Part 1

90 5 0
                                    

2011 ,1st June.

ဒီနေ့ Oliver ၆တန်း စတက်ရမည့်နေ့။ ကျောင်းဆောင်သစ်မှာ တက်ရမည်ဖြစ်သောကြောင့် အတော်ပင်စိတ်လှုပ်ရှားနေသည်။ အမေ မနှိုးခင်ကပင် နိုးနှင့်ပြီး မနက်၆နာရီ လောက် မှာပင်ရေတွေဝင်ချိုးနေသည်။
ဒီနေ့ အတန်းထဲက ကောင်မလေးတွေနဲ့ ၃လ အကြာမှာပြန်တွေ့ရမည်ဖြစ်သောကြောင့် မိမိုက်နေမှ ရမည်။ ကောင်မလေးတွေကြွေသွားစေရန် အဖေ့ဂျယ်လ်တွေပါ ဆံပင်မှာယူလိမ်းလိုက်သည်။
အ​ဖေ ပြင်ပေးထားသည့် မနက်စာကိုစားပြီး အဖေနဲ့တူတူကျောင်းသို့ထွက်ခဲ့သည်။

" အဖေ "
" ပြော သား"
" သားက အခု ၁၁နှစ်ပြည့်တော့မှာဆိုတော့ ဒီနှစ် ရည်းစားထားလို့ရပြီလား"

"ဟ မင်းဟာကလည်း"
အဖေက ၇နှစ်လောက်တုန်းကတော့ ဆယ်နှစ်ကျော်ရင် ရည်းစား ထားလို့ရပြီဟုပြောဖူးသည်။ အခုဆို ဆယ်နှစ်ကို ၁နှစ်ကြီးများတောင်ကျော်နေပြီ။ ရည်းစား ထားဖို့အချိန်တွေ အလကားဖြစ်ကုန်ရင်နှမြော..

" မထားရသေးဘူး ၁၅ပြည့်ပြီးမှ ထားရမယ်။ အဲ့ကျ ကောင်လေးပဲထားထား ကောင်မလေးပဲထားထား အဖေကိုယ်တိုင်ကားမောင်းပို့ပေးမယ်ဟုတ်ပြီလား။ အခုကတော့ကျောင်းမှာ မနှစ်ကလို ရှေ့သွားမကျိုးအောင်ဂရုစိုက်"

ကောင်လေးဘာလို့ထားရမှာလဲ မေးရန်ပြင်နေစဥ် ရှေ့သွားကျိုးတဲ့ ကိစ္စ ကို ထည့်ပြောသဖြင့် မျက်နှာစူပုတ်သွားသည်။ ရှေ့သွားလေးသည်ကြီးသွားလဲပြီးကာမှ သူငယ်ချင်းက ခြေထိုးခံသဖြင့်ချော်လဲကာ ၃ပိုင်း ၂ပိုင်း ကျိုးသွားခြင်းဖြစ်သည်။ မနှစ်က ဆရာဝန်နဲ့သွားပြတော့ အကြောတွေ မသေသေးသ၍ကုသဖို့အဆင်မပြေသေးကြောင်း ၊ အသက်၁၈မှသာ သွားကျိုးအဖြစ်မှ လွတ်မည်ဖြစ်ကြောင်းပြောသည်။ 

ကျောင်းသို့နီးလာလေလေ ကားလမ်းက ကျပ်လေလေပေမယ့် ကျောင်းတက်ဖို့အဝေးကြီးလိုသေးတာမလို့ ကားနှင့်ပင်တရွေ့ရွေ့သွားနေသည်။ မိနစ် ၂၀အကြာမှတော့ ကျောင်းဂိတ်ပေါက်တည့်တည့်သို့ရောက်ကာ အဖေကိုယ်တိုင် လွယ်အိတ်ကိုင်ကာ ဆရာမလက်ထဲအပ်ပေးခဲ့သည်။ ၁၁ နှစ်သားနှင့် ၃၅ နှစ်အရွယ် သားအဖတို့သည် နေ့လယ်စာထမင်းဘူးကိုတော့ အိမ်က အထွက်မှာပင်မပါလာခဲ့ပါ။

My toxic boyfriend Where stories live. Discover now