၅နှစ်ကြာပြီးနောက် ရှီလာပြည်
ပတ်ဂျုံဆောင်း သည် ဂိုဂူလျောမှအစချီ၍ တစ်နယ်ဝင်တစ်နယ်ထွက်၊တစ်ရွာဝင်တစ်ရွာ ထွက်ဖြင့် ပုန်းရှောင်နေသောချစ်ရသူကိုလိုက်လံရှာဖွေနေခဲ့သည်မှာ ရက်အားဖြင့် ရက်ပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီဖြစ်၏။ ပုန်းရှောင်နေသူသည် ရက်စက်ပါပေစွ။ ၅နှစ်လုံးလုံး အဆက်အသွယ်လေး တစွန်းတစ်စတောင်မရှိခဲ့သလို သတင်းသဲ့သဲ့တောင်မကြားရပါပေ။
ကောက်ရိုးပုံထဲအပ်ပျောက်ရှာရသည်ကမှပိုမိုလွယ်ကူမည်ဟုဂျုံဆောင်းထင်မိသည်။ ပင်လယ်ရေပြင်၏အနက်ရှိုင်းဆုံးထိ နစ်မြုပ်သွားသည့် ဖန်ကွဲစလေးလို၊ လေအဝှေ့မှာပျောက်ကွယ်သွားသည့်မီးခိုးမှုန်လေးလို၊ ချစ်ရသူသည် အသည်းမာမာဖြင့် ဂျုံဆောင်းကို ချန်ထားခဲ့၏။ ချစ်ရသူကိုသေလူအဖြစ်သတ်မှတ်ခဲ့မိပြီး၅နှစ်လုံးလုံး လွမ်းဆွတ်တမ်းတနေခဲ့ရသောဂျုံဆောင်းအတွက်ကတော့ သတင်းစသေးသေးလေးနှင့်တူတာမတွေ့ရလျှင်တောင်၊စကြာဝဠာအပြင်ဘက်ထိလိုက်ပြီး ရှာဖွေရလျှင်တောင်၊ ရက်ပေါင်းထောင်ချီသောင်းချီကြာမြင့်သွားမည်ဆိုလျှင်တောင် သူ၏ချစ်ရသူ ကိုပြန်လည်တွေ့နိုင်ဖို့အတွက်လက်လျှော့မည်မဟုတ်ပါပေ။
ရှီလာပြည်၏မြို့တော်ထဲသို့ဝင်လိုက်သည်နှင့်လေထုကအစပြောင်းလဲနေသလိုမျိုး။ရှီလာပြည်သည်ဂိုဂူလျောထပ်စာလျှင် ပိုပြီးစည်ကားကာကုန်သွယ်ရေးလဲပိုပြီးပေါက် ရောက်၏။တရုတ်၊ဂျပန်စသည့်နိုင်ငံရပ်ခြားတိုင်းတစ်ပါး၏ အငွေ့အသက်များကိုလဲ ရှီလာပြည် တွင်တွေ့မြင်နိုင်၏။ ရှီလာပြည်တွင် လူတိုင်းနီးပါးက လက်ဝတ်ရတနာများကို ဝတ်ဆင်ကြသည်ကို ဂျုံဆောင်းသတိထားမိ၏။ လက်ဝတ်ရတနာများသည်လဲ ရိုးရိုးရှင်းရှင်းပုံမျိုးမဟုတ်။ ကျောက်အမျိုးအစား
အစုံ ဖြင့်လက်ရာလှလှလေးများကို ဝတ်ဆင်ကြသည်မှာ လမ်းဘေးစျေးသည်လေးမှအစ လူကုန်ထံများအဆုံးပင်။ခရီးနှင်လာရတာပင်ပန်းနေသည်ကတစ်ကြောင်း ဗိုက်ကလဲဆာလာသည်မို့ ပတ်ဝန်းကျင်ကိုလေ့လာနေခြင်းအမှုကိုအဆုံး သတ်လိုက်ပြီးအနီးစပ်ဆုံး စားသောက်ဆိုင်ငယ်ရှိရာသို့ခြေလှမ်းလှမ်းခဲ့တော့သည်။ဆိုင်အဝင်ဝ၏မြင်းထားရာမြင်းဇောင်းလေးတွင်သူ၏ခရီးသွားအဖော်မြင်းဖြူလေးက်ိုသေချာချည်ရင်းရေတိုက်အစာကျွေးသည့်အမှုကိုလုပ်ရပြန်၏။အားလုံးပြီးစီးသွားလေတော့ ဆိုင်ထဲသို့ဝင်ကာ ဆိုင်ထောင့် ကစားပွဲတွင်ထိုင်ရင်း အမဲသားခေါက်ဆွဲတစ်ပွဲမှာယူလိုက်တော့၏။
YOU ARE READING
Once In A Blue Moon[Completed]
Historical Fiction''ဝန်းငယ်က လူကြီးမင်းအတွက် ကံကြမ္မာဆိုးတဲ့'' ''ဟင့်အင်း။ကိုယ့်အတွက်တော့ ရေစက်လှလှလေး။ တစ်သက်မှာတစ်ခါပဲ ဆုံတွေ့နိုင်တဲ့ အပြာရောင် လမင်းလေး''