Jin ရောက်သွားတော့ hoseok hyung က အိမ်မှာ ရှိမနေပါ။
သေချာမှာထား လျက်နဲ့ ပြောမပေးထါးတာကို စိတ်တိုမိသည်။
ခြံထဲ ထိုင်နေသော သူ့ဆီလျှောက်သွားကာ
"Jungkook "
"Humm".
ဆတ်ခနဲ လှည့်ကြည့် jin ကိုမြင်တော့ မခိုးမခန့် ပြုံးမိသည်။
"Hoseok hyung ဘယ်မှာလည်း"
"အိမ်ထဲမှာ မရှိဘူးလား" ဟု ရယ်ဟဟ မေးလိုက်သည်။
"မရှိဘူး"
"အေး ဟုတ်တယ် အပြင် ထွက်သွားပြီ"
Jk ခပ်တည်တည် ဖြေလိုက်သည်။
"မှာထားတာ ဘာလို့ မပြောပေးတါလဲ "
"ဟ..........မပြောပေးနိုင်ဘူးလို့ ပြောလိုက်တယ်လေ မင်း နားမကောင်းဘူးလား"
"စိတ်ပုတ်လိုက်တာ".
"ဒါလေး ပြောပေးတါ ဝန်လေးတာလား "
"ငါမှ မပြောပေးချင်တာ ဖုန်းဆက်လိုက် ပြီးနေတာကို ဇယားတေလာ ရှုပ်နေတယ်"
"ဘာပြောတယ် ...😏😏မင်းကို Tae hyung နဲ့ တိုင်မယ်"
"အဟား.............. ငါက ကြောက်ရမှာလား မင်းကိုမပြောပေးနိုင်ဘူးလို့ အစကတည်းက ပြောပြီးသား"
"လိုက်ခဲ့မယ် ဆိုတော့လည်း မင်းပဲ မလိုက်နဲ့ ဆို"
"မင်းသဘောနဲ့ မင်း မလိုက်တာပါ"
"ဘယ်အချိန် ပြန်လာမလဲ"
"ဘာလဲ..သိပ်အရေးကြီးနေတာလား"
ရိသဲ့သဲ့ မေးနေသော Jk ကို jin စိတ်ဆိုးမိတာ အမှန် ဒါပေမယ့်
"ဟုတ်တယ် အရေးကြီးတယ် " အမြင်ကပ်လို့ ရွဲ့ကာ ပြန်ဖြေလိုက်သည်။
"မတွေ့ရ မနေနိုင် ဖြစ်နေလည်း လိုက်သွားလေ"
"ဘာလို့ လိုက်သွားရမှာလဲ"
"မနေနိုင်ဘူးဆို."
"Jungkook"
" ငါ့ကို လာမအော်နဲ့ မင်းအော်တိုင်း ခံမယ့်ကောင်ထဲမှာ ငါမပါဘူး."
"အော်မှာ မင်းက မဟုတ်တာ လာမပြောနဲ့"
"မဟုတ်ဘူးလား."
"မဟုတ်ဘူး jin တို့က ရိုးရိုး ခင်တာ "
"ဪ........ဪ"
"မယုံဘူးလား ကျိန်ပြရမှာလား"
" မင်းကို ဘယ်သူမှ ရိုက်မစစ်ဘူး"
လက်သီး နှစ်ဖက်ကို တင်းတင်းဆုပ်ရင် မခံချင်ဖြစ်သွားတာကို ကြည့်ရင်း Jungkook ရယ်ချင်မိသည်။
"Hyung ကို ရိုးရိုးပဲခင်တာဆို့တော့ ........သိပြီ ငါ့ကို......ငါ့ကို.......မင်း...မရှိုးသားဘူး ပေါ့ ကြိုက်နေတာပေါ့ ဟုတ်လား"
သူ့မေးခွန်းကြောင့် jin ၏မျက်လုံးလေးတေ ဝိုင်းစက်သွားကာ နားလေးတေက အစ မျက်နှာပြင် တစ်ခုလုံး နီရဲသွားလေသည်။
သည်လောက် ရင့်ရင့်သီးသီး မေးလိုက် လိမ့်မည်ဟု လုံးဝမထင်ပါ။
Jin ရင်ထဲ စူးခနဲ အောင့်တက်လာသည်။
မျက်လုံး အိမ်ထဲ၌ မျက်ရည်များ ပြည့်လျှံလာသည်။
"နာလား....... အဲဒီလိုပြောတော့ နာတယ် မဟုတ်လား "
"Jungkook .........မင်း"
"ဒါဆိုလည်း ပြန်မေးရတာပေါ့ " jungkook တစ်ချက် ပြုံးကာ
"မကြိုက်ဘူးလား jin လေး တကယ် မကြိုက်ဘူးလား"
Jk ထိုင်ရာမှ ထလာကာ jin ရှေ့ ရပ်မေးမိတော့ jin လန့်ဖြတ်စွာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
Jk အမေးကို ရုတ်တရက် မဖြေနိုင်။
"ဖြေလေ"
ခပ်မာမာ မေးလာ၏။
္ "ဟိတ်.......ဖြေလေ"
Jin ရဇိသမျှ အားအင်တေ ထုတ်သုံးကာ မျက်နှာကို ပြန်ထိန်းလိုက်ပြီး
"ဘာမှ မဆိုင်ဘူး..... "
Jin နောက်သို့ ပြန်လှည့်ရန် ပြင်လိုက်စဉ်
"နေပါဉီး.... ဖြေသွားပါဉီး "
Jungkook ုjin ရှေ့မှာ ပိတ်ရပ်ကာ ပြန်မေးလိုက်သည်။
"မဖြေဘူး မင်းက ဘာမို့လို့ ငါလာမေးနေတာလဲဖယ် ငါ့ရှေ့က"
Jungkook ခေါင်းမော့ကာ အော်ရယ်လိုက်ပြီး
"ဖြေးဖြေးပေါ့ ထိုင်ပါ စကားလေး ဘာလေးပြောရတာပေါ့ "
Jin လက်မောင်းကို ဆွဲကာ ခုံမှာ ထိုင်စေ၏။
Jin လည်း ကြာက်ကြောက်လန့်လန့်နှင့်ထိုင်ချလိုက်ရသည်။
Jk မျက်လုံးဘစူးစူး တွေနှင့် ယှဉ်မကြည့်ရဲလောက်အောင် ထိတ်မိကာ ရေငတ်သလိြ နှုတ်ခမ်းတေ ခေါက်သွေ့လာသည်။
"ငါ့ကို ဘာလို့ လိုက်ကပ်တာလဲ ဘာသဘောလဲဘငါ့ကို ကြိုက်နေတာ မဟုတ်ဘူးဆို လိုက်နှောင့်ယှက်နေတာတေက ဘာလဲ... "
Jungkook ခန္တာကိုယ် ကို ငုံ့ချကာ jin မျက်နှာ ရှေသို့ ကပ်အောင် နီးလိုက်ပြီး ဒေါသ တကြီးနှင့် မေး၏။
"Jungkook...... မင်း အနိုင်မကျင့်နဲ့.... ဖယ်"
"အဟား...." jungkook သဘောကျသွာ ရယ်မိသည်။
Jin ကြောက်နေတာကို သဘောကျလို့လေ ။
Jin jungkook ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ဆောင့် တွန်းပစ်လိုက်သည်။
"ဖယ်တော့ မင်း "
တောင့်တင်းသန်မာလွန်းသော သူ့ကို တွန်းဖယ်လို့ မရ။
"ဒီမှာ.. မင်းကို ငါက စိတ်ကူးထဲတောင် မထည့်ဘူး .....ရှင်းလား"
.နာကျင်ရှက်ရွံစွာ မျက်လှီာ ချမိသည်။သည်လောက်နင့်သီးသော စကားတေကို မျှော်လင့် မထားတာမို်လရင်ထဲခံရခက်သည်။
."မင်းကိုလည်း စိတ်မကူးပါဘူး"+လေသံသဲ့သဲ့နှင့် မနည်းအားယူပြောနေရသည်။
"စိိ်တ်မကူးရင် မင်း ဘာလို့ ဒီလို လုပ်ရတာလဲ"
"ဘာလုပ်လို့လဲ...... မင်းကို"
"ဘာလဲ.......ငါက ရှင်းပြရဉီးမှာလား"
"မင်း ဘာတေ လာပြောနေတာလဲ၊ နားမလည်ဘူး"
Jin မတ်တပ်ရပ်ကာ ဒေါသတကြီး စိုက်ကြည့် ကာ ပြောလိုက့သည်။
"မင်း ငါ့ကို လိုက်တွယ်ကပ်နေတာ ၊ အကြောင်းမရှိ အကြောင်းရှာနေတာတေက ကြိုက်လို့ မဟုတ်ဘူးလား ၊ ဘာကြော့လဲ ၊ာဘာလိုချင်လို့လဲ"
ပခုံးနှစ်ဖက်ကို ဆုတ်ကိုင်လှုပ်ကာ မေးလာတော့ jin အသက်ရှူမှားမတတ် ဖြစ်နေမိသည်။.သည်လိုမျိုး ခံရလိမ့်မည်ဟု မတွေးမိပါ ။ သူကိုယ်တိုင်လဲ ယောက်ျားလေးဖြစ်ပြီး ဘာကြောင့် ဒီလိုေတ ဖြစ်နေရတာလဲ ။
ပခုံးမှ လက်တို့်ကို ဆွဲဖယ်ပစ်တော့ Jk ေအော်ရယ်သည်။
"ငါမးတာပဲဖြေ ဘာလိုချင်တာလဲ"
"ဘာမှ မလိုချင်ဘူး... မင်း ငါ့ရှေ့က ဖယ်တော့"
"မင်း လိုချင်တာ ငါသိပါတယ် ". Jk ခပ်ညစ်ညစ်ပြုံးလိုက်သည်။ထို့နောက်
jinကို တင်းကြပ်စွာ ဖက်ပြီး မျက်နှာလေးကို ခပ်ကြမ်းကြမ်းဆွဲမော့ကာ နှုတ်ခမ်း အစုံကို ဖိကပ် နမ်းရှိုက်လိုက်လေသည်။
"ဟင့်...............အင်း"
Jin ငြင်းပေမယ့် ဘယ်လိုမှ မရပါ။ဖက်ထွေးမှုတွေက မြဲမြဲ တင်းကျပ်လွန်းလှသလို သူ့အနမ်း များကလည်း ပြင်းထန်လွန်းလှသည်။
Jin သတိလက်လွတ်ဖြစ်ကာ jk ရင်ကွင်ထဲမှာ ရုန်ူးမရ။ အထိတ်တလန့် ဖြစ်ကာ ငြိမ်နေမိတော့သည်။
Jungkook လွှတ်လိုက်တော့လည့်း ပြိုယိုင်ကျမတတ်ဖြစ်ရ၏။
ရှက်စိတ်နှင့် အားငယ်စိတ်က ငယ်ထိပ်ဖျားအထိရောက်လာကာ မျက်နှာ တပြင်လုံး တရှိန်းရှိန်းနဲ် ပူနွေးကာ နီရဲနေလေသည်။
အသားတေ တဆတ်ဆတ်တုန်ကာ နှုတ်ခမ်းတေကိုဖိကိုက်ထားမိသည်။နှုတ်ခမ်းတေ တဆတ်ဆတ်တုန်ကာ မျက်လုံး အိမ်ထဲ စိုစွတ်လာသည်။
"စိန်မခေါ်နဲ့........မှတ်ထား"
Jk အောင်နိုင်သူ အပြုံးနှင့် ခပ်ထေ့ထေ့ ပြုံးနေသည်။
Jin မကြည့်ရဲ့တော့ဘဲ ချာခနဲ လှည့်ပြေးလာခဲ့သည်။jin သူ့ကို ဘာမှ မလုပ်နိုင်ခဲ့။
ဘယ်လိုလုပ် အခန်းထဲကို ရောက်လာမှန်းမသိ ။အိပ်ယာပေါ် လှဲအိပ်တော့မှ ရှိုက်သံက ပိုကျယ်လာသည်။
နာကြည်းမှုထက် စိုးကြောက်မှုက ရင်ထဲ စိုးမိုးထားသည်။
ရက်စက်တယ် jungkook မင်း။
ကြေကွဲမှုက ရင်နဲ့မဆန့်။
မုန်းတယ် မုန်းတယ်။
မုန်းပါရစေတော့ မင်းကို။
ငါအရမ်းကြောက်မိနေပြီ။☀☀☀☀☀☀☀☀☀☀☀☀☀☀
မျှော်နေတဲ့ လူများ ရှိမလားလို့ အပ်ပေးလိုက်တယ်နော်
Jungkook ကြီးတော့ လုပ်ချလိုက်ပါပြီ
ခုတလော သတင်းတေကလည်း စိတ်မကောင်းရဘူး
Jk ကို IU နဲ့ သဝန်တိုနေရတယ်
ကြိုးစားပြီးကို ရေးနေရတယ် ခံစားချက်တေ မကောင်းဘူး
အမှားလေးတေပါရင် တောင်းပန်ပါတယ်
YOU ARE READING
မုန်းဖို့ကို နှလုံးသားက ခွင့်မပြု
Fanfictionjin လေးက တစ်ဖက်သတ် ကြွေနေတဲ့ပုံစံလေးပါ jin နဲ့ jk က အိမ်နီးချင်းတေပါ jk က jin ကြိုက်နေမှန်းသိလို့ jin ကို မတည့်နေပါဘူး jinလေး ရှောင်နေတဲ့ အချိန်တွင်..... လုံးဝကို အချစ် ဝတ္ထုလေးပါ နော်