အချစ်စစ်ဟူသည်အပိုင်း(၂)
လေယာဉ်ပေါ်ကဆင်းလိုက်တာနဲ့ အမိမြေဖြစ်တဲ့ကိုရီးယားနိုင်ငံရဲ့လေကိုအပြည့်အဝရှုူုသွင်းလိုက်သည်။ သူဒီနိုင်ငံကထွက်ခွာသွားခဲ့တာငါးနှစ်တိတိပင်ဖြစ်သည်။ အခုတော့လည်းကိုယ့်ရဲ့မွေးရပ်မြေဟာသူနဲ့စိမ်းသက်နေသလိုပင်။ ငါးနှစ်ကြီးများတောင်ခွဲခွာခဲ့ရတာဆိုတော့..... ဟုတ်မှာပါလေ.......
တစ်ချိန်ထဲမှာဘဲအကြောင်းပြချက်မရှိလမ်းခွဲခဲ့တဲ့သူ့ရဲ့အချစ်ဦးကိုသတိရမိသည်။ ငါးနှစ်အတွင်းမှာလည်းသူ့ရဲ့အချစ်ဦးကိုမေ့မရနိုင်ခဲ့ပါ။မေ့မရနိုင်ခဲ့တာဆိုတာကချစ်တာထက်စိတ်နာတာ.........ဘာအကြောင်းပြချက်မှမပေးဘဲလမ်းခွဲခံခဲ့ရတာကြောင့်လည်းခံပြင်းဒေါသထွက်မိသည်။သူဒီကိုပြန်လာတာကလဲလွန်ခဲ့တဲ့ငါးနှစ်ကသူ့ကိုအကြောင်းပြချက်မရှိလမ်းခွဲခဲ့တဲ့သူ့ရဲ့အချစ်ဦးကိုပြန်ပြီးလက်တုံ့ပြန်ချင်တာကြောင့်လည်းပါသည်။
အတွေးတစ်ချို့ကိုရပ်ကာ Luggage ကိုဆွဲ၍လူအုပ်ကြီးရှိရာမျက်လုံးကစားလိုက်တော့သူ့ကိုလက်ဝှေ ့ရမ်းကာအချက်ပြနေသည့်သူ။
သူလည်းထိုသူရှိရာသို့သွားလိုက်ပြီးမျက်မှန်ကိုလည်းချွတ်လိုက်သည်။
"သခင်လေးဂျောင်ကုအရမ်းချောလာတယ်"
"ကျေးဇူးတင်ပါတယ်ဦးလေးမင်"
ဦးလေးမင်ကသူငယ်ငယ်လေးထဲကအိမ်ကအိမ်တော်ထိန်းပင်။ သူ့ကိုလည်းအတော်လေးချစ်သည်။ သူသည်လည်း ဦးလေးမင်ကိုကိုယ့်အမေ့ရင်းထက်ပိုပြီးချစ်သည်။ မာမီ့ကိုမုန်းတာမဟုတ်ပေမယ့်မာမီ့ရဲ့အတ္တတွေကိုမုန်းတာ........
ဦးလေးမင်ကသူ့ရဲ့ Luggage အိတ်ကိုဆွဲယူလိုက်ပြီးကားရှိရာသို့ခေါ်ဆောင်လာခဲ့သည်။
"Hey.....ဂျွန်....."
ဂျောင်ကုလှမ်းခေါ်သူကိုလက်ပြကာ ဦးလေးမင်ကိုကြည့်လိုက်သည်။
"ဦးလေးမင် ကျွန်တော်နောက်မှလိုက်လာခဲ့မယ်......ပြန်ရောက်တဲ့အထိမ်းအမှတ်နဲ့သူငယ်ချင်းတွေနဲ့သောက်မလားလို့"
"အရင်ဆုံးနားပြီးမှ"
"ဘာမှစိတ်မပူပါနဲ့ ဦးလေးမင်ကျွန်တော်အရွယ်ရောက်နေပါပြီ"
YOU ARE READING
အချစ်စစ်ဟူသည်
Romanceခပ်ရိုင်းရိုင်းပြောရရင် ငါ့ရဲ့သာယာမှုအတွက်မင်းကိုအကြွေးနဲ့သိမ်းထားတာ