5

334 37 1
                                    

သူ​ေကာ်ဖီဆိုင်ထဲ ဝင်ဝင်ချင်း jin ကိုတွေ့လိုက်သည်။ ဝင်ရမလို ပြန်လှည့်ရမလို ဖြစ်နေရာမှ ခြေလှမ်းများက ဆိုင်ထဲသို့်။
ဆိုင်ထဲတွင် ထိုင်မလို့ လုပ်ပြီးမ ဆတ်ခနဲ ပြန်ထရန် ပြင်လိုက်သည်။
Jin ကတော့ သူ့ကို မတွေ့သေးဘဲ ခေါင်းငုံ့ပြီး မုန့်စားနေသည်။
"အကို ဘာသုံးဆောင်မလဲဗျ"
စားပွဲထိုးလေး ရောက်လာပြီမို့ ပြန်လှည့်ထွက်ရမှာ အားနာစွာနှင့်ထိုင်ချလိုက်သည်။
" ကော်ဖီပဲပေး ညီလေး"
"ဟုတ်ကဲ့ အစ်ကို"
Jin ကသူနဲ့ မျက်နှာချင်းဆိုင် အနေထားမျိုးတွင် ရှိနေသော်လည်း သူ့ကို ခုထိမမြင်သေးပါ။
ဖြစ်နိုင်လျှင် သူ့ကိုသူ ကိုယ်ရောင်ဖျောက်ထားလိုက်ချင်သည်။သူ့ကို ခုလိူ တစ်ယောက်ထဲ မြင်လျှင်တော့ ဒီဘက် စားပွဲကို ကူးလာမှာ သေချာသည်လေ။
အဲဒီလို အိန္ဒြေမရတာတေကြောင့်လဲ သူ့ကို ကြည့်မရတာပါ။သူ့ကို ကြည့်နေရင်း ရင်ထဲ ကျင်တက်လာသည်။ဘယ်လို ခံစားမှုမှန်းမသိပါ။
စာပွဲထိုးကောင်လေးချပေးသော ကော်ဖီကို သောက်နေရင်း jin ဆီကို အကြည့်ရောက်နေမိသည်။
Jin သူ့ကိုတွေ့သွားမှာ ရင်တထိတ်ထိတ် ရှိလှသည်။
ရှပ်အဖြူလေးကို ဘောင်းဘီတိုလေးနဲ့ တွဲဝတ်ထားကာ အိမ်နေစတိုင်လ်လေးနှင့် လွတ်လွပ်လပ်လပ် ​ြဖစ်လှသည်။တစ်မျိုးကြည့်ကောင်းနေသည်။
"Omo္"
ဖျတ်ခနဲ လှည့်ကြည့်ကာ သူ့တို မြင်သွားတော့ မျက်လုံးလေးတေ တဖျတ်ဖျတ်လက်ကာ ချက်ချင်းပဲ သူ့စားပွဲ ကူးလာသည်။ပြောသားပဲ ။
"လုံးဝမတွေ့ဘူး မင်းကို ကော်ဖီလာသောက်တာလား။ jinက ခုမှအိပ်ယာကနိုးတာ ဗိုက်ဆာလို့ ဒီမှာ လာစားနေတာ "
ပါးစပ်ကလည်းပြောရင်း လူကလည်း ခုံမှာ ထိုင်ချလိုက်တာ လျင်မြန်လွန်းလှသည်။
     ဘယ်လိုဟာလေးပါလိမ့် ။ပြာယာကို ခတ်နေတာပဲ ။
"သောက်လေ........... အေးတော့မယ် ငါချောမှန်း သိတာမလို အဲလောက်ထိ ကြည့်စရာ မလိုဘူး "
စိတ် ပျက်လို့ ကြည့်နေတာကို ဘာတဲ့။ 🤣🤣🤣.....အော်သာရယ်လိုက်ချင်တယ် ။စိတ်ထဲမှာတော့ joen jung kook တို့ ကမ္ဘာပျက်နေပြီ။
"မင်း ရှင်းနော်" jin jk ကို ပြောမိသည် ။ မျှော်လင့်ချက်လေးနဲ့။
"No"
"တကယ်လား "
မျက်လုံးပြူးကလေးနဲ့ မယုံသလို ပြန်မေး၏။
"ဟုတ်တယ် ဘာလို့ရှင်းရမှာလည်း မင်းနဲ့ငါနဲ့ ဘာဆိုင်လို့လည်း "
"ရပါတယ် .........ဟုတ်တာပေါ့"
ခေါင်းညိမ့်ပြပြီး မချိမချဉ်လေးပြုံးကာ ပြန်ပြောနေသည်။
သက်ပြင်းတရှိုက်နဲ့ သူဒေါသ ဖြစ်ရ၏။
လူကိုများ သူ့ရည်းစား မှတ်နေတာလား ။စိုက်ပြီးကြည့်နေတာ ။Kim Soek Jin မင်းကို စိတ်နဲ့တောင်မပြစ်မှားဘူး ၊သူ့မျက်လုံးတေကို ပြန်စိုက်ကြည့်ကာ စိတ်ထဲက ပြောနေမိသည်။
ကော်ဖီသောက်တော့ အရသာက ကင်းမဲ့နေသည်။
Jin မျက်လုံးအိမ်ထဲ ရုတ်ချည်းစိုစွတ်လာသည်။
Jinမှာတော့

မုန်းဖို့ကို နှလုံးသားက ခွင့်မပြုWhere stories live. Discover now