သုံးပြည်ထောင်စု၏ ရှီလာပြည်
ညနေခင်းရောက်လုပြီမို့ တိမ်တွေကပုဇွန်ဆီရောင်သမ်းလုပြီ။သိပ်မကြာခင်ထွက်ပေါ်လာမည့်လမင်းသည်လဲလောကကြီးကိုနို့နှစ်ရောင်ဖြင့်လွမ်းခြုံရန်အတွက်အသင့်စောင့်နေ၏။
မြစ်ရေစီးသံတသွင်သွင်နှင့်အတူ အိပ်တန်းပြန်နေသောငှက်ငယ်တို့၏အသံသည်တေးသီချင်းတစ်ပုဒ်သဖွယ်။
ဆေးမြစ်တူးရင်း မြစ်ကမ်းစပ်ဘက်ရောက်လာသော ကင်မ်အိမ်တော်မှတစ်ဥိီးထဲသောသခင်လေးဆောနူသည် ဆေးရွက်ဆေးပင်များခူးထည့်ထားသောပလိုင်းခြင်းလေးကိုလွယ်ရင်းကခုန်မြူးထူးလျက်။သူလိုချင်နေသောဆေးဖက်ဝင်အပင်များကိုခပ်လွယ်လွယ်တွေ့သွားဟန်တူပါရဲ့။ သခင်လေးကင်မ်၏ မလှမ်းမကမ်းတွင်တော့ပင်ပန်းနွမ်းနယ်နေဟန်တူသော်လဲပျော်ရွှင်နေပုံရသည့်ကပြားကောင်လေးတစ်ဦးလိုက်ပါလာလေ၏။''ဆောနူ။ ဖြေးဖြေး လျှောက်ပါ ဗျာ။အနောက်က ကျားမလိုက်ပါဘူး။ ကျနော် မောလို့သေတော့မယ်ဗျ''
''မင်းကိုဘယ်သူကလိုက်ခဲ့ပါလို့အတင်းဓားထောက်ပြီးခေါ်လို့လဲနီရှီမူရာရဲ့။မင်းဘာသာအတင်းလိုက်လာတာလေ''
''ဆောနူတစ်ယောက်ထဲတောထဲသွားဖို့ကျနော်ကမှစိတ်မချတာကို''
''ငါက ကလေး လား။ ပြီးတော့ ငါကရှီလာမှာမွေးပြီးရှီလာပြည်တစ်ခွင် ငါမရောက်ဖူးတဲ့နေရာမရှိသလောက်ပဲ။ မင်းက ဘာကိုစိတ်ပူနေတာလဲ''
မြစ်ကမ်းစပ်တွင်ခဏနားရင်းကျောမှာလွယ်ထားသည့်ပလိုင်းခြင်းကိုချကာဖြင့်ပွစိပွစိရန်ထောင်နေသော သခင်လေးကင်မ်သည် ချွေးစခပ်စို့စို့ဖြင့်မောဟိုက်နေသော်လဲ ရန်တွေ့ဖို့အားကတော့အပြည့်ဖြစ်နေပုံတူ၏။ သခင်လေးကင်မ်ကို ဘာမှပြန်မပြောနိုင်တော့သော ဆံပင်ရွှေဝါရောင်နှင့်ကောင်ငယ်လေးသည်အသင့်ယူလာသော ဝါးဆစ်ဗူးလေးထဲမှရေကိုတိုက်ရန်သခင်လေးကင်မ်ရှိရာဆီသို့ခပ်သွက်သွက်လှမ်းလာခဲ့၏။
''ရော့ ရေလေးအရင်သောက်ပါအုံးဆောနူရယ်။ရန်ထောင်ရတာမောနေပါအုံးမယ်''
နီရှီမူရာ၏လက်ထဲမှဝါးဗူးလေးကိုလှမ်းယူရင်း
အထဲမှခပ်အေးအေးရေကိုအမောတကောသောက်နေသောဆောနူကိုကြည့်ကာ သဘောကျမြတ်နိုးသည့်စိတ်တို့က ထိန်းချုပ်ဖို့ခက်ခဲလာသည်ကို နီရှီမူရာတစ်ယောက်
တဖြေးဖြေးချင်းသိလာလေ၏။
YOU ARE READING
Once In A Blue Moon[Completed]
Historical Fiction''ဝန်းငယ်က လူကြီးမင်းအတွက် ကံကြမ္မာဆိုးတဲ့'' ''ဟင့်အင်း။ကိုယ့်အတွက်တော့ ရေစက်လှလှလေး။ တစ်သက်မှာတစ်ခါပဲ ဆုံတွေ့နိုင်တဲ့ အပြာရောင် လမင်းလေး''