2020
Olive တွင် Online fri ရှိသည် ဟု ပြောခဲ့သည် မဟုတ်ပါလော။ တစ်ယောက် သည် မိန်းကလေး၊ကျန်တစ်ယောက်သည် ယောကျာ်း လေးဖြစ်သည်။
ထိုယောကျာ်း လေးသည် Wii ဟူသော acc ဖြင့် သုံးပြီး နံမည်ရင်းလည်း မပြောပြပါ။Olive သည် ရေချိုး ခေါင်းလျှော် ပြီးပြီး ချင်း Wii အား စာပို့လိုက် သည်။
"ချိုးပြီးပြီ ခုပဲ "
Wii သည် seen မြန် rp မြန်လူစားမျိုးဖြစ်သည်။
" ဟုတ်လား သန့်ရှင်းမောင် လေးဖြစ်ပြီပေါ့ "
Olive သည် အမည်မသိ ခံစားချက် ကိုခံစားလိုက်ရသည်။ သန့်ရှင်းမောင်လေး.. သန့်ရှင်းမောင် လေး.. ဘာကို အမည်မသိ ခံစားချက်လဲ ။ အဲ့ဒါရင်ခုန်တာလေ olive ရဲ့။ ကိုယ့်ဘာသာ သဘောတွေကျပြီး ရှက်သွေးဖြာသွားသေးသည်ါ
*sent a photo *
ပျော်မြူးသွားပြီး ပုံလေး တစ်ပုံပို့ပေးလိုက်သည်။
*reacted your photo *
Wii သည် အသက် တစ်နှစ် ပိုကြီးပြီး ပေါတောတော နဲ့ ဖြစ်ကာ အလွန် ခင်ဖို့ကောင်းသည်။ Olive သည် တစ်ရက်ရက်တွင် Wii နှင့် တွဲရလိမ့်မည် ထင်ခဲ့သည်။
Wii သည် ဟာသတွေလည်း အလွန်ပြောတတ်သည်။ သီချင်း တွေလည်း တော်တော်များများ ကြိုက်သည်။ အရပ်ကလည်း ၅ပေ ၉လက်မ ဆိုတော့ မဆိုး ။ နည်းနည်း တော့ဝပေမယ့် ယောကျာ်းလေးဆိုတော့ ဝပါစေလေ ဒီလောက် တော့ ရှိမှာပေါ့။
Wii ဖွင့်ပြောခဲ့ရင်တော့ လက်ခံ လိုက်မည်ဆိုသော်လည်း Olive ကတော့ဖွင့်ပြောမည် မဟုတ်ပေ။
Olive သည် လူဝကြီးတွေကို ကြောက်တတ်သည်။ ဂျပန်ဆူမို ကြီးတွေကိုလည်းကြောက်သည်။ ဝတာကိုမှ အသားညိုရင်ပိုကြောက်သည်။ ဒါသည် body shaming မဟုတ် ပဲ Olive က ကြောက်တတ်တာသာဖြစ်သည်။ ငယ်ငယ် တုန်းက အဖေ့သူငယ်ချင်း ဝဝကြီးတစ်ယောက်က Olive ကို ဖမ်းတယ်ဆိုပြီးစခဲ့ဖူးသောကြောင့် အသက်ကြီး တဲ့အထိ ကြောက်မိသည်။
Wii ကို နည်းနည်းတော့ ကြောက်ပေမယ့် ရည်းစား လောင်းလျာဆိုလို့ သူပဲရှိတာမဟုတ်။ ကောင်မလေးချောချောလေးတွေလည်း acc ထဲရှိပြီး အကိုကြီး ခန့်ခန့်ညားညား ကြီးတွေလည်း အများကြီး ရှိတာကြောင့် ရည်းစားချောချောလေးက ရကိုရမှာသေချာသည်။
YOU ARE READING
My toxic boyfriend
RomansaOliver Henry ( အိုလီဗာ) အသက် ၁၈နှစ် ။ Bisexual ။ Peter ( ပီတာ) blah blah blah (ဖတ်ရင်သိမယ်) Ethan Vincent (အီသန်) အသက် ၁၈နှစ်။ Bisexual ။ ပန်းချီ ဆွဲပြီး စာရေးစာဖတ်ဝါသနာပါသူ။ Nichole Blake (နီကိုး) အသက် ၂၀ ကိုယ့်ကိုမချစ်နိုင်တဲ့ ကောင်လေးကိုမှ ချစ်...