4 🖤🔞 (Ending)

392 8 1
                                    

#unicode

နောက်တနေ့ မနက်လဲ ထုံးစံအတိုင်း Tae Hyung ကိုမတွေ့ရ... စောစောစီးစီး အလုပ်ကို သွားပြီထင်ပါရဲ့။
ဒီတခါတော့ Jin Jae အတွက်ရော သူ့အတွက်ပါ မနက်စာလုပ်ခဲ့ပေးတယ်။ Jimin ရင်ထဲ ကြံဖန်ပြီး Tae က သူ့အတွက် မနက်စာ ပြင်ဆင်ပေးခဲ့တဲ့ဆိုတဲ့ အသိကြောင့် ဝမ်းသာမိသလိုလို ကြည်နူးမိသလိုလို။

""Jimin ssi, မနေ့ညက ကျနော်အိပ်မက်ဆိုးတွေမက်တယ်... '''
Jin Jae က မနက်စာ စားရင်း စကားဆိုလာတော့ Jimin လဲ ''အင်း ပြောလေ'' ဆိုတဲ့ သဘောနဲ့ပဲ ခေါင်းညိမ့်ပြလိုက်တော့ Jin Jae က ဆက်ပြီး

""Daddy..အဲ.. Tae Hyung hyung ကလေ ကျတော်မသိအောင်နောက်တယောက်နဲ့ ဖောက်ပြန်နေတယ်တဲ့...''

Jin Jae စကားကြောင့် Jimin စားနေတာတောင် သီးမတတ်ဖြစ်သွားရတယ်။ Jin Jae မျက်နှာလေး မရွှင်မပျနဲ့ ဖြစ်နေသလို ငိုမဲ့မဲ့နဲ့...Jimin လဲ ကိုယ့်လိပ်ပြာကိုယ်မလုံသော်လဲ

"" Jin Jae ah..အိပ်မက်ပဲဟာ တကယ်မှ မဟုတ်တာ စိတ်ထဲထည့်မနေပါနဲ့ Tae Hyung က မင်းကို အရမ်းချစ်တာပဲ ဖောက်ပြန်ပါ့မလား?'''

""တကယ်လို့သာ အဲ့လိုဖောက်ပြန်ရင် ကျတော် Tae Hyung ကိုရော သူနဲ့ဖောက်ပြန်တဲ့ သူကိုပါ သတ်မိမှာပဲ...အီးဟီးဟီး..'''

Jin Jae က ပြောရင်း ဟီးခနဲ ခလေးတယောက်လို ငိုချလိုက်တော့ Jimin ဘာလုပ်ရမှန်းမသိတော့။

""Yarr yarr မငိုနဲ့လေ Jin Jae တိတ်တိတ်...မငိုနဲ့ အိပ်မက်ဆိုတာ တကယ်မှ မဟုတ်တာ...'''

""Jimin ssi, သိလား? ! ဒါပေမဲ့ အကို Tae Hyung က မြောက်ပိုင်းမှာ နေတုန်းက ငယ်ချစ်ဦး ရှိခဲ့ဖူးတယ်တဲ့..သူ့ဘဝမှာ အချစ်ဆုံးက အဲ့တယောက်ကိုလို့ ဟိုးအစကတည်းက ပြောဖူးတယ်..
ကျတော် အဲ့ဒီသူကို မမြင်ဖူးပေမဲ့ အရမ်းမုန်းတယ်..အဲ့တယောက်အခုဆို မြောက်ဖက်မှာ အသတ်ခံရလို့သေနေလောက်ပြီဖြစ်ပါစေလို့လဲဆုတောင်းတယ်...

ဒါနဲ့ Jimin ssi က အကို Tae နဲ့ အခင်ဆုံးသူငယ်ချင်း တွေဆိုတော့ အဲ့သူ့ငယ်ချစ်ဦးဆိုတာကို သိခဲ့လားဟင်??''

Jin Jae အမေး​ကြောင့် Jimin ဆွံ့အနေမိပြီ။ သူ ကောင်းကောင်း လိမ်တတ်တဲ့သူမဟုတ်ပါ..ဒါပေမဲ့...

""အင်း သိတာပေါ့..သူ့အချစ်ဦးက အခုဆို ယောကျာ်းရပြီး ခလေးတွေ ဘာတွေတောင်ရနေပြီ...'''

When I was yours (Vmin/BL) Where stories live. Discover now