Part 5

9 1 0
                                    

" ဟယ်လို "

"Oliver Henry လား"

" အဆင် ပြေရဲ့ လား ။ တစ်နေကုန် လိုင်းမတက်တော့ စိတ်ပူနေတာ "

အသံကိုလုံးဝ မမှတ်မိ ။ ဒါ့အပြင် သူ့အသံ ကလည်း အလောတကြီး ပူပန်နေသည့်အသံ

" ဟုတ် အားနာပေမယ့် ဘယ်သူလဲ မသိဘူး ခင်ဗျ"

" ကျွန်တော် Peter ပါ။ ညီလေး တစ်နေကုန် လိုင်းမတက်လို့ စိတ်ပူနေတာ။ ညနေ၄နာရီ ဖြစ်နေပြီ ဆိုတော့ "

သြော်။ အဲ့ဒါ Peter ပဲ ဟုတ်သားပဲ ။

" သြော် ကျွန်တော် က နေ့လယ် ခုနကမှ နိုးတာ ။ "

" ဟာဗျာ ကျွန်တော် စိတ်ပူနေခဲ့တာ အိပ်နေတာလား အင်းအင်း ဘာမှ မဖြစ်ရင် ပြီးရော "

တီ.....

ကိုယ်တောင် ဘာမှ မပြောရသေးပဲ ph ချသွားသောကြောင့် ကြောင်အမ်းအမ်း။

ထို့နောက် အင်တာနက် ဖွင့်ကာ လိုင်းပေါ်တက်လာသည်။

ဒီနေ့နိုးတည်းက suprise အပြည့်။ အမေကအအေးဖိုးကိုတစ်ခါတောင်းရုံနဲ့ပေးသည်။ ထို့နောက် စက်ဘီး တစ်စီးက ဝင်တိုက်သည်။ ဘာဘယ်တီကို ပိုက်ဆံ မကုန်ပဲသောက်ခဲ့ရသည်။ ရေခဲမုန့်လည်း စား..အာ ရေခဲမုန့်ကမရခဲ့ဘူးပဲ ။တစ်ခါတည်းစားရမှာကိုကွာ။

လိုင်းပေါ်တက်ပြီး Wii ကို စက်ဘီး တိုက်ခံရကြောင်းပြောဖို့လုပ်ပေမယ့် messenger ထဲ Peter စာတွေက မနည်းမနော။ ကတောင် ကတောင်နဲ့။

"မောနင်း" " မထသေးဘူး လား" "သီချင်း ပြီးပြီ " "postတင်ပြီးပြီ" "ရေချိုး လိုက်ဦးမယ်" "ရေချိုးပြီး ပြီ"
စသည်ဖြင့် သူတစ်ယောက်တည်း အလုပ် ရှုပ်နေသည်။
သို့နှင့် acc ကို တစ်ခါ ဝင်ကြည့်မိသည်။
ဝပြီး မျက်မှန် တပ်ထားသည်။ အဖေ့သူငယ်ချင်းကလည်းမျက်မှန်နဲ့မို့ နည်းနည်း တောင် ပြန်လန့်မိသည်။

ထို့နောက် Wii ကို ရှာရာ လိုင်းပေါ်မှာ မရှိ။ သို့ဖြင့် Peter ကိုသာ စာ ပြန်ဖို့လုပ်ရသည်။ ဘာဘယ်တီကို တစ်ငုံထပ်သောက်လိုက်သည်။
အားး ဘာဘယ်တီက အမြဲအမောပြေလေး။

"ကျွန်တော် ညက ရုပ်ရှင် ညလုံးပေါက် ဖုန်းအားမကုန်မချင်းကြည့်နေတာ ။ အာ့နဲ့ နေ့လယ် ၂ကမှနိုးတာ ပြီးတော့ မနက် စာစားပြီး အအေးသွားသောက်ရင်း ရန်လည်းဖြစ်ရသေးတယ်။ ခုမှအိမ်ပြန်ရောက်တာ။ "

You've reached the end of published parts.

⏰ Last updated: Oct 16, 2022 ⏰

Add this story to your Library to get notified about new parts!

My toxic boyfriend Where stories live. Discover now