အချစ်စစ်ဟူသည်
အပိုင်း(၁)
"ကင်(မ်)ဆော့ဂျင် ဒါတွေကဘယ်လိုဖြစ်တာလဲ"
အထပ်လိုက်လာချပေးသောစာရွက်စာတမ်းတွေဟာတော်တော်များသည်။
"ဘာကိုပြောတာလဲခင်ဗျ"
ဆော့ဂျင်နားမလည်တာကြောင့်မန်နေဂျာကိုမေးလိုက်သည်။
"မင်းမသိဘူးလို့တော့မပြောနဲ့နော်.....မင်းကိုင်တဲ့အပိုင်းကငွေတွေတော်တော်များများပျောက်နေတယ်.....ပြီးတော့မင်းကိုယ်တိုင်ထုတ်ထားတဲ့လက်မှတ်ရောဘဲ"
"ခင်ဗျာ"
နားမလည်နိုင်ဖြစ်နေတဲ့ကျွန်တော့်ကိုမန်နေဂျာကစိတ်ပျက်လက်ပျက်ကြည့်သည်။
"ကျစ်.....ပျောက်နေတဲ့ငွေတွေကလည်းနည်းတာမဟုတ်ဘူးနော် ဆော့ဂျင် ငွေသိန်းရှစ်ရာတောင်မှ"
"ဒါပေမယ့်ကျွန်တော်"
"မင်းမလုပ်ဘူးဆိုတာယုံပေမယ့် စာရင်းတွေမှာပြနေတယ်လေ.....မင်းဘယ်လိုဖြေရှင်းမှာလဲ"
".........."
"မင်းဒါကိုမဖြေရှင်းနိုင်ဘူးဆိုရင်တော့ မင်းထောင်ထဲဝင်ရလိမ့်မယ်"
"ဘာ"
"........"
"အမှန်တိုင်းပြောရရင်ကျွန်တော်ကစာရင်းကိုင်ဆိုပေမယ့်မန်နေဂျာကိုယ်တိုင်ငွေထုတ်တာလေ...ကျွန်တော်က"
"ဘာလဲ.....မင်းကငါ့အပေါ်အပြစ်ပုံချချင်နေတာလားဆော့ဂျင်"
ရှုးရှုးရှဲရှဲထဖြစ်တဲ့မန်နေဂျာကြောင့်ဘေးကဝန်ထမ်းတွေပါကြည့်လာကြသည်။
"ငါကပိုက်ဆံထုတ်တယ်ထားဦးမင်းလက်မှတ်ပါမှထုတ်လို့ရတာလေ......အဲ့ဒါကိုမင်းကသက်သက်မင်းအပြစ်လွှတ်အောင်ငါ့ကိုချောက်တွန်းနေတာမလား"
မန်နေဂျာရဲ့စကားကြောင့်မသိရင် သူ့ကဘဲငွေတွေကိုလိမ်ထုတ်ထားပြီးအပြစ်မရှိတဲ့သူကိုဆွဲထည့်နေသလို.......
"ပြီးတော့အဲ့ပိုက်ဆံတွေက မင်းညီမဆေးရုံစရိတ်အတွက်လိုနေတာမလား.....အဲ့ဒါကြောင့်မင်း"
"ခင်ဗျားကျွန်တော့်ညီမကိုဆွဲထည့်စရာမလိုဘူး......အဲ့ပျောက်နေတဲ့ပိုက်ဆံတွေလည်းကျွန်တော်မယူဘူး"
YOU ARE READING
အချစ်စစ်ဟူသည်
Romanceခပ်ရိုင်းရိုင်းပြောရရင် ငါ့ရဲ့သာယာမှုအတွက်မင်းကိုအကြွေးနဲ့သိမ်းထားတာ