သည်။ ခြောက်သွေ့သွေ့ရှိလာသည့် သူ၏ နှုတ်ခမ်းထောင့်များကို လျှာနှင့်သပ်လိုက်သေးသည်။
"ဟုတ်ပါပီ ဒါဆိုလဲ အစ်ကိုတို့ ဇာတ်လမ်းစကြတာပေါ့"
အပေါ်ပိုင်းအဝတ်မပါသော ထယ်ဟွန်းကို ဘောမ်ဂယူကတစ်ချက်စူးစိုက်ကြည့်လိုက်ရင်း
"ကောင်လေး ဒါဝတ်လိုက်"
အပြာရောင်ဖျော့ဖျော့ အင်္ကျီတစ်ထည်။ ဘောမ်ဂယူကမ်းပေးနေသော အင်္ကျီကို သူဟာ ဘာမှတွေးမနေပဲ လက်ခံလိုက်သည်။ ထိုအရာကို ကြည့်ရင်း ဘောမ်ဂယူဟာ ညစ်ကျယ်ကျယ်ပြုံးမိသည်။
"ကောင်လေးရဲ့ပါတနာက ဆွဲဆောင်မှုရှိသား..ဟိုကောင်လေးကပြန်မနိုးသေးဘူးထင်တယ်"
ထယ်ဟွန်းမကြားမိစေရန် ရည်ရွယ်ရင်း ခပ်တိုးတိုးသာ သူရေရွတ်လိုက်ပါသည်။
ထယ်ဟွန်းဟာ အစောကန သူနဲ့အတူတူ ဆင်နွှဲပေးခဲ့သော ဓားကို ယူကာ အလောင်းကြီး၏ သွားဖုံးများကို တစ်လွှာချင်းစီလှီးထုတ်နေသည်။ သွေးများ လာစင်တော့သူက ခနဲ့ပြုံးလေးပြုံးမိသေးသည်။ သူစီရင်ခဲ့သော လူသေအလောင်းဟာ သိပ်ကို သေသပ်သည်။ ကိုယ်တွင်းမှာရှိသော ဓားဒဏ်ရာဟာ နက်သင့်သလောက်နက်သည်။ အဘယ်ကြောင့်ဆို သူက ၄ လက်မလောက်ထိုးသွင်းခဲ့သည်ကိုး။
YOU ARE READING
Midnight Stories ||TXT
Fanfictionသန်းခေါင်ယံခါမှာ မင်းဖတ်ဖို့ TXT short stories စာရေးသူ၏မှတ်စု။ ။ ⚠️အချို့သော ဇာတ်လမ်းများတွင် အတိုအထွာသော မသတီစရာ အပိုင်းများကို ထည့်သွင်းရေးသားထားပါသည်။ ⚠️ Hope you enjoy reading Midnight Stories ^^