Beomgyu: Rain

294 30 2
                                    

လမ်းမီးရဲ့ မိန်ပြပြအလင်းရောင်အောက်က ပလပ်ဖောင်းတစ်ခုပေါ်မှာ ကောင်လေးနှစ်ယောက် ဆိတ်ငြိမ်စွာ ထိုင်ကြတယ်။

"ရား..ထယ်ဟွန်း..ငါ့ကို ဘာလို့သဘောကျတာလဲ?"

ကောင်လေးရဲ့ အင်္ကျီလက်အောက်အနားကို လက်ညိုးနဲ့ ထွေးပတ်ဆော့ကစားရင်း ဘောမ်ဂယူ မေးတယ်။

"အကိုက ကျွန်တော့်ကို ချစ်လို့"

ဆော့ကစားနေရာက ခတ္တတန့်ကာ နှုတ်ခမ်းတွေ ခပ်လျော့လျော့တွန့်ကာ အပြုံးတို့တည်တယ်။ သူ့ရဲ့လက်ညိုးထိပ်ကို ကောင်လေးရဲ့ အင်္ကျီအပါးက ချည်စတွေနဲ့ ရစ်နှောင်တယ်။ ဒီအဖြေဟာ ကောင်လေးက တိတ်ခွေအဟောင်းလို သီဆိုခဲ့တာလေ။ သို့ပေမယ့် သူကိုယ်တိုင်လဲ ဒီတိတ်ခွေအဟောင်းကို ရစ်ပတ်ရတာ သဘောတွေ့တယ်။

"ဘာလို့ အဲဒါကို သိချင်တာလဲ? ခဏခဏ ဖြေတာကို ဘာလို့ ထပ်မေးတာလဲ ချွဲဘောမ်ဂယူ?! အတွေးလွန်နေပြန်တာလား?"

ကောင်လေးက ငြူစူစူနဲ့ သူ့ကိုကြည့်ရင်း မေးတယ်။
သူကတော့ ကျေနပ်စွာရယ်မောရင်း ကောင်လေးကိုကြည့်လ်ိုက်တယ်။ ငြူစူစူလုပ်တတ်ပေမယ့် သူ့ကိုထွေးပွေ့တဲ့ ကောင်လေးရဲ့အပြုံးတွေဟာ တကယ်ကိုစွဲမက်စရာအတိ။ သူဟာ ကောင်လေးရဲ့ သေးသွယ်တဲ့ မျက်နှာ၊ လက်လက်တောက်တဲ့ မျက်ဝန်းနဲ့ နီရဲရဲနှုတ်ခမ်းတွေမှာ တမိန်းမိန်းမျောရတယ်။

ဝါဖန်ဖန် မီးရောင်အောက်က ထယ်ဟွန်းဟာ သူ့ကို အနမ်းခြွေချင်တာတော့ အမှန်ပဲ။ ဒါမဲ့ သူဟာအတွေးတိမ်စွာပဲ လမ်းလွဲတယ်။ ဒါဟာ ၂ယောက်ကြားထဲက ဆိတ်ငြိမ်မှုအတွက် လောင်စာပဲ..။ ဒါမှမဟုတ် ကောင်လေးပြောသလို သူရဲ့ အတွေးလွန်ခြင်းက လောင်စာဖြစ်နေမလား?။
တစ်ယောက်ကို တစ်ယောက် အကြောင်းအရင်းမဲ့စွာ ကြည့်ရင်း ညဟာကုန်ဆုံးစပြုလာတယ်။

လေထုဟာ ပြောင်းလဲစပြုလာပြီ။
နှစ်ယောက်ကို မိုးထားတဲ့ မိုးသားတွေစုနေတဲ့ ကောင်းကင်ဟာ နောက်ဆုံးတော့ ငိုကြွေးလာပြီ။ 
မိုးဟာတစ်ဖြောက်တောင် အစမချီပဲ
ပြုန်းပြုန်းပြပြ ရွာသွန်းတော့တာပဲ။

ဘောမ်ဂယူက သူ့အနားကနေ မိုးရေထဲကို ထသွားတဲ့ ကောင်လေးကို ငြိမ်ငြိမ်ပဲကြည့်တယ်။
အလင်းဖျာရာအောက်မှာ တကိုယ်လုံး မိုးရေတွေရွှဲနေတဲ့ ကောင်လေးရဲ့ မျက်နှာကဝါးတားတားရယ်။

Midnight Stories ||TXT Where stories live. Discover now