သုံးပြည်ထောင်စု၏ ဂိုဂူလျော ပြည်
နေမင်း၏အရှိန်အဝါတို့ပျောက်ကွယ်သွားပြီး
ပြည်နယ်တစ်ခုလုံးအမှောင်ဖုံးသွားလေ၏ ။
နေမင်း၏အလုံးစုံသောအရှိန်အဝါအားလုံးသည် မဲနက်နေသောအရိပ်၏ဝါးမျိုခြင်းခံလိုက်ရတာမို့ တိုင်းပြည်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်လျက်။တိုင်းပြည်၏အရှင်သခင်၊ သခင်မနှင့်အတူအိမ်ရှေ့စံအလျောင်းအလျာ ကလေးငယ် ၊ တိုင်းပြည်၏ အတိုင်ပင်ခံမှုးမတ်အပေါင်းနှင့် နက္ခတ်ဗေဒပညာရှင်၊နတ်ဆရာမ များသည်
ညီလာခံကျင်းပရာနေရာတွင်စုဝေးလျက် အလုပ်ရှုပ်နေကြသည်။''နေ၏အစွမ်းကိုဖုံးလွှမ်းနိုင်ပြီးတိုင်းပြည်အနာဂတ်ကိုဝါးမျိုနိုင်သော အစွမ်းရှိသူ တစ်ယောက်သည် ယနေ့ညသန်းခေါင်ယံအတိ၌လူ့လောကထဲသို့ဝင်ရောက်လိမ့်မည်။
အိမ်ရှေ့စံ၏ အရှိန်အဝါအားလုံးသည် ထိုလူသားကြောင့် ပျောက်ဆုံးကုန်လတ္တံ''နတ်ဝင်သည်နတ်ဆရာမ၏စကားအဆုံးတွင် ညီလာခံရှိလူအားလုံးသည်တုန်လှုပ်ကုန်သည်။
နက္ခဗေဒပညာရှင်သည်လဲ မျက်လုံးကိုစုံမှိတ်လျက်လက်ချောင်းများကိုလက်ဆစ်ချိုးရေတွက်ရင်း သြရှသောအသံဖြင့်ဆိုလာသည်။
''လ၏အစွမ်းသည်အေးချမ်းခြင်းကိုပေးမည်မို့
စေတန်ဂြိုလ်ကြီးစိုးသော ထိုကလေးငယ်နှင့်အတူ တစ်နေ့ထဲ မွေးဖွားလာမည့် လမင်း၏နတ်ဘုရားသံမာန်တော်သာ
အိမ်ရှေ့စံ၏ ဘေးမှာရှိမယ်ဆို လျှင်
တိုင်းပြည်အနာဂတ်သည်လဲလရောင်လွှမ်းသကဲ့သို့အေးချမ်းပါပေလိမ့်မည်။''''ဒီည သန်းခေါင်ယံမှာမွေးဖွားလာမည့် ကလေးတွေစာရင်းအား အမြန်ပြုစုချေကြမောင်မင်းတို့။ သန်းခေါင်ယံအတိမှာမွေးသည့် သားယောကျာ်းလေးတိုင်းကို ရှင်းလင်းသုတ်သင်မှဖြစ်ပေမည်။ သားကိုမပေးလျှင် မိခင်ရောသားကိုပါနယ်နှင်ဒဏ်ပေးစေ။
သန်းခေါင်ယံအတိ မွေးဖွားသော သမီး မိန်းကလေးကိုမူ အသက်ဆယ့်ရှစ်နှစ်ပြည့်တာနှင့် အိမ်ရှေ့စံနှင့်ထိမ်းမြားဖို့အတွက် အသင့်ဖြစ်ပါစေ။ဇာတာရှင်အားသေချာရွေးချယ်ရမည်ကတော့တိုင်းပြည်၏လျှို့ဝှက်ချက်ဖြစ်ပါစေ''
YOU ARE READING
Once In A Blue Moon[Completed]
Historical Fiction''ဝန်းငယ်က လူကြီးမင်းအတွက် ကံကြမ္မာဆိုးတဲ့'' ''ဟင့်အင်း။ကိုယ့်အတွက်တော့ ရေစက်လှလှလေး။ တစ်သက်မှာတစ်ခါပဲ ဆုံတွေ့နိုင်တဲ့ အပြာရောင် လမင်းလေး''