#unicode
ဒီနေ့တော့ Tae အလုပ်ကို ဆက်မသွားဖြစ်တော့ပဲ Jimin ကို အိမ်ခေါ်လာခဲ့တယ်။
Tae တို့နေတဲ့ တိုက်ခန်း, အိမ်ခန်းလေးက တကယ်ကို ခိုအိမ်လေးလို ကျဥ်းကျဥ်းလေး..ဒီကြားထဲမှာမှ အိပ်ခန်းက နှစ်ခန်းရှိနေတော့ Jimin ကို လောလောဆယ် တခန်းပေးနေဖို့အဆင်ပြေတယ်။""Jimin ဒါကတော့ ငါတို့ နေတဲ့ အိမ်ပဲ..မင်း ဟိုဖက်ခန်းမှာနေ...'''
""Daddy Daddy ပြန်လာပြီနော်..ကျတော့်အတွက် ဘာစားစရာဝယ်ခဲ့လဲ..?'''
ထိုအချိန် တဖက်ခန်းက ပြေးထွက်လာတဲ့ လူကောင်ခပ်သေးသေး ကောင်လေး။
ရုတ်တရက် ကြည့်လိုက်ရင် Jimin တို့လို type မျိုးလေးပဲ..ဒီကောင်လေးက အခုလက်ရှိ Tae ချစ်သူ Kang Jin Jae ဆိုတာ ဖြစ်ရမယ်လို့ Jimin မှတ်ချက်ချမိတယ်။ Tae ပြောပြထားလို့ Jin Jae အကြောင်း Jimin သိသင့်သလောက်သိထားရတယ်...အဓိက ကတော့ Jin Jae က စိတ်ရောဂါသည်တယောက်ဆိုတာကိုပေါ့။
ထိုကောင်လေးက Jimin ပါလာတာကို သတိပြုမိပုံမပေါ်သေးပဲ Tae နှုတ်ခမ်းတွေကို ဇွတ်တရွတ် စုပ်နမ်းလိုက်တော့ Jimin မျက်လုံးလေးတွေပြူးကျယ်ဝိုင်းစက်ရင်း မျက်နှာကို တဖက်အမြန်လွှဲလိုက်ရတယ်။
နောက်မှ ထိုကောင်လေး က Jimin ပါလာတာကို သတိပြုမိသလို..""Daddy သူက ဘယ်သူလဲ??''
""ဪ ဒါက Daddy အချစ်ဆုံး သူငယ်ချင်း Park Jimin တဲ့..မြောက်ပိုင်းကနေရောက်လာတာ..သူဒီမှာလောလောဆယ် ခဏနေလိမ့်မယ်..''
""Hmm သူက ဒီမှာနေမှာလား..ဒါနဲ့ သူက ယောကျာ်းလေးတွေ ကြိုက်တတ်တာလား မိန်းခလေးတွေကြိုက်တတ်တာလား??''
ရုတ်တရက် Jin Jae က Jimin ကို မလိုလားသဘောမကျတဲ့ အကြည့်နဲ့ဘု ကြည့်ကြည့်ရင်း မေးလာတော့..သူ့ အမေးကြောင့် Jimin ဘာပြန်ဖြေရမယ်မသိ။ Tae ကပဲ ဝင်ပြီး
""သူ့မှာ မိန်းမရှိတယ် ခလေးလဲရှိတယ်..မြောက်ပိုင်းမှာ ကျန်ခဲ့တာ baby ဘာမှ စိတ်မပူနဲ့နော်'''
Tae ရဲ့ မုသားစကားကြောင့် Jin Jae မျက်နှာလေး ချက်ချင်းအရောင်ပြန်ပြောင်းသွားကာ
""ဒါဆိုတော်သေးတာပေါ့..မဟုတ်ရင် Daddy ကို စိတ်မချပါဘူး...''
ပြောရင်း Jin Jae က Tae နှုတ်ခမ်းတွေကို ပိုင်စိုးပိုင်နင်း နဲ့ အငမ်းမရ အတင်းစုပ်ယူပြီးနမ်းရှိုက်နေပြန်တော့ Jimin ရင်ထဲ အောင့်ခနဲ ခံစားလိုက်ရတယ်။ Jin Jae လိုစိတ်ရောဂါဝေဒနါသည်တယောက်က သူစိမ်းတယောက်ရှေ့မှာ ဆင်ခြင်ရမယ်ဆိုတာကိုသိပုံမပေါ်။
Jimin အတွက်တော့ Tae နဲ့
အချိန်တွေအကြာကြီးဝေးခဲ့ကြတာမှန်ပေမဲ့ ကိုယ့်ချစ်ရဖူးသူကို တခြားတယောက်နဲ့ ဖြစ်ပျက်နေတာ.. အခုလိုတွေ့နေရတော့ အရှင်လတ်လတ်ငရဲကျနေရသလိုပါပဲ..နာကျင်လိုက်တာ။
![](https://img.wattpad.com/cover/322203168-288-k456219.jpg)