အချစ်စစ်ဟူသည်အပိုင်း(၃)
"နှစ်ဆပေးမယ်ဆိုတာသေချာလား"
"မင်းအပေါ်မူတည်တာပေါ့....အဟက်"
ဂျောင်ကုပြောပြီးဆိုဖာပေါ်တွင်ခြေချိတ်ထိုင်လိုက်ပြီးဆိုဖာကိုကျောမှီကာလက်နှစ်ဖက်ကိုလည်းဆန့်ကာဆိုဖာပေါ်တင်လိုက်သည်။
ဆော့ဂျင်လည်းဂျောင်ကုကိုကြည့်ကာနည်းနည်းတော့လန့်နေမိသည်။ဆော့ဂျင်လက်သီးလေးကိုကျစ်နေအောင်ဆုပ်လိုက်ပြီးဂျောင်ကုရှေ့မတ်တပ်ရပ်ကာခေါင်းငြိမ့်ပြလိုက်သည်။
"လက်ခံတယ်"
ဂျောင်ကုဘောင်းဘီအိတ်ထဲကပိုက်ဆံအိတ်လေးကိုဆွဲထုတ်လိုက်ပြီးဆယ်ကဒ်ထက်မနည်းသော Blank Cards လေးတွေကိုစားပွဲပေါ်ပစ်တင်ပေးလိုက်သည်။ပြီးတော့မေးဆတ်ပြလိုက်ကာ......
"မင်းသာငါစိတ်ပါအောင်လုပ်နိုင်ရင်.......ဒါမှမဟုတ်ငါ့ကိုသာယာအောင်လုပ်ပေးနိုင်ရင်ကြိုက်သလောက်ယူသွား"
"..........."
"အခုလောလောဆယ် ငါ့ပေါင်ပေါ်လာထိုင်ပြီးငါ့ကိုအရက်လာငှဲ့ပေးရင်ကောင်းမယ်"
ဆော့ဂျင်လည်းတုံ့ဆိုင်းခြင်းမရှိခြင်းဘဲဂျောင်ကုပေါင်ပေါ်သို့တက်ထိုင်လိုက်သည်။ပြီးတော့စားပွဲပေါ်ကဝီစကီကိုဖန်ခွက်ထဲလောင်းထည့်ကာ ဂျောင်ကုကိုကမ်းပေးလိုက်သည်။
ဂျောင်ကုလည်းဆော့ဂျင်ကမ်းပေးတဲ့အရက်ခွက်ကိုယူလိုက်ပြီးသူ့ပေါင်ပေါ်မှာထိုင်နေတဲ့ဆော့ဂျင်ရဲ့ခါးလေးကိုဖက်လိုက်သည်။
"ဒါကိုသောက်လိုက်"
"ဘာလို့လဲ"
သူငှဲ့ပေးတဲ့အရက်ခွက်ကိုမေးဆတ်ပြကာသောက်ခိုင်းလာတာကြောင့်ဆော့ဂျင်ဒေါသထွက်မိသွားသည်။ဘာကိုအချိန်ဆွဲနေတာလဲ....မြန်မြန်ပြီးမြန်မြန်အေးရောကို.........
"ငါ့ကိုမူးအောင်တိုက်ပြီး ငါ့ပိုက်ဆံတွေလိမ်ယူသွားရင်ဘယ်လိုလုပ်မလဲ"
"ဘာ"
ဆော့ဂျင်အံသြရပါသည်။ဘာလို့များလူကိုအဲ့လိုထင်ရတာလဲ.......ဆော့ဂျင်စကားအများကြီးလည်းမပြောချင်.....ဒီနေရာကနေလည်းကိစ္စမြန်မြန်ပြီးပြီးပိုက်ဆံယူပြီးထွက်သွားဖို့ဘဲသိသည်။
YOU ARE READING
အချစ်စစ်ဟူသည်
Romanceခပ်ရိုင်းရိုင်းပြောရရင် ငါ့ရဲ့သာယာမှုအတွက်မင်းကိုအကြွေးနဲ့သိမ်းထားတာ