1 🖤

261 10 0
                                    

2021 ခုနှစ်

တောင်ကိုရီးယားနိုင်ငံ Seoul မြို့...

ဆင်ခြေဖုံးရပ်ကွက်လေးငယ်လေး တခုရဲ့ ခပ်စုတ်စုတ် ခပ်သေးသေး ခေါက်ဆွဲဆိုင်လေးတခုဝယ် ဆေးကြောစရာ ပန်းကန်အထပ်လိုက်ကိုမမောမပန်းနိုင်ဆေးကြောနေတဲ့ သူ..Kim Tae Hyung!
တချိန်က သူဟာ မြောက်ကိုရီးယားနိုင်ငံက ထွက်ပြေးလာခဲ့တဲ့ မြောက်ကိုရီးယားသားတယောက်ဆိုတာ အခုချိန်မှာတော့ ဘယ်သူမှ အသေချာမသိတော့..Imm..သူ့ချစ်သူ Kang Jin Jae ကလွဲလို့ပေါ့လေ။

Tae Hyung ဘဝက ဒီ သုံးနှစ်တာ ဆိုတာ ကာလတခုမှာ အပြောင်းလဲကြီးပြောင်းလဲ သွားခဲ့တယ်။ ဘာလဲဆိုတော့ အရင်က သေနတ်ကိုင်ခဲ့တဲ့ လက်က အခုတော့ ပန်းကန်တွေဆေးနေရပြီလေ..ဒါပါပဲ။
ပညာအရည်ချင်းလဲ ဘာမှ မရှိ..တဖက်နိုင်ငံကပြည်ပြေးစစ်သားတယောက်အနေနဲ့ ဒီထက်ကောင်းတဲ့ သာတဲ့အလုပ်ဆိုတာ သူ့အတွက်မရှိနိုင်တော့ပါ။
Tae Hyung ပန်းကန်တွေအကုန်ဆေးကြောပြီးတော့ ည ၁၁နာရီတောင်ထိုးတော့မယ်။
Tae, apron နဲ့ လက်အိတ်တွေကို ချွတ်လိုက်ပြီး ဆိုင်ရှင် Ajuma ရှေ့မှာ မျက်နှာငယ်လေးနဲ့ သွားရပ်လိုက်တော့ အထာနပ်နေပြီးသား အပေါက်ဆိုးဆိုးဆိုင်ရှင် အဒေါ်ကြီးက

""ဘာလဲ Tae Hyung? လစာကြိုထုတ်ချင်ပြန်ပြီလား??''

""Nae..Ajuma ကျတော် အခုရက်ပိုင်းဆိုင်မှာ ဝင်ငွေမကောင်းတာလဲသိပါတယ် ဒါပေမဲ့ Jin Jae ဆေးဖိုးကလဲ လိုအပ်နေတော့...''

""ဟင်း..ခက်တယ် မင်းပြောလိုက်ရက်ဆင်ခြေတွေ ချည်းပဲ Kim Tae Hyung! နောက်တခါဆိုရင်တော့ ငါကြိုမထုတ်ပေးနိုင်တော့ဘူး အခုလဲ ရှိသလောက်ပဲယူသွား...'''

ဆိုင်ရှင် Ajuma က ခပ်နွမ်းနွမ်း အကြွေငွေသားတွေကို ဆိုင်စားပွဲအံဆွဲထဲက ထုတ်ပြီး ဆောင့်ဆောင့်အောင့်အောင့်ပေးလိုက်တယ်။

""Nae ကျေးဇူးအများကြီးတင်ပါတယ် Ajuma!''

""မင်း Jin Jae ကိုဆေးကုပေးနေတာ ကိုယ့်အပူကိုယ်ရှာနေတာပဲ..'''

Ajuma ကြီးရဲ့ စကားကို Tae ဆက်နားမထောင်ချင်တော့ပါ။ ဒါကြောင့် ဦးညွှတ်အရိုသေပေးပြီး သူရသလောက်လုပ်အားခကို ကြိုထုတ်ကာ ဆိုင်ထဲက ထွက်လာခဲ့တော့တယ်။

When I was yours (Vmin/BL) Where stories live. Discover now