လမ်းထိပ်ကဆိုင်ထဲ အဝင်မှာ တစ်ဉီးထဲထိုင်ကာ မုန့်စားနေသော jin ကိုလှမ်းတွေ့လိုက်ရတော့ သူပျော်မိသွားသည်။ဖော်ဖော်ရွေရွေ သူ့စားပွဲကူးလာတာကို ပြန်သတိရမိသည်။မသိမသာလေးပြုံးရင်း စားပွဲလွတ်တစ်ခုမှာ သူဝင်ထိုင်လိုက်သည်။
ဘေးစောင်းမြင်နေရတဲ့ jin ကို ခဏခဏလှမ်းကြည့်နေပေမယ့် jin ကတော့ သူ့ကို မြင်ပုံမရသေးပါ။ ထူးဆန်းစွာပဲ သူ ရင်တွေ တဒိတ်ဒိတ် ခုန်နေမိသည်။jin သူ့ကို မမြင်သေးတာ အသည်းယားမိသည်။
ဒီနေ့မှ သူ jin နဲ့စကားတေ ပြောချင်နေမိသည်။ ဆန်းကြယ်လွန်းလှသော ဆန္ဒပါလား သည် ဆန္ဒက ဘယ်အချိန်ကတည်းက ငုံ့လျှိုးနေခဲ့တာလဲ။
ဝေဝေဆါဆာ ပြောလာမယ့် စကားလုံးချိုချိုလေးတွေ နားထောင်ရင်း jin ကိုငေးကြည့်ချင်သည်။
လက်ဖက်ရည်ခွက်ကို ဇွန်းလေးနှင့်မွှေနေတုန်းမှာပဲ jin က သူ့ကိုလှမ်းမြင်သွားသည်။
ကိုယ်လည်း အကြည့်မလွှဲဘဲ စိုက်ကြည့်နေမိသည်။jin ကတော့ ချက်ချင်း ပဲမျက်လွှာချပြီး ကော်ဖီခွက်ကို ကောက်ယူမော့သောက်လိုက်သည်
သူ သတိလက်လွတ် ကြည့်နေမိတော့သည်။သူ့ဆီ မလာတော့ဘူးလား ကောင်လေးရေ။
ပြောင်းလဲသွားသော အေြခအနေတစ်ရပ်ကို သူခံနိုင်ရည် လုံးဝမရှိပါ။
Jin ကတော့ ဘာမှမဖြစ်သလို ဆက်ထိုင်နေပေမယ့် သူ့ရင်ထဲမှာတော့ ဗြောင်းဆန်နေပြီ ုဖစ်သည်။ခေါင်းထဲ ဘာမှ စဉ်းစားမရအောင် ပူနေချိန်မှာပဲ လူက jin ရှိရာ စားပွဲကို ရောက်သွားပြီ ဖြစ်သည်။
Jin နှင့် မျက်နှာ ချင်းဆိုနင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ jin က မော့ကြည့်လာသည်။ သူ့ကို စကား တစ်ခွန်းမှ မဆိုပဲ ကော်ဖီကိုသာသောက်နေ၏။
"Jin"
သူ့ခေါ်သံက အနည်းငယ် မာဆတ်သည်။jin မော့ မကြည့်မိ။
"Kim Soek Jin"
မျက်လွှာလေး ပင့်ပြီး သူကို ကြည့်သည်။
"တစ်ယောက်ထဲလား"
"Inn"
"ရှင်းလိုက်နော်"
ဘာရယ်မဟုတ် ပြောမိပြောရာ ပြောချလိုက်သည်။
"Inn"
ငြင်းဆန်မနေဘဲ ခေါင်းညိမ့်တော့ ကိုယ်ပိုပြီးနေရခက်သည်။သူ ဘာဖြစ်နေတာပါလိမ့်။ ကိုယ့်ဘက်က ဒီလောက် အောက်ကျ နောက်ကျ ခေါ်နေတာကို အေးစက်စက်။
"Tae ရှိလား "
မေးစရာ ဒါပဲရှိနေသည်။
"ဟင့်အင်း မရှိဘူး အပြင်သွားတယ်"
"ဪ"
မေးတာသာ ဖြေပြီး စကားကိုမဆို။သူစိတ်ပျက်လက်ပျက် ထိုင်ကြည့်နေမိတော့သည်။
သူကြည့်နေတာကို မျက်လုံးတေ လွှဲဖယ်ထားပြီး မသိသလိုနေသည်။ပြီးမှ ကိုယ့်မျက်လုံးထဲကို စူးစမ်းသလိုကြည့်လာတော့ အသက်ရူမှားမတတ် ဖြစ်သွားရသည်။သူ့ကို ခွင့်မလွတ်နိုင်သလို ကြည့်နေတော့ လန့်သွားမိသည်။
ကိုယ်လဲ သူ့ကို စူးစိုက်ပြန်ကြည့်မိသည်။ချက်ချင်းပဲ မျက်ရည်က ဝေ့လါတော့ တုန်လှုပ်ရသည်။မျက်လုံးတေက ဒဏ်ရာတစ်ခုခုကို ပြင်းထန်စွာ ရရှိထားသလို နာကြင်ကြေကွဲလို့နေသည်။ ဝေဒနါ ရိပ်ကို ထင်ထင်ရှားရှား မြင်ရတော့ တကယ် စိတ်နာနေပြီဆိုတာ သိခွင့်ရလိုက်သည်။ ငါ့ မှားခဲ့ပြီလား ကောင်လေး။
"ရှင်းခဲ့ပါ့မယ် သွားတော့မယ်"
"ဟာ...... နေပါဉီး ကိုယ်ဘာမှတာင် မစားရသေးဘူး ဘယ်လိုရှင်းမှာလဲ" jungkook ကမန်းကတန်း တားမိသည်။ jin ကသူ့ကို ကြည့်၏။
ကိုယ့်ရင်ထဲမှာတော့ သူကြည့်လိုက်တဲ့ အကြည့်တေကို မေ့မရ ။ဘယ်လို ကြည့်လိုက်တာလဲ jin ရယ်။
"မာမီ့ ဆီလိုက်ခဲ့ပါလား jin" သူလိုလားစွာ ခေါ်မိသည်။
္"မလိုက်ချင်ဘူး."
"ဘာဖြစ်လို့လဲ" မျက်နှာ ပျက်ပျက်နှင့် မေးလိုက်မိသည်။
"ဘာကိ္္စ္စမှ မရှိဘဲ."
"ကိစ္စမရှိရင် မလာဘူးလား"
"မလိုက်ချင်လို့ပါ"
"ကိုယ့်ကို စိတ်ဆိုးနေတာလား."
"ဘာကို စိတ်ဆိုးရမှာလဲ ငါက မင်းကို "
" အစစ အရာရာ ပေါ့"
"မဆိုးပါဘူး ဘာလဲ မင်းက သနားနေတာလား"
"ကိုယ့်ကို မကျေနပ်ဘူး မဟုတ်လား"
Jin မဖြေမိ။
"Tae နဲ့ ကိုယ့်ကို သဘောတူလား"
"အဲတာ မင်းတို့ ကိစ္စပါ"
သူမရယ်ချင်ပဲ ရယ်မိသည်။
"သွားတော့မယ်"
"ကိ်ုယ်ပဲ ရှင်းလိုက်မယ်"
ချက်ချင်းပဲ သူ jin နောက်က လိုက်လာမိသည်။
ယှဉ်လျှောက်ရင်း ငဲ့ကြည့်တော့ jin ကစိတ်ရှုပ်နေသလို မျက်လုံးလေး ရွှေကြည့်သည်။
လက်ဖျားလေးကို ဆွဲယူလိုက်တော့ အလန့်တကြား ပြန်ရှုန်းသည်။
"ကိုယ့်ကို စကားပြောပါ jin ကိုယ့်ကို စိတ်ဆိုးနေလား "
Jin လက်ကောက်ကောက်လေးတွေကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ သူ ခပ်လောလော မေး နေမိသည်။
"Kim Soek jin"
Jin ကတေ.ာ သူ့ကိုမကြည့်ဘဲ လက်ကိုသာ
အတင်းရှုန်းနေသည်။
"ပြောလေ ကိုယ့်ကို ခွင့်မလွှတ်ဘူးလား"
Jin မျက်လုံးအိမ်မှ မျက်ရည်တွေ ဝဲလာတော့
္"ဟာ"
မျက်ရည်တွေ စီးကျနေသော ပါးပြင်မိူ့မို့ လေးကို ကြည့်ရင်း အပြစ်ရှိသလို ခံစားနေမိကာ နောင်တရ ကြေကွဲ နာကျင်လာသည်။
"ဖယ်"
."jin"
တောင်းပန်သလို ကြည့်တော့ သူ့မျက်လုံးေတွကို ဂရုမစိုက်တော့ပါ။
." ဖယ်နော် jungkook"
"ခဏလေးပါ ကိုယ်ပြောစရာရှိတယ်္"
" နားမထောင်ချင်ဘူး ဖယ် ငါ့ရှေ့က"
" မဟုတ်သေးဘူး ကိုယ်ကို ဒေါသထွက်နေတယ်မလား၊ ကိုယ်တောင်းပန်ပါတယ် ၊ကိုယ်လွန်ခဲ့တာ အများကြီးပါ."
"တော်ပါတော့ ငါ့ကို လွှတ်ပါတော့ ၊ အဲတာတွေ မကြားချင်ဘူး ၊ မင်းငါ့ကို ရွံတယ် မဟုတ်လား လွှတ်"
" မဟုတ်ဘူး jin ၊ ကိုယ်တောင်းပန်ပါတယ် "
" မတောင်းပန်နဲ့ ၊ ခွင့်လွှတ်လို့လည်း မရဘူး ဖယ်"
ချာခနဲ လှည့်ပြေးသွားသော jin ကို ကြည့်ရင်း ရပ်ကြည့်နေမိသည်။ကိုယ့် အပြစ်တွေ ကို တောင်းပန်သော်လည်း ခွင့်မလွှတ်ပေးနိုင်မှန်း သိတော့ ရင်ထဲအောင့်နေမိသည်။
တောင်းပန်နေပြီပဲ jin ရယ်။
ဘာကြောင့် မကျေအေးနိုင်ရတာလဲ။ကိုယ့်ကို မုန်းတီး ခါးသီးသွားပြီလား။
နွေးထွေးလွန်းတဲ့ မင်းရဲ့ အကြည့်တေကို ကိုယ် နောက်ထပ် မရနိုင်တော့ဘူးလား။ကိုယ်တောင့်တနေမိပြီ။ ကိုယ်ဘာလုပ်ပေးရမလဲ မင်းကျေနပ်လာဖို့။💔💔💔💔💔💔💔💔💔💔💔💔💔💔
ခုံမှာ ဝင်ထိုင်ပြီး ပါးပြင်ပေါ်သို မျက်ရည်များစီးကြလာသည်။
မုန်းတယ် မင်းကို။ငါက မင်းအတွက် ကစားစရာများ မှတ်နေလား။
မင်းကို သိပ်ချစ်ခဲ့တယ်။ ချစ်လွန်းလို့ မင်းအနိုင်ကျင့်သမျှကို ယောက်ျားတန်မဲ့ ခံခဲ့တယ်။မင်း ဘက်က သွေးအေးအေးနှင့် တုန့်ပြန်မှုတွေကြောင့် ငါဘယ်လောက် စိတ်ထိခိုက်ခဲ့ရသလဲ။
ငါသိကြောက်နေမိပြီ။မင်းကို မေ့ထားချင်တယ်။ငါ ခံနိုင်ရည် မရှိတော့လို့ပါ။ မင်းရက်စက်ခဲ့တာတွေကို ပြန်မတွေးချင်တော့ဘူး။
မင်းနဲ့ Tae hyung ကိုလည်း ဘာမှ မနှောင့်ယှက်တော့ပါဘူး။မင်းကို မေ့နိုင်အောင်ကြိုးစားတော့မှာ။
အကုန်လုံးကို မေ့ပြီး jin အိပ်လိုက်သည်။
အိပ်မက်ထဲမှာ jungkook က သူ့ကို မောက်မာစွာပြောပြီး အေးစက်စွာ ထားပြစ်ခဲ့သည်။
Jungkook နောက်ကို လိုက်ပေမယ့် ဘယ်လိုမှ မမှီ။
"Jungkook ........jin ကိုခေါ်သွားပါ jungkook ငါ့ကို ထားမသွားပါနဲ့" ဟု သူအသံကုန်အော်မိသည်။
"Jungkooker"
"Jinjin "
"ဟင်"
Jin ဖျတ်ခနဲ နိုးလားသည်။ရင်တွေ တဆတ်ဆတ်တုန်နေမိသည်။
Tae ကတော့ စိတ်ပူစွာ ကြည့်နေမိသည်။
"နိုးပြီလား "
Tae က jin လက်မောင်းကို ကိုင်ပြီးမေး၏။
သူအိပ်မက်မက်နေတာပဲ။ တကယ်မဟုတ်ဘူးပေါ့နော်။
"မင်းအော်လိုက်တာ တအားပဲ ညီ"
"ဟုတ်လား Hyung"
ဆံပင်တွေကို လက်နဲ့သတ်ရင်း ရှက်ပြုံးလေး ပြုံးမိသည်။
" ဟုတ်နေပါပြီ ညီတော့ အိပ်မက်ထဲမှာတောင် ပါပြီ ဆိုတော့"
Tae ကတော့စနေသည်။
"Hyung နော်"🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰
အမှားလေးတွေ ပါရင် ခွင့်လွှတ်ပါ ပြန်စစ်ရမှာ
အရမ်းပျင်းနေလို့😁
YOU ARE READING
မုန်းဖို့ကို နှလုံးသားက ခွင့်မပြု
Fanfictionjin လေးက တစ်ဖက်သတ် ကြွေနေတဲ့ပုံစံလေးပါ jin နဲ့ jk က အိမ်နီးချင်းတေပါ jk က jin ကြိုက်နေမှန်းသိလို့ jin ကို မတည့်နေပါဘူး jinလေး ရှောင်နေတဲ့ အချိန်တွင်..... လုံးဝကို အချစ် ဝတ္ထုလေးပါ နော်