Once In A Blue Moon (2)

662 76 13
                                    

ဂိုဂူလျော ၏အခမ်းနားဆုံးနေ့တစ်နေ့

တိုင်းပြည်၏အနာဂတ်ဖြစ်သော အိမ်ရှေ့စံနှင့်အိမ်ရှေ့စံမိဖုရား၏လက်ထပ်ထိမ်းမြားခြင်းသည် တိုင်းသူပြည်သားတို့၏ကောင်းချီးပေးမှုဖြင့်အောင်မြင်စွာအထမြောက်ခဲ့လေသည်။
ပထမဦးဆုံးညကိုအတူဖြတ်သန်းရန်စိတ်လှုပ်ရှားနေသည့်အိမ်ရှေ့စံသည် သူ့ရှေ့မှာ ခေါင်းငုံ့ကာနေလေသော မိဖုရား၏ မျက်နှာကို မဝံမရဲ ကြည့်မိလေ၏။

''ဒီနေ့ပင်ပန်းခဲ့ရောပေါ့ ဝန်းငယ်..
ကိုယ်တို့စောစောအနားယူကြမလား''

''ဟုတ်ကဲ့''
ဟူသောအသံနှင့်အတူ အပြုံးတစ်ပွင့်ဖြင့်မော့ကြည့်လာလေသော ဝန်းငယ် ကိုမြင်တော့ အိမ်ရှေ့စံသည် စိတ်လှုပ်ရှားကာတုန်လှုပ်သွားရလေ၏။

''မင်းဘယ်သူလဲ။ ငါ့ရဲ့ ဝန်းငယ် ဘယ်မှာလဲ''

အိမ်ရှေ့စံ၏ မေးခွန်းကြောင့် တုန်လှုပ်သွားသူက မိဖုရားပင်ဖြစ်သည် ။ ဒူးထောက်ကာ ခေါင်းကိုငုံ့လျက်ဖြင့် အပြစ်တို့လျှော့အောင်တောင်းပန်​ဖို့အတွက်သာ သူ့စိတ်ထဲတွေးမိတော့သည်။

''စိုးရွံ့လှမိ ပါတယ် အိမ်ရှေ့စံ၊ အိမ်ရှေ့စံက ဥာဏ်အမြော်မျှင်ပြည့်ဝပြီးစိတ်နှလုံးပြည့်ဝသူမို့ ကျွန်တော်မျိုးမပြောသော စကားတို့ကို နားထောင်ပေးစေလိုပါတယ် အိမ်ရှေ့စံ''

ရှည်လျားသော ဇာတ်ကြောင်းကို နားထောင်ပြီးနောက် အရာအားလုံး ဗလာကျင်းသွားသလို တိတ်ဆိတ်လျက် အပ်ကျသံပင်မကြားရတဲ့အထိ ပတ်ဝန်းကျင်က အေးစက်နေလေ၏။

''မနက်ဖြန် ငါ့ကို ဝန်းငယ် ဆီ ခေါ်သွားပေး ၊
ဝန်းငယ်ကိုပဲ ငါ အပိုင်လိုချင်တယ် ၊ မင်းတို့မိသားစု အတွက်အပြစ်ဒဏ်ချ လိုက်ရင် ဝန်းငယ်က အထိခိုက်ဆုံးဖြစ်မှာမို့ ဒီကိစ္စကို ဘယ်သူမှမသိပါစေနဲ့၊ လွန်ခဲ့တဲ့ ၃လ က မင်းတို့မိသားစု လုပ်ခဲ့သလိုပဲ ဝန်းငယ်ကိုအစားထိုးပြန်ပေး''

''ဒါပေမဲ့ ဝန်းငယ် က ယောကျာ်းလေး တစ်​ယောက်...'''

''ငါဂရုမစိုက်ဘူး ။ငါမြတ်နိုးရတဲ့သူကဝန်းငယ်ပဲ''

''ဒါပေမဲ့ ပြန်လည်စဥ်းစားပါအုံး မင်းသား၊
ဒီကိစ္စက ပေါက်ကြားသွားခဲ့ရင် ဝန်းငယ်တင်မကပဲ ကျွန်တော်မျိုးမတို့ ဆွေစဥ်မျိုးဆက် ခေါင်းဖြတ်ခံရမှာပါ။ ပြီးတော့ ဝန်းငယ်က အိမ်ရှေ့စံအတွက် ရေစက်ဆိုး အဖြစ် မွေးဖွားလာတဲ့ကလေးငယ်မို့ မသင့်တော်ကြောင်း..''

Once In A Blue Moon[Completed]Where stories live. Discover now