ကလင်!!ကလင်!!
coffee shopဆိုင်အဝင်မှာချိတ်ဆွဲထားသောခေါင်းလောင်းလေးမြည်လာသည်နှင်အမျှ ဆိုင်ထဲရှိလူအားလုံး၏အကြည့်မှာထိုဆိုင်အဝင်ဝသို့။
ဆိုင်ထဲသို့ဝင်လာသူသည်ရိုးရိုးတီရှပ်ပန်းနုရောင်နှင့်ဘောင်းဘီဒူးတိလောက်ကိုဝတ်ထားပုံမှာမထူးဆန်းသော်လည်းမြင်ရသူတိုင်းအဖို့မျက်လုံးမလွှဲချင်လောက်အောင်ကိုကြည့်ကောင်းနေသည်။ထိုသူသည်မိန်းကလေးမဆန်ဘဲယောက်ကျားလေးတယောက်ဖြစ်သော်ငြားကျောလယ်လောက်ထိရှိသောဆံပင်ကိုခပ်မြင့်မြင့်ထုံးဖွဲ့ထားသေးသည်။သူသည်ဘေးဘီမှအကြည့်များအားလျစ်လျူရှုကာချိန်ဆိုးထားသောသူနှင့်တွေ့ရန်ခပ်သော့သော့လမ်းလျှောက်လာသည်။"စေရာ..ငါစုံစမ်းခိုင်းထားတဲ့ကိစ္စအဆင်ပြေရဲ့လား"
"ငါရှာနေတုန်းပဲ...ဒါနဲ့မင်းကအခုမှအလုပ်အသည်းအသန်ရှာနေရတာလဲ အခုလုပ်နေတဲ့နေရာကအဆင်မပြေဘူးလား"
"အဲ့လိုမဟုတ်ပါဘူးအခုကအချိန်ပိုင်းပဲလုပ်ရတာလေ
အခုမေမေ့ကျန်းမာရေးကသိပ်မကောင်းတော့အတည်တကျအလုပ်လေးရှာချင်ရုံပါ""အင်း..မင်းလည်းသိတဲ့အတိုင်းဘဲကွာ ခုချိန်မှာအလုပ်ကောင်းကောင်တခုရဖို့မလွယ်ဘူးဆိုတာ"
"ငါနားလည်ပါတယ် မင်းလည်းငါ့ကြောင့်နဲ့အလုပ်ရှုပ်ရပီ"
"ပျိုး..မင်းနဲ့ငါနဲ့သူငယ်ချင်းတေပဲမဟုတ်လားအဲ့လိုတေမတွေးပါနဲ့"
"အင်းပါ"
ဒီလိုသူငယ်ချင်လေးရထားတာ ပျိုးကတော့ကမ္ဘာမှာအပျော်ဆုံးလူသားပါဘဲ ပျိုး အထက်တန်းမှာကျောင်ပြောင်းတော့ ပျိုးရဲ့နာမည်ကြောင့်လှောင်ပြောင်တဲ့သူတွေကြားထဲမင်းစေရာဆိုတဲ့ကောင်လေးကသူ့ကိုအားပေးစကားပြောပီးထိုလှောင်ပြောင်တဲ့ကျောင်းသားများကိုလည်ရန်ပြန်တွေ့ပေးသေးတယ် အဲ့အချိန်ကတည်းကသူတို့နှစ်ယောက်ဟာ
ဖေးမကူညီရင်း အခုချိန်ထိခင်မင်နေဆဲပင်။"ဟာ!ပျိုး ငါအခုစဉ်းစားမိပီထင်တယ်"
"စေရာ..မင်းကလည်းလုပ်လိုက်ရင်အလန်တကြားဘာကိုစဉ်းစားမိတာတုန်း?"
YOU ARE READING
မောင့်ရဲ့ပျိုး
Romanceဝဠာထွဋ်ခေါင် × လင်္ကာပျိုး start date>>>>>15.9.2022 end date>>>>>>