Part 3

15 2 3
                                    

2020

ဒီနေ့ Olive တို့ ဆယ်တန်း စာမေးပွဲ ပြီးသွားပြီး ဘော်ဒါဆောင် မှ အိမ်ပြန်ရောက်လာပြီဖြစ်သည်။
Olive သည် ဆယ်တန်း မပြီးခင်အထိ ရည်းစား မထားခဲ့။ ကျောင်းမှာ Ethan အပြင်တခြားသူများကိုလည်းကြိုက်ခဲ့ပေမယ့်တစ်ဖက်သတ်အနေနဲ့သာထားထားသည်။သူတို့ကများကြိုက်နေတာသိသွားခဲ့လျင်ပြန်ကြိုက်ပြီးရည်းစား ဖြစ်နေမှာ စိုး၍ ချက်ချင်း နောက်တစ်ယောက်ပြောင်းကြိုက်ရသည်။ သို့သော် Olive လေးသည် Crush တစ်ယောက် ရတာနဲ့အူမြူးလွန်းသဖြင့် ၁ ပတ် ၂ပတ်နဲ့တင်တစ်ကျောင်းလုံးသိသွားကြပြီးအသစ်တစ်ယောက်ပြောင်းပြောင်းကြိုက်ရင်းဆယ်တန်း ပြီးသည့်အချိန်တွင် တစ်ကျောင်းလုံး မကြိုက်ဖူးသူ မရှိ ဖြစ်သွားသည်။

ခုတော့ ဆယ်တန်း လည်း ပြီး ပြီဆိုတော့ Ethan အားဖွင့်ပြောမည်။ သူကအ​ဖြေပေးလိမ့်မည်။ ပြီးလျှင် ၁နှစ်ခန့်တွဲကြမည်။ မုန့်တွေလည်း တူတူစားကြမည်။ ရေခဲမုန့်လည်းတူတူစားမည်။
၃နှစ်လောက်ကြာလျင် ခရီးထွက်ကြမည်။ ထားဝယ်ဘက်ကိုသွားမည်။ ကမ်းခြေတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်သွားပြီး အုန်းရည်သောက်ဂဏန်းစားမည်။ ဂဏန်းမာဆလာချက် ၊ပုဇွန်တွေခွံ့ကျွေးမည်။ Olive ကို ရည်းစား တော်ရလျင် ကံကောင်းမည်။ ပုဇွန် ကို အခွံခွာပေးစရာ မလို။ ၃နှစ်လောက်ကြာလျင် နိုင်ငံခြားခရီးထွက်ကြမည်။ ထိုနေ့တွင် Ethan ကို လက်ထပ်ခွင့် တောင်းမည်။ Ethan ချက်ချင်းခေါင်းညိမ့်လျင်ဖက်မည် ။နမ်းမည်။ထို့နောက်မိဘများက ကန့်ကွက်ခဲ့ကြသည် ရှိသော် နိုင်ငံခြား ကို ထွက်ပြေးကြမည်။ ထိုနိုင်ငံတွင် ဂစ်တာတီးပြီး တောင်းစားကြမည်။ ထို့အပြင်  နိုင်ငံခြားသားတွေကိုလည်း မြန်မာစာသင်ပေးပြီးဝင်ငွေရှာမည်။ ဤသို့ဖြင့် တဖြည်းဖြည်း အသက်ကြီးလာလျှင် Olive သည်ဆွစ်ဇာလန်မှာသတ်သေမည်။ Olive သည် သေရမှာ တအားကြောက်သည့်ကလေးငယ် မဟုတ် ပါလား ။

ဤကဲ့သို့ စိတ်ကူးအရှည်ကြီးယဥ်ပြီး နောက်ဖွင့်ပြောရာ ၂မိနစ် အတွင်း မှာပင် ငြင်းခံလိုက်ရသည်။

Olive သည် စိတ်ဓာတ် အကြီးအကျယ် ကျသွားသည် ။

ငိုသည်။ သကြားလုံး တွေ စားသည်။ ကော်ဖီ သောက် သည်။ အဆွေးသီချင်းတွေ နားထောင် သည်။

ရေခဲမုန့်တွေလည်း စားသည်။ အာတာပူစီလည်း စားသည် ။ ဂျယ်လီ တွေ nabati တွေလည်း စားသည်။ သို့သော် အသည်းကွဲ မပျောက်သဖြင့် lvl ထပ်မြှင့်ပြီး အစပ်ဘက်ကိုကူးပြောင်းအသည်းကွဲလိုက်သည်။

ငါးဖယ်အစာသွပ် က ငရုတ်သီးစိမ်း တွေစားကြည့်သည်။ မုန့်ဟင်းခါးထဲက နံနံပင် လည်း စားကြည့်သေးသည်။

နံနံပင် သည် အသည်းကွဲ တာထက်ဆိုးသဖြင့် ကြိတ်မှိတ်၍တောင်မမြိုချနိုင် ချက်ချင်း ပြန်ထွေးထုတ်ရသည်။

နံနံပင် စားသည့်အလုပ်ကိုထပ်မလုပ်တော့ ။ ငရုပ်သီး မှုန့်နှင့် ငရုတ်သီးစိမ်း ကိုသာ စားတော့သည်။

ငရုတ်သီး စားရုံ၍ Ethan ကို မမေ့နိုင်သောကြောင့်2x spicy တွေရောင်စုံဝယ်စားပြီး ရောင်စုံ ငိုသည်။ ထို့နောက် မုန့်ဖိုးကုန်သွားပြီး အသည်းကွဲတာ တစ်စခန်းရပ်သွားသည်။

Ethan သည် သူငယ်ချင်း လိုသာ ဆက်ခင်မည်ဟုပြောသော်လည်း Olive က ရှက်သဖြင့် block လိုက် သည်။ ဤသို့ဖြင့် ၅နှစ် တာ ကြိုက်ခဲ့သော Ethan အားမေ့ရန် အချိန် ၄ လလောက် ယူခဲ့ရသည်။ ၅နှစ် လုံးမှာ ပင်တိုင် crush သည် Ethan ဖြစ် သည် ။ တခြား crush များလည်း ရှိပေမယ့် Ethan လို မဟုတ် ။ တစ်ဖက်သတ် ချစ်ပြီး တစ်ယောက် တည်း ရင်ခုန်ရတာ ကြိုက်လို့ သာ ထားထားခြင်းဖြစ်သည်။

၄ လခန့်ကြာပြီးသော် Online fri တွေစထားကြည့်ပြီး အဆင် ပို​ပြေလာသည်။ ကောင်လေး တစ်ယောက် ကောင်မလေး တစ်ယောက် နှင့် သူငယ်ချင်း ဖြစ်ခဲ့သည်။

သူတို့ နှင့်တူတူ ဂိမ်းတွေဆော့ ၊ သီချင်း တွေနား​ထောင်နှင့် Ethan ကို 70% လောက် မေ့ထားနိုင်ခဲ့ပြီး သူမဟုတ်ပဲတစ်ခြားတစ်ယောက်နှင့်တွဲနိုင်ရန်လည်းပြင်ဆင်ခဲ့သည်။

#milo ပါ ။
ဒါလေး က တိုပေမယ့် နောက် တစ်ပိုင်း အကြောင်း တွဲမရေးချင်လို့ ဒီတိုင်း လေးရပ်လိုက်ပါတယ်။ လိုတာရှိရင်ပြောပါဦး။

My toxic boyfriend Where stories live. Discover now