#uni
Short Extra, Warning+++ 🚨🔞
တစ်လခန့်ကြာသော်...
Jin Jae ဆုံးပါးသွားပြီးတဲ့နောက်ပိုင်း Tae ရဲ့ အရင်တိုက်ခန်းကျဥ်းလေးမှာဆက်မနေဖြစ်ကြတော့။
အခုဆိုရင် Tae နဲ့ Jimin တို့ Seoul မြို့လယ်က ရပ်ကွက်တခုကိုပြောင်းရွေ့ပြီးနေခဲ့ ကြတာ တစ်လလောက်ရှိနေခဲ့ ပြီ။ နှစ်ယောက်သား ဒိုးတူပေါင်ဖက် မောင်တထမ်း မောင်တရွက် စားသောက်ဆိုင်တဆိုင်မှာအတူတူ စားပွဲထိုးဝင်လုပ်ဖြစ်တယ်။ စားသောက်ဆိုင်ပိုင်ရှင် Kim Seok Jin က Tae ရဲ့ အရင်အလုပ်ရှင်လိုမဟုတ်.. သဘောကောင်းတယ်..နားလည်မှုလဲရှိတယ်လေ လခကိုလဲ တန်ရာတန်ကြေးပေးတယ်..မြောက်ပိုင်းသားတွေမှန်းသိလျှက် မနှိမ်ဘူး ။
အခုဆိုရင် Jimin ရဲ့ လေယူလေသိမ်းလဲ တောင်ပိုင်းသံတော်တော်ပီလာပြီလို့ပြောရမယ်။ အရာရာတိုးတက်ပြောင်းလဲလာခဲ့ပေမဲ့ Tae ရင်ထဲ ဘဝင်မကျတာတခုက...သူတို့နှစ်ယောက် Jin Jae ဆုံးပြီးကတည်းက ဘာဆိုဘာမှ မဘာဖြစ်ကြတာပဲ။ Tae က တခါတလေ အိမ်မှာ အတူတူရှိနေတုန်း အခွင့်ရေးယူဖို့ကြိုးစားရင်တောင် Jimin က Jin Jae ကို အားနာနေတုန်းပဲဆိုပြီး နမ်းတာဖက်တာလောက်သာလက်ခံပြီး အဲ့ကိစ္စကိုရှောင်နေခဲ့တာလေ..Tae မှာ ညစာရော မနက်စာ နေ့လည်စာပါ ငတ်နေခဲ့တာ တစ်လတောင်ရှိပေါ့။ Tae အနေနဲ့ ကတော့ Jin Jae အပေါ် အားမနာလို့တော့မဟုတ်..ဒါပေမဲ့ သွေးသားဆန္ဒအရတောင့်တလာရင်တောင် ချစ်သူက အနားမှာရှိလျှက်နဲ့ အငြင်းခံနေရတဲ့ အဖြစ်..ရင်နာဖို့ဘယ်လောက်ကောင်းလဲ!
ဒီနေ့ ညဆိုင်သိမ်းတော့...
ဆိုင်ရှင် Seok Jin က သူတို့ကို overtime ကြေး မျိုးမျိုးမြတ်မြတိလေးပေးပြီး
""မင်းတို့နှစ်ယောက် ဒီညတော့ ဆိုင်မှာပဲ အိပ်ချင်လဲ အိပ်လိုက်တော့ မနက်ဖြန် ခေါက်ဆွဲ အော်ဒါ အပွဲ ၅၀ ကျော် ရှိတော့ ဂျုံနယ်စရာတွေရှိသေးတယ်'' တဲ့လေ။
Jimin မီးဖိုချောင်ထဲမှာ နယ်စရာရှိတဲ့ ဂျုံတွေကို နယ်နေတော့...
အနောက်ကနေ Tae က သူ့ခါးသေးသေးလေးကို သိုင်းဖက်လာတယ်။
ပြီးတော့.. Jimin ရဲ့ လည်တိုင်လေးတွေကို အနောက်ကနေ ပွတ်သီးပွတ်သပ်လုပ်ရင်း လာနမ်းနေတော့..