11

393 44 9
                                    

           "Hyung"
"အင်း jinjin"
Jin အိပ်ယာပေါ်မှ ဆင်းကာ ခုတင်ဘေးမှာ သွားရပ်လိုက်သည်။

"Jin သူနဲ့ ရန်ဖြစ်ခဲ့တယ်"

"ဘာလို့လဲကွာ မုန်းတာလဲ မဟုတ်ဘဲနဲ့"

"စိတ်ဆိုးလို့ပေါ့"

"သူဒေါကန်သွားလား"

"မသိဘူး"

"ခက်ပါလားကွာ ကိုယ့်ဘက်က တကယ် မုန်းတာလဲ မဟုတ်ဘဲနဲ့"

"ဟင့်အင်း.........Hyung ကျနော်မုန်းကြည့်ချင်တယ်"

Tae အခန်းထဲက ထွက်သွားတော့ သူတစ်ယောက်ထဲ ကျန်ခဲ့သည်။
Jungkook နဲ့မျက်နှာ ချင်းဆိုင်ရမှာ လန့်နေသည်။ရင်မဆိုင်ရဲသော စိတ်က လွှ​မ်းမိုးထားသည်။

"ကိုယ်တောင်ပန်ပါတယ်၊ လွန်ခဲ့တာတွေ အားလုံးအတွက်ပေါ့၊ ခွင့်လွတ်ပေးပါ"

Jungkook စကားတွေကို ပြန်လည်ကြားယောင်မိသည်။ငြိမ်းချမ်းရေး လိုချင်တာလား jk ရယ်။ ငါက ဘာမှကို မမျှော်လင့်တော့တာပါကွာ။ငါနောက်ဆုတ်လိုက်တာကို မင်းကျေနပ်လိုက်ပါတော့။

အေးအေးပဲနေပါရစေတော့။မင်းနဲ့လည်း ရန်မဖြစ်ချင်တောဘူး။ ငါလန့်နေမိပြီ။
ချစ်ခဲ့တာတော့ အမှန်ပါပဲ။ငါ့ဘဝမှာ မင်းကို အချစ်ဆုံးပါ။
မပိုင်ဆိုင်ရတော့ဘူးဆိုတာ သိတော့ ရင်တစ်ခုလုံး ပေါက်ထွက်လုမတတ် နာကျင်ခဲ့ရတာပါကွာ။

မင်းစကားတွေ၊ မင်းအပြုမူတွေ၊ ပြီးတော့ မင်းအထိတွေ့တွေ..........
ခါးသီးမုန်းမျက်မိပါပြီ။ စိတ်ဆိုးတာ မဟုတ်ပါဘူး၊ အရှုံးပေးပြီး နောက်ဆုတ်လိုက်တာပါ။

ဒါမယ့် မင်းကိုမြင်တိုင်း ရင်ခုန်သံတွေ မြန်လာတာကို တားမရသေးဘူး။

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

          ခြံရှေ့က ဘဲလ်သံကြောင့် Tae က သောက်လက်စ ကော်ဖီခွက်ကို ကိုင်လျက် Jungkook ကို ထမင်းစားပွဲမှာ ထားရစ်ကာ ဧည့်ခန်းဘက် ပြေးထွက်လာခဲ့၏။

"လာပြီဗျို့"
အပြင်ကနေ မကြားနိုင်မှန်းသိပေမယ့် အော်ပြောမိသည်။

"ဆက်တိုက်ကြီးပါလား ဘယ်သူပါလိမ့်"
Jungkook က ပြေးထွက်သွားသော Tae ကို ကြည့်လျက် သက်ပြင်းရှိုက်၏။
Jungkook ရင်ထဲ ငြိမ်သက်မှု မရှိ စိတ်တွေလှုပ်ရှားနေသည်။ကော်ဖီပန်းကန်ကို စိုက်ကြည့်ရင်း jin နှင့်တွေ့ချင်စိတ် ပြင်းထန်လာသည်။
မတွေ့တာကြာပြီမို့ သူ့ကို သတိရလွန်းနေသည်။
တမင်ရှောင်နေတာမို့ တွေ့ဖို့ကြိုးစားလဲ အရာထင်မှာမဟုတ်။
ကိုယ့်ကို တွန်းပစ်ပြီ ပြေးသွားကတည်းက အပုန်းကောင်းနေခဲ့တာ။
စိတ်နာနေပြီ၊  မုန်းနေပြီ ဆိုတာ သိသော်လည်း စိမ်းသက်သက် အကြည်​တွေကို မြင်ချင်​ေနမိသည်။
စိတ်သည် အင်မတန် ဆန်းကြယ်လွန်းလှသည်။ နည်းမျိုးစုံ ကြိုးစားတုန်းက ကိုယ့်နှလုံးသားက မာကျော အေးစက်နေသည်။
    ဘာကြောင့်တွေ့ချင်တာလည်း။
နားမလည်ချင်တော့ပါ။မစဉ်းစားတတ်တော့။ သည်အိမ်ရောက်လာတာ Tae ကို တွေ့ချင်လို့မဟုတ်။
Tae ဘက်ကရော........သူမသိပါ။
Tea ကို မျှော်လင့်ချက် ပေးသလိုဖြစ်နေမလား။
Jin ဆီလာနေတာကို Tae သိပါ့မလား။
သူခေါင်းကြီးလာသည်။
စားပွဲမှ ထကာ ဧည့်ခန်းသို့ ထွက်လာခဲ့သည်။

မုန်းဖို့ကို နှလုံးသားက ခွင့်မပြုWhere stories live. Discover now